လကုန်ရက်က အကျဖက်ဦးတည်ခဲ့တဲ့ မြန်မာ့ရွှေဈေးဟာ သုံးရက်အတွင်း တစ်ကျပ်သားကို ကျပ်တစ်သိန်းနှစ်သောင်းပြန်လည်မြင့်တက်လာခဲ့တယ်လို့ ရွှေဈေးကွက်မှ တဆင့်သိရပါတယ်။
#Local_News
Published 3 June 2025
#မြန်မာ့ရွှေဈေးတက် #ရွှေဈေးကွက်
#YMG/SW #Yangon_Times
ပြင်ဦးလွင်ကော်ဖီစီမံကိန်းမြေများ ရောင်းခွန်ပေးဆောင်ဖို့ ကျန်ရှိသူတွေအနေနဲ့အခု ဇွန်လ၁၃ရက် နောက်ဆုံးထားပေးဆောင်ရမယ်လို့ စိုက်ပျိုးရေးဦးစီးဌာနကအသိပေးထားပါတယ်။
#Local_News
Published 3 June 2025
#ပြင်ဦးလွင်ကော်ဖီစီမံကိန်း #ရောင်းခွန်များပေးဆောင်ရ
#YMG/NN #Yangon_Times
ဂါဇာမှ ပါလက်စ်တိုင်းလူမျိုးတွေဟာ အစ္စရေးလ်တို့ရဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်ခံစားနေရပြီး ငွေကြေးဖောင်းပွမှုတွေ ငတ်မွတ်ခေါင်းပါးမှုတွေ ရောဂါဘယတွေလည်း ခံစားဖြစ်ပွားနေကြပါတယ်။
#World_Crisis
Published 2 June 2025
#ဂါဇာစစ်ပွဲရက်(၆၀၀)ပြည့်ပြီး #စစ်ဘေးဒဏ်ပါလက်စ်တိုင်းများခံစားနေရ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 2 June 2025
၁။ ဘူဆန်နိုင်ငံတကာ ပင်လယ်စာနှင့် ငါးလုပ်ငန်းထွက်ကုန်များပြပွဲအတွက် ပြခန်းအခမဲ့ရရှိမည်
၂။ သီလဝါနှင့်အိမ်ရာလေးခုမှ အခန်းပေါင်း၂၅၀ခန့်အား အိမ်ရာချေးငွေဖြင့် ရောင်းချမည်
၃။ မြစ်ကြီးနားမြို့မှ ရေဘေးသင့်သူများအားကယ်ဆယ်ရွှေ့ပြောင်း၊ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက်ဆက်ကျော်နိုင်ဟု သတိပေး
၄။ ဂါဇာစစ်ပွဲရက်(၆၀၀)ပြည့်ပြီးချိန်၌ စစ်ဘေးဒဏ်ပါလက်စ်တိုင်းများခံစားနေရသည့် ဒုက္ခဘေးများအကြောင်းဖွင့်ဟ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဈေးကွက်အတွင်းမှာ ရောင်းချနေတဲ့ စားအုန်းဆီတွေကို ဈေးနှုန်းတင် ရောင်းချ ခြင်းမရှိစေဖို့အတွက် ကွင်းဆင်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 2 June 2025
#စားအုန်းဆီ #ဈေးနှုန်းတင်ရောင်းချခြင်းမရှိ
#YMG/SW #Yangon_Times
မြစ်ကြီးနားမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့လို့ ရေဘေးသင့်သူတွေကို ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသလို ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ထက်ထပ်မံမြင့်တက်နိုင်တာကြောင့် မြစ်ကမ်းနားအနီးနဲ့မြေနိမ့်ဒေသတွေမှာနေထိုင်သူတွေကို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီကနေ့မနက်ပိုင်းမှာ သတိပေးထားပါတယ်။
#Local_News
Published 2 June 2025
#ရေဘေးသင့်သူများအားကယ်ဆယ်ရွှေ့ပြောင်း #မြစ်ကြီးနားမြို့
#YMG/NN #Yangon_Times
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဆောက်လုပ်တဲ့ သီလဝါအပါအဝင် အိမ်ရာလေးခုက အခန်းပေါင်း၂၅၀ခန့် ကို အတိုးနှုန်းသက်သာတဲ့ အိမ်ရာချေးငွေနဲ့ အခုလအတွင်းရောင်းချပေးသွားမယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
#Local_News
Published 2 June 2025
#သီလဝါနှင့်အိမ်ရာလေးခု #မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန
#YMG/NN #Yangon_Times
Page 152 of 1226