၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံကျောင်းတွေ ကျောင်းအပ်နှံတာကိုယမန်နေ့က စတင်နေပြီဖြစ်ရာ ယင်းနေ့မှာပင်ကျောင်းအပ်နှံသူ ဦးရေ ၁၂ သိန်းကျော်အထိများပြားခဲ့တယ်လို့ ပညာရေးဝန်ကြီးဌာန ကသိရပါတယ်။
#Local_News
Published 23 May 2025
#ပညာရေးဝန်ကြီးဌာန #ကျောင်းအပ်နှံရေးပထမနေ့
#YMG/NN #Yangon_Times
ပြီးခဲ့တဲ့ အပတ်ကတွေက ဆက်တိုက်ကျဆင်းနေတဲ့ ရန်ကုန်အထိုင်စက်သုံးဆီဈေးနှုန်းတွေဟာ အခုတစ်ပတ်မှာတော့ တစ်လီတာကို ၁၂၀က နေ ၁၆၀ကျပ်အတွင်း ပြန်လည်မြင့်တက်လာတယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက သိရပါတယ်။
#Local_News
Published 23 May 2025
#စက်သုံးဆီစျေးပြန်တက် #သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း
#YMG/NN #Yangon_Times
ကုန်အမှတ်တံဆိပ်တွေ မြှင့်တင်ဖို့နဲ့ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေဖော်ထုတ်ဖို့အတွက် အရေးပါတဲ့ စင်္ကြံတစ်ခုဖြစ်လာမယ့် ကွမ်တုံနှင့်မကာအိုဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲမှာမြန်မာနိုင်ငံမှ ထုတ်ကုန်တွေ ပါဝင်ပြသဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။
#Local_News
Published 23 May 2025
#ကွမ်တုံ-မကာအို #စီးပွားရေးအခွင့်အလမ်း
#YMG/SW #Yangon_Times
မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)နဲ့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)တို့ ညီနောင်အသင်းများအဖြစ် နားလည်မှုစာချွန်လွှာရေးထိုးပွဲအခမ်းအနားကို ယမန်နေ့က MCEF အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပါတယ်။
#Local_News
Published 23 May 2025
#MCEF #မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)
#YMG/SW #Yangon_Times
တနင်္လာနေ့အထိ ဂျပန်မှာဆန်ဈေးနှုန်းက ရက်သတ္တပတ် ၁၀ ပတ်ကျော်ကြာအောင် မြင့်တက်နေပြီး ယမန်နှစ်ထိုကာလထက် နှစ်ဆနီးပါးမြင့်တက်နေကာ လူအများက ထမင်းလျှော့စားခြင်းနဲ့ အခြားနည်းလမ်းရှာခြင်းတို့ ပြုလုပ်လာရပါတယ်။
#Asia_Business
Published 22 May 2025
#ဆန်ဈေးနှုန်းနှစ်ဆနီးပါးမြင့်တက် #ဂျပန်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 May 2025
၁။ ကမ္ဘာ့ရွှေဈေးကြောင့် မြန်မာ့ရွှေဈေးတက်နေပြီး တစ်နေ့ငါးပိဿာခန့်ပြန်လည်ရောင်းချမှုရှိနေ
၂။ မြန်မာ့ပေါ်ဆန်းကို ခေတ်မီထုတ်ပိုးမှုပုံစံများဖြင့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေ
၃။ တိုက်ကြီးစံပြမွေးမြူရေးဇုန်အဖြစ် ဆောင်ရွက်နေ
၄။ ဂျပန်၌ယမန်နှစ်ကထက် ဆန်ဈေးနှုန်းနှစ်ဆနီးပါးမြင့်တက်လာနေ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ကမ္ဘာ့ရွှေဈေးဆက်တိုက် မြင့်တက်နေတာကြောင့် မြန်မာ့ရွှေဈေးလည်း လိုက်ပါမြင့်တက်နေပြီး ရွှေဈေးကွက်အတွင်းမှာ တစ်နေ့ကို ရွှေပိဿာချိန်ငါးပိဿာခန့်ပြန်လည်ရောင်းချမှုရှိနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌဦးမျိုးမြင့်က ပြောပါတယ်။
#Local_News
Published 22 May 2025
#ကမ္ဘာ့ရွှေဈေး #ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း
#YMG/SW #Yangon_Times
Page 160 of 1227