#LocalNews
Published-30 April 2022
အခုရက်ပိုင်းအတွင်း နေကြတ်ခြင်း၊လကြတ်ခြင်းတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သဘာဝနက္ခတ်ဗေဒ ပညာသင်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီး နက္ခတ်ပညာရှင် ဒေါ်ကြည်ကြည်စိန်ကပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published -30 April 2022
၁။ အခုရက်ပိုင်းအတွင်း နေကြတ်၊လကြတ်ခြင်းများ ဖြစ်ပေါ်မည်
၂။ ကလေးမြို့တွင် ချင်းစစ်ဘေးရှောင်ပြည်သူ ၂၀၀ ခန့်ခိုလှုံနေကြရပြီး စားနပ်ရိက္ခာလိုအပ်မှုရှိ နေ
၃။ မိုးလေ၀သ သတင်း
၄။ ဘန်ကောက်မြေအောက်လက်ဝှေ့ပွဲ ဘဝအစစ်အမှန်သရုပ်ပြနေ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 29 April 2022
ရောဘတ်ဒီနဲရိုးဟာ ဧပြီ၂၈ရက် ကြာသပတေးနေ့က လာဗီးဂက်စ်မှာကျင်းပတဲ့ ရုပ်ရှင်ရုံပိုင်ရှင်များရဲ့ နှစ်ပတ်လည်ညီလာခံကို စုဝေးရောက်ရှိလာကြတဲ့ ရုံပိုင်ရှင်တွေကို ပြသတဲ့ ရုပ်ရှင်အထူးပွဲရဲ့ လိုင်းရင်းဂိတ် ကော်ဇော်နီလမ်းမှာ လျှောက်လှမ်းခဲ့ပါတယ်။ ဒီနဲရိုးဟာ "About my Father" ဇာတ်မြူးကားထဲမှာ လူရွှင်တော် ဆီဘက်ရှန် မန်နစ်ကာလ်ကို ရဲ့ တကယ့်ဘဝကို သရုပ်ဆောင်ခဲ့ပါတယ်။ ပါဝင်သရုပ်ဆောင်သူတွေတော်တော်များများဟာ အီတလီ-အမေရိကန်တွေဖြစ်လို့ ရိုက်ကွင်းမှာ လူတိုင်း တစ်ဦးနှင့်တစ်ဦးသိကြပြီး နားလည်မှုရှိကြတယ်လို့ ရောဘတ်ဒီနဲရိုးက ပြောပါတယ်။
Source AFP
#WorldWildlife
Published 29 April 2022
မျိုးသုဉ်းပျောက်ကွယ်တော့မယ့်အန္တရာယ်ရင်ဆိုင်နေရတဲ့ အမောက်ဖြူမျောက်တစ်ကောင်ကို ကိုလံဘီယာတိရိစ္ဆာန်ရုံတစ်ခုမှာ ဧပြီ ၁၂ ရက်နေ့က မွေးဖွားခဲ့ကြောင်း ကြေညာလိုက်ပါတယ်။
#Yangon_Media_Group
Published 29 April 2022
ရုရှားသမ္မတဗလာဒီမာပူတင်ဟာ G20 ထိပ်သီးအစည်းအဝေးတက်ရောက်မှာဖြစ်ပြီး ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာ ဇီလင်စကီးကိုလည်း တက်ရောက်ဖို့ဖိတ်ကြားခဲ့တယ်လို့ G20 အစည်းအဝေးရဲ့ အိမ်ရှင်နိုင်ငံ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုမိုက ဧပြီ ၂၉ရက်က ပြောပါတယ်။ ယူကရိန်းကိုကျူးကျော်မှုကြောင့် ရုရှားကို အဲဒီအစည်းအဝေးတက်ခွင့်မပေးဖို့ အနောက်နိုင်ငံတွေရဲ့ဖိအားနှင့်ပတ်သက်ပြီး ညှိနှိုင်းပြီး သဘောတူညီမှုရခဲ့တာကြောင့်ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇီလင်စကီးက အင်ဒိုနီးရှားထံမှ လက်နက်အကူအညီတောင်းခံခဲ့ပေမယ့် အင်ဒိုနီးရှားရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံခြားရေးမူဝါဒတို့အရ အခြားနိုင်ငံတွေကို လက်နက်အကူအညီပေးလို့မရတဲ့အကြောင်း သူပြန်ပြောခဲ့တယ်လို့ အင်ဒိုသမ္မတက ပြောပါတယ်။
Source AFP
#LocalNews
Published-29 April 2022
ကိုဗစ်ရောဂါဖြစ်ပွားမှုတွေကြောင့် မလုပ်နိုင်ခဲ့တဲ့ ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ပြန်လည်ထိုးနှံပေးတော့မှာဖြစ်တဲ့အတွက် မွေးစမှ(၅)ငါးနှစ်အရွယ် ကလေးတွေ ပြန်လည်ထိုးနှံဖို့လိုတယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဌ ဒေါက်တာသန်းစိန်က ပြောပါတယ်၊၊
#Yangon_Media_Group
#LocalNews
Published - 29 April 2022
ဒေါ်လာနှင့် စက်သုံးဆီဂယက်ကြောင့် ပြည်တွင်းကားစျေးနှုန်းတွေ မြင့်တက်လာခဲ့တယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
#Yangon_Media_Group
Page 979 of 1058