#LocalNews
Published - 12 May 2022
ဧရာဝတီတိုင်းရှိ ရှေးဟောင်းကြပ်ပြင် ပျူဂဝံမြို့ဟောင်းအတွင်း ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ကျောက် ခေတ်ပစ္စည်းများနှင့် ပတ်သက်၍ သုတေသန စာတမ်းတစ်စောင်ကို ပြုစုနေတယ်လို့ ပျူဂဝံမြို့ ဟောင်း ဆရာတော်ဦးပညာသီရိက မိန့်ကြားပါတယ်။
#Yangon_Media_Group
#LocalNews
Published -12 May 2022
လတ်တလော ပုဂံဒေသမှာလုံခြုံရေးအရ သံတံခါးတွေတပ်ဆင်တာ၊ CCTV Network တပ်ဆင်တာတွေဆောင်ရွက်သွားဖို့ရှိတယ်လို့ ရှေးဟောင်းသုတေသနဦးစီးဌာန(ပုဂံဌာနခွဲ)၊ ညွှန်ကြားရေးမှူးဦးကျော်မျိုးဝင်းက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published_12 May 2022
တိုင်းရင်းသားတွေ ပြန်လည်ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးမှုကလွဲရင် တခြားနည်းလမ်းမရှိဘူးလို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)က ဆိုပါတယ်။
#Yangon_Media_Group
#DailyNews
Published - 12 May 2022
၁။ ရှေးဟောင်းပစ္စည်းများ ခိုးယူခံနေရသည့် ကမ္ဘာ့အမွေအနှစ်ဒေသပုဂံတွင် CCTV Network တပ်ဆင်မည်။
၂။ ပျူဂဝံမြို့ဟောင်းအတွင်း ဖော်ထုတ်တွေ့ရှိခဲ့သည့် ကျောက်ခေတ်ပစ္စည်းများနှင့် ပတ်သက်၍ သုတေသန စာတမ်းပြုစုနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ရုပ်ရှင်အမှတ်တရပစ္စည်းများ လေလံတင်ပွဲတွင် ဒီလော်ရီယန်မော်တော်ကားပါဝင် ပြသသွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#အမေရိကန်ကွန်တိန်နာသင်္ဘော SS Mayaguez သင်္ဘောကိုကမ္ဘောဒီးယားတပ်များကသိမ်းပိုက်
မေ ၁၂ ၊ ၁၉၇၅ ခုနှစ် ဗီယက်နမ်မြို့တော် ဆိုင်းဂုံကျရှုံးပြီးနောက်တစ်နေ့ ၁၉၇၅ခုနှစ် မေလ(၁၂)ရက်တွင် ခမာရုတပ်များက အမေရိကန်ကွန်တိန်နာသင်္ဘော SS Mayaguez ကို စီးနင်းသိမ်းပိုက်ကာ သင်္ဘောသားများကို ကမ္ဘောဒီးယားကမ်းခြေသို့ ချထားခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန်မရိန်းတပ်က သင်္ဘောနှင့် သင်္ဘောသားများကိုဖမ်းထားသည့် ခိုတန်ကျွန်းကို ဝင်ရောက်စီးနင်းခဲ့သည်။
မေ(၁၂)ရက် ထင်ရှားကမ္ဘာ့ဖြစ်ရပ်အချို့က..
၁၈၉၇
တက်ဆာလီစစ်ပွဲ- တူရကီတပ်က ဂရိကိုအနိုင်တိုက်
၁၉၂၅
ဥဇဘက်ကစ္စတန်နှင့်ကီဂျစ်စတန်တို့ အထူးအုပ်ချုပ်ခွင့်ရ ဆိုဗီယက်သမ္မတနိုင်ငံများဖြစ်လာ
၁၉၄၃
ဂျာမန်တပ်များက တူနီးရှား၊မြောက်အာဖရိကတွင် လက်နက်ချ
၁၉၈၄ တောင်အာဖရိကအကျဉ်းသား နယ်လ်ဆင်မင်ဒဲလား ဇနီးဖြစ်သူ ဝင်နီမင်ဒဲလားနှင့် ၂၂နှစ်ခွဲနေရပြီးပထမဆုံးတွေ့ခွင့်ရ
၁၉၉၁
ပစိဖိတ်အနောက်မြာက်ရှိ ရှားပါးအပင်တစ်ပင်၏ အခေါက်မှထုတ်ယူရသည့် ကင်ဆာဆေးဝါးသစ်ကြေညာ
#WorldTradition
Published 11 May 2022
လေမုန်တိုင်းနတ်ဘုရားကို ကျေနပ်စေပြီး မိုးခေါင်မှုကျော်လွှားနိုင်ဖို့အတွက် မက္ကဆီကိုတောင်ပိုင်းမှာ ရှေးဟောင်းရိုးရာပွဲတစ်ခု ကျင်းပခဲ့ကြပါတယ်။
#Yangon_Media_Group
Published 11 May 2022
အယ်လ်ဂျာဇီးယားရုပ်သံက ယင်းတို့ရဲ့သတင်းစာဆရာမ ရှီရင်းအာဘူအက်လက် Shireen Abu Aqleh အသတ်ခံရပြီးကာစ မြင်ကွင်းကို ရိုက်ကူးထားတဲ့ ရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
အသက် ၅၁နှစ်အရွယ်ရှိ အယ်ဂျာဇီးယားရဲ့ ဝါရင့်သတင်းစာဆရာမအာဘူအက်လက်ဟာ မေ(၁၁)ရက် ဗုဒ္ဓဟူးနေ့က အစ္စရေးစစ်ပတ်က အသိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေက ဂျင်နင်းဒုက္ခသည်စခန်းကို ဝင်ရောက်စီးနင်းတာကို သတင်းရယူစဉ်မှာ သေနတ်နှင့် အပစ်ခံရလို့ သေဆုံးခဲ့ရတာဖြစ်ပါတယ်။
သူမဟာ အပစ်ခံရတဲ့အချိန်မှာ သတင်းမီဒီယာတံဆိပ်ပါတဲ့ ကျည်ကာအင်္ကျီဝတ်ဆင်ထားတယ်လို့ အခင်းဖြစ်ပွားတဲ့နေရာရောက်ရှိနေတဲ့ အေအက်ဖ်ပီ ဓာတ်ပုံဆရာက အတည်ပြုပါတယ်။
အစ္စရေးတပ်တွေဟာ အဲဒီနေရာတစ်ဝ်ုက်ကို ပစ်ခတ်နေပြီး အာဘူအက်လက်ဟာ မြေကြီးပေါ်လဲကျသွားတာကို သူမြင်လိုက်ရတယ်လို့ ဓာတ်ပုံဆရာက သတင်းပေးပို့ပါတယ်၊ သူမကို အစ္စရေးတပ်တွေက သွေးအေးအေးနှင့် တမင်သတ်ပစ်လိုက်တာဖြစ်တယ်လို့ အယ်ဂျာဇီးယားက ပြောပါတယ်။ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘင်နက်ကတော့ ဒါဟာ ပါလက်စတိုင်းသေနတ်သမားပစ်သတ်လိုက်ပုံရတယ်လို့ ပြောပါတယ်။
Source AFP
Page 1031 of 1122