#LocalNews
Published_2 April 2022
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ အမျိုးသမီး ၃ ဦးကို မတ်လ ၃၁ ရက်နေ့မှာ အကြမ်းဖက်မှုပုဒ်မနဲ့ ထောင် ၁၀ နှစ်စီ ချလိုက်တာနဲ့ ပတ်သက်ပြီးတော့ အယူခံဝင်မယ် မဝင်ဘူးဆိုတာကို သူတို့ မိသားစုတွေနဲ့ မဆွေးနွေးရသေးဘူးလို့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက ပြောပါတယ်။
#Yangon_Media_Group
#HealthMatter
Published - 2 April 2022
၁။ ကိုဗစ်ကပ်ဘေးနှင့်အတူတွဲပါလာတဲ့ သတင်းအချက်အလက်ကပ်ဘေးအကြောင်း
၂။ သတင်းအချက်အလက် ကပ်ဘေးဟာ ဘယ်လောက်ကြောက်စရာကောင်းသလဲ??
၃။ ကိုဗစ်ကပ်ဘေးအတွက်တော့ ကာကွယ်ဆေးတွေရှိလာပြီ။ သတင်းအချက်အလက်ကပ်ဘေးအတွက်ရော ကာကွယ်ဆေး ဖော်စပ်နိုင်ပြီလား ?? ဆိုတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဆရာကြီးဒေါက်တာခင်မောင်လွင်က ယခုလို ဆွေးနွေးပြောဆိုခဲ့ပါတယ်။
#Yangon_Media_Group
Published 2 April 2022
အိုမီခရွန်ကနေထပ်ခွဲလာတဲ့ ဗိုင်းရပ်မျိုးကွဲအခွဲအသစ်တစ်ခု "XE" (အိတ်စ်အီး) ကို ရှာတွေ့ခဲ့ပြီး အဲဒါဟာ လက်ရှိကူးစက်မှုအမြန်ဆုံးဖြစ်နေတဲ့ အိုမီခရွန်အခွဲ BA.2 ထက် ကူးစက်မှု ၁၀ရာခိုင်နှုန်း မြန်ဆန်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။
"XE" (အိတ်စ်အီး)ဟာ အိုမီခရွန်၊, BA.1နှင့် BA.2 တို့ပေါင်းစပ်မိပြီး ထပ်မံပေါ်ပေါက်လာတဲ့ မျိုးကွဲအခွဲတစ်ခုဖြစ်ပြီး သိသာစွာကွဲပြားတဲ့ ရောဂါဆိုးရွားမှုအပါအဝင် ရောဂါအသွင်အပြင်တွေမပြမချင်း အိုမီခရွန်ရဲ့ အခွဲဖြစ်နေဦးမှာပါလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မတ်၂၉ရက်က ထုတ်ပြန်တဲ့ ကပ်ရောဂါဆိုင်ရာ နောက်ဆုံးအစီရင်ခံစာမှာဖော်ပြထားပါတယ်။
Source CMG
#LocalNews
Published_2 April 2022
လုံးခင်း၊ဖားကန့်၊မော်လု၊မော်ဟန်၊မိုးညှင်းရတနာနယ်မြေတွေမှာ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းကစလို့ မိုးတွင်းမှာအန္တရာယ်မဖြစ်ရအောင်ဆိုပြီးတော့ ယာယီရပ်နားခဲ့တာကနေ အခုဆိုရင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက အမြဲတမ်းသဘောမျိုး ပိတ်သိမ်းလိုက်ပါပြီ။
#Yangon_Media_Group
#LocalNews
Published - 2 April 2022
ရန်ကုန်ကားဝိုင်းစျေးကွက်တွင် ကျပ်သိန်း ၂၀၀ ပတ်လည်ချာကားများ အဝယ်လိုက်နေပြီး ကား စျေးနှုန်းတန်းတွေကလည်း အမြင့်ပိုင်းမှာရှိနေတယ်လို့ ကားဝယ်ရောင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published -2 April 2022
၁။ သိန်း ၂၀၀ ပတ်ချာလည်ကားများ အဝယ်လိုက်နေပြီး ကားဈေးနှုန်းတွေမြင့်တက်နေ
၂။ ကျောက်စိမ်းရိုင်းတူးဖော်ထုတ်လုပ်ခွင့်ကို အမြဲတမ်းသဘောမျိုးပိတ်သိမ်း
၃။ မိုးလေဝသ သတင်း
၄။ ဆေးခြောက်ပြတိုက် ခရိုအေးရှားတွင်ဖွင့်လှစ်ပြသ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 2 April 2022
ငါးလအတွင်း စင်ကာပူနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုများ အများဆုံးဝင်ရောက်လာခဲ့ပြီး အီးယူ အပါအဝင် အနောက်နိုင်ငံများမှလည်း ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ ISP Myanmar ၏ သု တေသနစစ်တမ်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။
နစက အစိုးရက မီနီဘတ်ဂျက်အဖြစ် သတ်မှတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ ငါးလအတွင်း စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၃၀ ကျော် ဝင်ရောက်ခဲ့တဲ့အနက် အာဆီယံနိုင်ငံတွေက အမေရိကန်ဒေါ်လာ ၂၈၅ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီအထဲမှာမှ စင်ကာပူနိုင်ငံက အမေရိကန်ဒေါ်လာ ၂၇၇ သန်းကျော်ဖြင့် အများဆုံးဝင်ရောက်ခဲ့တဲ့နိုင်ငံဖြစ်သလို တရုတ်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ ၁၁၈ သန်းကျော်ဖြင့် ဒုတိယအများဆုံးဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ISP Myanmar က ဖော်ပြပါတယ်။
ဒါ့အပြင် ထိုင်း၊ မလေးရှား တို့လို အခြားအာဆီယံနိုင်ငံတွေဆီကလည်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ခုနှစ်သန်းနဲ့ အမေရိကန်သုံးသိန်းကျော် အသီးသီးဝင်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထို့အပြင် ဂျပန်နိုင်ငံကလည်း အမေရိကန်ဒေါ်လာ တသန်းကျော် ဝင်ရောက်ခဲ့ပြီး ထူးခြားတာကတော့ ငါးလအတွင်းမှာ ဥရောပသမဂ္ဂအဖွဲ့ဝင် နယ်သာလန်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသန်း၊ ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ လေးသိန်းကျော် စသဖြင့် ယခု နစက အစိုးရလက်ထက်မှာ အီးယူနိုင်ငံတွေကနေ ရင်းနှီးမြှုပ်နှံမှုတွေ ပထမဆုံး ပြန်လည်ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။
ဝင်လာတဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ကဏ္ဍအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုပါက ဝန်ဆောင်မှုကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၀၆ သန်းကျော်နဲ့ အများဆုံးဝင်ရောက်ထားတာကို တွေ့ရပါတယ်။
ဒါကြောင့် ဝန်ဆောင်မှုကဏ္ဍမှာ ၄၀ ရာခိုင်နှုန်းနီးပါးအထိရှိနေသလို ကုန်ထုတ်လုပ်ရေး ကဏ္ဍမှာ ဒုတိယအများဆုံး ဝင်ရောက်ထားတာဖြစ်ပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၁၃၉ သန်းခန့် ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။
သတ္တုတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ အိမ်ခြံမြေ၊ စက်မှုဇုန်များ စတဲ့ ကဏ္ဍတွေမှာတော့ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခြင်း လုံးဝမရှိခဲ့တာတွေ့ရတယ်လို့လည်း ISP Myanmar ၏ သုတေသနစစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဓါတ်ပုံ - ISP Myanmar
ymg/kg
#Yangon_Media_Group
Page 1201 of 1261