အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကနေ အလုပ်အကိုင်PJ နိုင်ငံကူးလက်မှတ် ပြောင်းလဲလျှောက်ထားတာကို ပြုလုပ်ပေးသွားမယ်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ထုတ်ပြန်ထားပါတယ်။
#Local_News
Published 28 October 2024
#နိုင်ငံကူးလက်မှတ် #PVမှPJ
#YMG/NN #Yangon_Times
ဂျပန်နိုင်ငံမှာ မြင်းထိန်းသိမ်းတာနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေလုပ်ကိုင်နိုင်မယ့် အဆင့်မြင့် မြင်းထိန်းသိမ်းစောင့်ရှောက်မှုသင်တန်းကို ရန်ကုန်မြို့မှာ ဖွင့်လှစ်သွားမယ်လိုသိရပါတယ်။
#Local_News
Published 28 October 2024
#မြင်းထိန်းသိမ်းစောင့်ရှောက်မှုသင်တန်း #ရန်ကုန်မြို့မှာဖွင့်
#YMG/NN #Yangon_Times
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာလာမယ့် နိုဝင်ဘာလအတွင်း DEMU တွဲဆိုင်းအသစ်တွေနဲ့ ပြေးဆွဲနိုင်ဖို့ ဘူတာ ၃၂ဘူတာမှ ပလက်ဖောင်းတွေကို ပြင်ဆင်နေတယ်လို့ မြန်မာ့မီးရထားမှ သိရပါတယ်။
#Local_News
Published 28 October 2024
#ဘူတာပလက်ဖောင်းပြင် #မြန်မာ့မီးရထား
#YMG/NN #Yangon_Times
လာမယ့်ဆောင်းရာသီမှာ မြန်မာနိုင်ငံမှာ စိုစွတ်အေးမြတဲ့ရာသီဥတု လာနီညာဖြစ်နိုင်ခြေရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 28 October 2024
#ဆောင်းရာသီ #လာနီညာဖြစ်နိုင်ခြေရှိ
#YMG/tthl #Yangon_Times
တရုတ်-အိန္ဒိယနှစ်နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားအတွက် လမ်းကြောင်းမှန်အတိုင်းဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ရှီနှင့်မိုဒီခေါင်းဆောင်နှစ်ဦးဆွေးနွေး
တရုတ်နဲ့ အိန္ဒိယတို့ဟာ နှစ်ဖက်နိုင်ငံနဲ့ တိုင်းသူပြည်သားများရဲ့ အခြေခံအကျိုးစီးပွားအတွက် နှစ်နိုင်ငံဆက်ဆံရေး လမ်းကြောင်းမှန်နဲ့ သမိုင်းကြောင်းလားရာအတိုင်း ဆက်လက်လျှောက်လှမ်းသင့်တယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖင်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။
#World_Politics
Published 26 October 2024
#တရုတ်-အိန္ဒိယ #ရှီနှင့်မိုဒီခေါင်းဆောင်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 26 October 2024
၁။ ရန်ကုန်၊ အရှေ့ဒဂုံရှိ ရေနစ်မြုပ်ခဲ့သည့်နေရာအချို့သို့ ထမင်းထုတ်များဆက်ဝေပေးနေရဆဲဖြစ်ဟုဆို
၂။ ရွှေဈေးနှုန်းတည်ငြိမ်စေရန် ရွှေရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီဖွဲ့စည်း
၃။ နိုင်ငံတကာယာဉ်မတော်တမဆမှု ကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာမီးသတ်မှ Best Team Leader ဆုရရှိ
၄။ တရုတ်-အိန္ဒိယနှစ်နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားအတွက် လမ်းကြောင်းမှန်အတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ရှီနှင့်မိုဒီ ခေါင်းဆောင်နှစ်ဦးဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
YBSယာဉ်မောင်းတွေဟာ ပုတ်ပြတ် (ခေါက်ကြေး)ယူ၍ လုယက်မောင်းနှင်ကြပြီး အခေါက်ရေ များလိုစိတ်နဲ့ စည်းကမ်းမဲ့ လုယက်မောင်းနှင်နေကြတာ၊ ကျော်တက်မောင်းနှင်မရပါက ဒေါသရန်လိုစိတ်တွေနဲ့ ခရီးသည်တွေ အပါအဝင် ယာဉ်မောင်းအချင်းချင်း မချေမငံဆက်ဆံတာ၊ ခိုက်ရန်ဖြစ်ပွားတာ၊ မီးနီဖြတ်မောင်းတာ၊လမ်းပြောင်းပြန်မောင်းနှင်တာတို့ ပြုလုပ်တတ်ကြတယ်လို့ (YRTC) ဒုဥက္ကဌက ဆိုပါတယ်။
#Local_News
Published 26 October 2024
#YBS #(YRTC)
#YMG/NN #Yangon_Times
Page 309 of 1225