#WorldArt
Published 04 May 2022
အီရတ်နိုင်ငံမှ ပန်းချီဆရာမ'ဝစ်ဂျ်ဒန်အယ်လ်မာဂျက်'က ဘဂ္ဂဒက်မြို့ရှိကွန်ကရစ်နံရံတွေမှာ နံရံဆေးရေးပန်းချီများရေးဆွဲပြီး မြို့တော်ကိုအလှဆင်ပေးနေပါတယ်။
#Yangon_Media_Group
Published 4 May 2022
ဥရောပအကြီးအကဲ အာဆူလာဘွန်ဒါလီယင်က ရုရှားရဲ့ရေနံတွေကို ဥရောပက ဖြည်းဖြည်းချင်းရပ်ဆိုင်းသွားမယ့် အစီအစဉ်တွေကိုကြေညာသွားပါတယ်။ ဥရောပသမဂ္ဂက ယူကရိန်းကျူးကျော်မှုနှင့်ပတ်သက်ပြီး ရုရှားကို အပြစ်ပေးဖို့ နည်းလမ်းတွေရှာနေတဲ့အလျောက် ရုရှားကို ဖိအားအမြင့်ဆုံးပေးလို့ရသလောက်ပေးသွားမယ်လို့ဆိုလိုက်ပါတယ်။ အဲဒီအပြင် ရုရှားရဲ့ အကြီးဆုံး နိုင်ငံပိုင်ရုပ်သံလိုင်း(၃)ခုကိုလည်း ပိတ်ပင်ဖို့ စီစဉ်ထားတယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
Source AFP
#LocalNews
Published_4 May 2022
ဗဟိုဘဏ်က ရောင်းပေးနေတဲ့ ဒင်္ဂါးပြားတွေကို ကျယ်ကျယ်ပြန့်ပြန့်ရောင်းပေးဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်တွေရဲ့ အသင်းနေနဲ့ တင်ပြသွားဖို့ရှိတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#LocalNews
Published - 4 May 2022
မြန်မာ့ပြောင်းဈေးက လက်ရှိအခြေအနေထက် လာမယ့်လတွေမှာ ဆက်ပြီးတော့ ဈေးအတက်ဖက်ကို ဦးတည်နေတယ်လို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းရှင်များအသင်းက သုံးသပ်ပြပါတယ်။
#Yangon_Media_Group
#Local News
Published-4 May 2022
လတ်တလောမှာ မျက်မမြင်ကျောင်းသား၊ ကျောင်းသူတွေအတွက် စားစရိတ်နှင့် သင်ထောက်ကူပြုပစ္စည်း အနေနဲ့ ပြည်ပကဝယ်ယူရတဲ့ မျက်မမြင်စာရေးလို့ရမည့်စက္ကူများ လိုအပ်နေတယ်လို့ မိထ္တီလာရှေ့ဆောင် မျက်မမြင်ကျောင်းမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published -4 May 2022
၁။ ပြည်ပအလှူရှင်များနှင့် NGO များ လှူဒါန်းမှုမရှိ၍ ပြည်ပကဝယ်ယူရသည့် မျက်မမြင်စာရေးလို့ရမည့် စက္ကူများလိုအပ်နေ။
၂။ မြန်မာ့ပြောင်းဈေး အတက်ဖက်ကို ဆက်လက်ဦးတည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဘဂ္ဂဒက်မြို့နံရံများတွင် အီရတ်ပန်းချီဆရာမ နံရံဆေးရေးပန်းချီများဖြင့် အလှဆင်ရေးခြယ်။ ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldFestival
Published 03 May 2022
ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကားရာ ထိုင်းနိုင်ငံမှာ တိုင်းရင်းသားမွန်လူမျိုးစုတွေက ပျံလွန်တော်မူခဲ့ကြတဲ့ ဘုန်းတော်ရဟန်းတွေကို ပူဇော်ပသတဲ့အနေနဲ့ အဝေးကနေဒုံးပစ်လွှတ်ကာ မီးသဂြိုဟ်ကြတဲ့ အစဉ်အလာရှိခဲ့ပါတယ်။
#Yangon_Media_Group
Page 975 of 1059