#Local_News
Published - 8 September 2022
နိုင်ငံခြားငွေနဲ့ ရရှိတဲ့ မြန်မာသင်္ဘောသား လစာငွေတွေကို တတ်နိုင်သမျှ အမြင့်ဆုံးနှုန်းထားနဲ့ ဝယ်ယူပေးဖို့ ဗဟိုဘဏ်က ညွှန်ကြားထားတယ်လို ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် (MSF) က ထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
အိန္ဒိယနှင့် ဂျပန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကာကွယ်ရေးဝန်ကြီးများရဲ့ ၂+၂ ဆွေးနွေးပွဲကို စက်တင်ဘာ ၈ရက် က ဂျပန်နိုင်ငံတိုကျိုမြို့တော်မှာ ကျင်းပခဲ့ပါတယ်။ ဒေသတွင်းမှာ သံတမန်ရေးရာ တင်းမာမှုတွေရှိနေတဲ့ကြားထဲမှာ ကျင်းပခဲ့တဲ့ အဲဒီနှစ်နိုင်ငံ ဝန်ကြီးနှစ်ဦးစီရဲ့ အစည်းအဝေးဟာ နှစ်နိုင်ငံအကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီအပြင် အငြင်းပွားမှုတွေဖြေရှင်းရာမှာ အင်အားသုံးတာ ဒါမှမဟုတ် တစ်နိုင်ငံချင်းစီရဲ့တည်ရှိမြဲ အနေအထားကို ပြောင်းလဲအောင်ကြိုးစားအားထုတ်တာတွေမလုပ်ဘဲ နိုင်ငံတကာ ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့လိုအပ်နေတာကိုလည်း အစည်းအဝေးမှာ အလေးပေးပြောကြားခဲ့ကြပါတယ်။
Source AFP
#Japan_India_Diplomacy
#Japan_India_2+2_meeting
#Japan_India_Defense_Ties
#World_Development
Published 8 September 2022
ကမ္ဘောဒီးယားကျေးလက်ကျောင်းတစ်ခုထဲက သီးနှံဥယျာဉ်ထဲမှာ ကလေးတွေက အသီးအရွက်များကို ချိန်တွယ်ပြီး သူတို့ရဲ့သင်္ချာစွမ်းရည်ကို လေ့ကျင့်နေကြပါတယ်။
#Yangon_Media_Group
#Local_News
Published _ 8 September 2022
ပုံမှန်အလှူရှင်တွေ နည်းပါးလာပြီး အတက်အကျမငြိမ်တဲ့ စက်သုံးဆီဈေးနှုန်း ဂယက်တွေကြောင့် ပရဟိလူမှုကူညီကယ်ဆယ်ရေးအသင်းတွေအနေနဲ့ အသင်းကို ဆက်သွယ်အကူညီတောင်းခံလာတဲ့အခါ အခက်အခဲတချို့နဲ့ ရင်ဆိုင်နေရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 8 September 2022
ရခိုင်ပြည်နယ်မှာ ဒေသတွင်း မတည်မငြိမ်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေး အနည်းငယ် တုံ့ဆိုင်းနေပါတယ်။
#Yangon_Media_Group
#Local_News
Published-8 Setember 2022
ကိုဗစ်-၁၉ ရောဂါကူးစက်သူနဲ့ သေဆုံးသူဦးရေတွေ တိုးလာပေမယ့် လတ်တလောမှာတော့ ကိုဗစ်နဲ့ပတ်သက်ပြီးကန့်သတ်ချက်တွေကို ထုတ်ပြန်ဖို့ မရှိသေးဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 8 September 2022
၁။ ကိုဗစ်-၁၉ ကူးစက်သူနှင့် သေဆုံးသူဦးရေတိုးလာသော်လည်း ကန့်သတ်ချက်များထုတ်ပြန်ဖို့ မရှိသေးဟုဆို
၂။ ရခိုင်ပြည်နယ်အတွင်းမငြိမ်မသက်မှုများကြောင့် ကုန်သွယ်ရေးအနည်းငယ် တုံ့ဆိုင်း
၃။ လူမှုကူညီရေးအသင်းအချို့မှ အကူညီတောင်းခံလာသူများအား တတ်အားသလောက် ပြန်လှူဒါန်းပေးရန် မေတ္တာရပ်ခံထား
၄။ ကမ္ဘောဒီးယားကျောင်းများတွင် ကလေးများကို သီးနှံစိုက်ပျိုးရေးအတတ်ပညာများ သင်ကြားပေးလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 1094 of 1304