#LocalNews
Published_11 May 2022
ပြည်တွင်းရွှေဈေးဟာ တရိပ်ရိပ်ကျဆင်းနေတယ်လို့ ပြောလို့ရပေမယ့်လည်း ဒါက ကျသင့်သလောက်မကျသေးဘူးလို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက သိရပါတယ်။
#Yangon_Media_Group
Published 11 May 2022
ကာတာနိုင်ငံက ကမ္ဘာ့ဖလား ဆုဖလားကြီးပြန်ပို့သည့်အခမ်းအနားကို မေ(၁၀)ရက်က မြို့တော်ဒိုဟာမှာှရှိတဲ့ ကာတရာ ယဉ်ကျေးမှုရွာတွင် ကျင်းပခဲ့ရာ ဘရာဇီးဘောလုံးသမားဟောင်း ကာဖူးလည်းတက်ရောက်ခဲ့ပါတယ်။
ဒီဖလားဟာ ကိုကာကိုလာရဲ့ကမ္ဘာ့ဖလားခရီးလှည့်လည်အစီအစဉ်အရ ရောက်လာခဲ့ပြီးနောက် ကာတာ ၂၀၂၂၊ ကမ္ဘာ့ဖလားဖွင့်ပွဲ မတိုင်ခင် နိုဝင်ဘာ ၂၁ရက်မှာ Al Bayt အားကစားရုံကို တစ်ဖန်ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။
Source AFP
#LocalNews
Published - 11 May 2022
အိန္ဒိယ-မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်တဲ့ တမူးဒေသတွင် ဖြစ်ပွားလျက်ရှိတဲ့ တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲအချို့ကြောင့် ကုန်စည်စီးဆင်းမှုတွေနှောင့်နှေးနေပြီး ဒေသခံများ အနေနဲ့လည်း ခရီးသွားလာရန် ခက်ခဲမှုတွေရှိနေတယ်လို့ အဆိုပါ မြို့နေဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published -11 May 2022
လာမယ့်မေလ(၁၄)ရက် ကဆုန်လပြည့်နေ့မှာ ညောင်ရေသွန်းလောင်းလှူပွဲ အခမ်းအနားသွားမှာဖြစ်ပြီး အများပြည်သူ ညောင်ရေသွန်းလောင်းလှူပူဇော်နိုင်ဖို့လည်း စီစဉ်ပေးထားတယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဌာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 11 May 2022
၁။ မေလ(၁၄)ရက် ကဆုန်လပြည့်နေ့တွင် ရွှေတိဂုံစေတီတော်၌ အများပြည်သူညောင်ရေသွန်းလောင်းလှူပူဇော်နိုင်။
၂။ တမူးဒေသထိတွေ့တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှုနှောင့်နှေးနေပြီး ခရီးသွားလာရန် ခက်ခဲနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မက္ကဆီကိုတွင် ကျားဝတ်စုံများဖြင့် ကြာပွတ်ရိုက်ပွဲကျင်းပ၍ မိုးဖိတ်ခေါ်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#ဂျပန်တပ်များကလေးဝကို သိမ်းပိုက် မေ ၁၁ ၊ ၁၉၄၂ ခုနှစ် ဂျပန်တပ်များက ဒုတိယကမ္ဘာစစ်အတွင်း ချင်းတွင်းမြစ်အနောက်ဘက်ကမ်းခြေကို ဖြတ်ကျော်ခဲ့ပြီးနောက် ၁၉၄၂ခုနှစ် မေလ ၁၁ရက်နေ့တွင် ကလေးဝကိုသိမ်းပိုက်ခဲ့ပါတယ်။ ရက်ပေါင်း ၁၂၇ ရက်အတွင်း မိုင်ပေါင်း ၁၅၀၀ ခရီးကို တိုက်ပွဲပေါင်း ၃၄ ပွဲ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ ၁၈၉၃ ဟင်နရီ ဒက်ဂရန့်ချ်ဟာ တစ်နာရီ ၂၁.၉၅ မိုင်နှုန်းဖြင့် စက်ဘီးစီးနင်းပြီး စက်ဘီးအမြန်နှုန်း ကမ္ဘာ့ပထမဆုံးစံချိန်တင် ၁၉၄၆ ညီညွတ်သော မလေးအမျိုးသားအဖွဲ့ United Malays National Organisation ဖွဲ့စည်း ၁၉၄၇ လာအိုက ပါလီမန်ဒီမိုကရေစီအတွက် အခြေခံဥပဒေကိုလက်ခံ ၁၉၄၉ ဆီရမ်ကို ထိုင်းဟု နိုင်ငံအမည်ပြန်ပြောင်း ၁၉၈၉ အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က ပနားမားသို့ အမေရိကန်တပ်သား ၂၀၀၀စေလွှတ်ရန်အမိန့်ပေး
Published 10 May 2022
ရုတ်တရက်ရေကြီးလာမှုကြောင့် ပါကစ္စတန်မြောက်ပိုင်းမှာရှိတဲ့ အဓိက တံတားတစ်စင်း ကျိုးကျပျက်စီးသွားတာကို အမိအရ မှတ်တမ်းတင်ခဲ့ပါတယ်။ အခုလိုရေလွှမ်းမိုးမှုတွေဖြစ်ရတာဟာ နိုင်ငံအတွင်းအပူချိန်မြင့်တက်လာမှုတွေကြောင့် ရေခဲကန်တွေကနေ ရေခဲတွေပျော်ကုန်တာကို သတိပေးနေပါတယ်။ စနေနေ့က အဲဒီဖြစ်ရပ်ဟာ ရေခဲမြစ်တွေအရည်ပျော်ပြီး ရေကြီးရေလျှံမှုကြောင့် ကာရာကိုရမ်အမြန်လမ်းမကြီးပေါ်က အဓိက တံတားကြီးတစ်စင်းကို အရှိန်နှင့်ရိုက်ချိုုးသွားတာ ဖြစ်ပါတယ်။
Source AFP
Page 1032 of 1122