#LocalNews
Published_3 May 2022
ရခိုင်ပြည်နယ် စစ်တွေမြို့ဘောလုံးကွင်းရပ်ကွက်မှာ တည်ဆောက်နေတဲ့ ပထမဆုံး ခေတ်မီ May Yu Shopping Complex တည်ဆောက်မှု လုပ်ငန်းတွေ ၉၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ ဖြစ်လို့ လာမယ့်သီတင်းကျွတ်မှာ ဖွင့်လှစ်နိုင်တော့မယလို့ သိရပါတယ်
#Yangon_Media_Group
#Local News
Published- 3 May 2022
လတ်တလောမှာ ကိုယ်အင်္ဂါမသန်စွမ်းသူတွေ များပြားလာပြီး ခြေတု၊ လက်တု၊ ဂျိုင်းထောက်၊ ဝှီးချဲစတဲ့ မသန်စွမ်းအထောက်အကူပြု ပစ္စည်းတွေလိုအပ်လို့ လာရောက်လျှောက်ထားတဲ့ မသန်စွမ်းဦးရေ (၉၀) ကျော်ရှိနေတယ်လို့ မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်းဥက္ကဌ ဒေါက်တာကိုကိုဦးက YMG ကို ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 3 May 2022
လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပူတာအိုဒေသတွင် ကုန်ဈေးနှုန်းများ အဆမတန်
မြင့်တက်လာနေတယ်လို့ အဆိုပါ မြို့နေဒေသခံများထံမှ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published -3 May 2022
၁။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ပူတာအိုဒေသတွင် ကုန်ဈေးနှုန်းများ အဆမတန်
မြင့်တက်လာ။
၂။ မသန်စွမ်းအထောက်အကူပြုပစ္စည်းလျှောက်ထားသည့် မသန်စွမ်းဦးရေ(၉၀)ကျော်ရှိနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ရိုးရာအပျော်တမ်းဒုံးပစ်ပြိုင်ပွဲ ထိုင်းနိုင်ငံတွင်ကျင်းပ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 02 May 2022
ရုရှားနှင့်ယူကရိန်း ပဋိပက္ခနှင့် ရုရှားအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ကြောင့် မလေးရှားဟာ ငွေကြေးဖောင်းပွမှုနှင့်ရင်ဆိုင်နေရကြောင်း မလေးရှားစာရင်းအင်းဌာနရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာအရ ကြက်သား၊ကြက်ဥနှင့် ဟင်းနုနွယ်ကို အရင်က ၁၀၀ရင်းဂစ်(၂၃ဒေါ်လာ)လောက်နှင့် ဝယ်နိုင်ခဲ့ရာကနေ ယခု ၁၁၀ရင်းဂစ်ကနေ ၁၂၄ ရင်းဂစ်(၂၅မှ၂၈ ဒေါ်လာ)အထိ ပေးဝယ်နေကြရပါတယ်လို့သိရပါတယ်။ ရုရှားနှင့်ယူကရိန်း ပဋိပက္ခကြောင့် ဓာတ်မြေဩဇာဈေးနှုန်းတွေတက်တာဟာ အချို့သော လယ်ယာထွက်ကုန်တွေဈေးတက်ရတဲ့ အဓိက အကြောင်းရင်းပဲဖြစ်တယ်လို့ ပညာရှင်တွေကထောက်ပြကြပါတယ်။
ပဋိပက္ခကြောင့် နေကြာဆီတွေ ပြတ်လတ်မှုတွေရှိနေတဲ့အတွက် ကမ္ဘာ့စားအုံးဆီတင်ပို့မှုရဲ့ ၆၀ရာခိုင်နှုန်းနီးပါး တင်ပို့နေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ပြည်တွင်းစားသုံးဆီဖူလုံဖို့ ပြည်ပပို့ကုန်ကို ပိတ်လိုက်ကြောင်း ဒီတစ်ပတ်မှာကြေညာခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့်လည်း မလေးရှားမှာ စားအုံးဆီတွေ ဈေးတက်လာရပါတယ်။
နိုင်ငံရဲ့ ရိုးရာပွဲတော်တွေရောက်လာတာနှင့် တိုက်ဆိုင်သွားတာကြောင့် အစာအစာဈေးနှုန်းတွေ သိသိသာသာမြင့်တက် လာလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီနှစ်မတ်လမှာ မလေးရှားနိုင်ငံရဲ့ ဓာတ်ဆီအောက်တိန်း၉၇ ဈေးနှုန်းဟာ မနှစ်ထက်ယှဉ်ရင် ၅၀ ရာခိုင်နှုန်းမြင့်တက်လာတာဖြစ်ပါတယ်။
Source CMG
#WorldConstruction
Published 2 May 2022
ဖန်အကြည်ကြမ်းပြင်ဖြင့် တည်ဆောက်ထာားတဲ့ လူကူးတံတားတစ်ခုကို ဗီယက်နမ်မှာသောကြာနေ့က ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 2 May 2022
ကျန်းမာရေးအတွက် အသုံးဝင်ပြီး ခက်ခက်ခဲခဲရှာဖွေရသည့် ရေခဲတောင်ထွက် ရှီးပတီးများကို စျေးနှိမ်ဝယ်ယူမှုများကြောင့် ပူတာအိုဒေသခံတောင်သူများအနေနဲ့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 976 of 1058