#Point of View
"ကလေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ရင် အားလုံးကဝိုင်းပြီးတော့ အလေးအနက်ထားသင့်တယ်၊မျိုးဆက်နဲ့ချီပြီး ထိခိုက်နစ်နာမယ့် ကိစ္စမျိုးကိုတော့ သတိထားသင့်တယ်။ ကျောင်းအပ်ရာသီမှာ ကလေးတွေရဲ့ပညာရေးကိုနိုင်ငံရဲ့အနာဂတ်အဖြစ်နဲ့ လေးလေးနက်နက်တန်ဖိုးထားပြီးတော့ ဝိုင်းဝန်းစောင့်ရှောက်အားပေးကြစေချင်တယ်"
#Yangon_Media_Group
#LocalNews
Published -31 May 2022
ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးရဲ့ ကုန်စည်စီးဆင်းမှုမှာ စက်သုံးဆီဈေးနှုန်း ကြီးမြင့်နေခြင်းစ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ ငွေကြေးအခြေအနေတို့ကြောင့် လက်ရှိမှာ ခက်ခဲနေပါတယ်။
#Yangon_Media_Group
#LocalNews
Published -31 May 2022
ဇွန်လထဲမှာ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်၊ မုန်တိုင်းငယ်တစ်ကြိမ်ဖြစ်ပေါ်မယ်လို့ ခန့်မှန်းထားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 31 May 2022
၁။ ဇွန်လထဲတွင် မုန်တိုင်းငယ်တစ်ကြိမ်၊ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်မည်ဟုဆို
၂။ ရခိုင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေး သယ်ယူပို့ဆောင်ရေးစရိတ်ကြီးမြင့်မှုကြောင့် ကုန်စည်စီးဆင်းမှုခက်ခဲနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အမျိုးသမီးများအတွက် ဦးဆောင်လမ်းပြဖို့ကြိုးပမ်းနေသည့် Grab ပူးတွဲတည်ထောင်သူအမျိုးသမီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldRecord
Published 30 May 2022
စာရေးဆရာ'ဘရမ်စတုတ်ကာ'က ဝှစ်ဘီ ယော့ခ်ရှိင်းယားပင်လယ်ကမ်းစပ်မြို့ကို သွားရောက်လည်ပတ်စဉ်က သွေးဆာနေတဲ့မသေမျိုးသတ္တဝါအကြောင်းပဲ စိတ်ထဲရှိနေခဲ့ပါတယ်။
#Yangon_Media_Group
Published 31 May 2022
တရုတ်နိုင်ငံဟာ ဆိုလာစွမ်းအင်နှင့်ဒီရေစွမ်းအင်နှစ်ခု ပေါင်းစပ်သုံးတဲ့ ပထမဆုံး ဓာတ်အားပေးစက်ရုံကို မေလ၃၀ တနင်္လာနေ့က တရားဝင်ဖွင့်လှစ်ပြီး စတင်လည်ပတ်လိုက်ပါတယ်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်ပြည်နယ်က ဝိန်းလင်းမြို့မှာ တည်ရှိတဲ့ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံရဲ့အကြီးဆုံး ဒီရေစွမ်းအင်သုံးစက်ရုံရှိတဲ့ လုပ်ငန်းခွင်ထဲမှာပဲတည်ရှိပါတယ်။ ၁၃၃ ဟက်တာကျယ်ဝန်းပြီး ဒီရေစွမ်းအင်ထုတ်လုပ်မှုကို ဖြည့်ပေးလို့ရအောင် ဆိုလာပြားတွေကို ဒီဇိုင်းလုပ်ထားပါတယ်။
ဒီစက်ရုံက လျှပ်စစ်ဓာတ်အညး ၁၀၀ မီဂါဝပ်ထုတ်လုပ်နိုင်ပါတယ်။ ဆိုလာစွမ်းအင်ဟာ ညအချိန်နှင့် မိုးရွာတဲ့အချိန်တွေ မရလို့ အချိန်ပြည့်မရနိုင်တဲ့အတွက် ညဖက် လဆွဲအားနှင့်တက်လာတဲ့ ဒီရေစွမ်းအင်ကြောင့် တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အား ကို ထုတ်လုပ်နိုင်မှာဖြစ်ပါတယ်။
“ ရေနှင့်နေကို အသုံးကပြုပြီး ဒီရေနှင့် ဆိုလာစွမ်းအင်ကိုပေါင်းစပ်ခြင်းဖြင့် စွမ်းအင်သစ်ကို ကျယ်ပြန့်စွာအသုံးပြုနိုင်တဲ့ ပုံစံသစ်ကို ဖန်တီးခဲ့ကြပါတယ်။ ဒါဟာ ရသမျှအရင်းအမြစ်ကိုအသုံးချရုံမျှမကဘဲ တီထွင်ဆန်းသစ်မှုကို ထိရောက်စွာ မြှင့်တင်ပေးနိုင်ပြီး စွမ်းအင်အခြေခံတည်ဆောက်မှု ပြုပြင်ပြောင်းလဲခြင်းနှင့် စွမ်းအင်လုပ်ငန်းအဆင့်မြှင့်ပေးတဲ့ ဖွံ့ဖြိုးတိုးတက်မှုအရည်အသွေးကိုပါတိုးမြှင့်စေပါတယ်” လို့ တရုတ်စွမ်းအင်အုပ်စုရဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဖန်ရှုချင်းက ပြောပါတယ်။
တစ်နှစ်ပတ်လုံးမှာ ဒီစက်ရုံက ကီလိုဝပ်နာရီသန်းပေါင်း ၁၀၀ကျော် ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး အိမ်ထောင်စုပေါင်း သုံးသောင်းအတွက် လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။
အဲဒီအပြင် နှစ်စဉ် ကျောက်မီးသွေး တန်ချိန် ၃၁၆၅၄ တန်ကို ချွေတာပေးနိုင်မှာဖြစ်ပြီး ကာဘွန်ထုတ်လုပ်မှုကိုလည်း တစ်နှစ်တာမှာ ၈၄၄၇၉ တန်လျှော့ချပေးနိုင်မယ်လို့သိရပါတယ်။
Source CCTV+
Published 30 May 2022
အသက်၁၀၃နှစ်အရွယ် ဆွီဒင်အဘွားအိုဟာ အသက်အကြီးဆုံး နှစ်ယောက်တွဲ လေထီးခုန်သူတစ်ဦးအဖြစ် ကမ္ဘာ့မှတ်တမ်းဝင်သွားပြီး ဒီအောင်မြင်မှုကို ကိတ်မုန့်အသေးကလေးတစ်လုံးနှင့် အောင်ပွဲခံဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။
“ ဒါလုပ်ရတာ အတော်နှစ်သက်ပျော်ရွှင်စရာ ကောင်းပါတယ်။ ဒီလိုလေထီးခုန်ရဖို့ စဉ်းစားခဲ့တာ အတော်ကိုကြာပြီ” လို့ ဆွီဒင်သတင်းအေဂျင်စီ “တီတီ” ကို အဘွား ရတ်လာဆန်က ပြောပါတယ်။
မိသားစုနှင့် မိတ်ဆွေတွေက အောက်က လေထီးခုန်ကွင်းမှာ စောင့်ဆိုင်းနေကြတဲ့အချိန်မှာ လာဆန်ဟာ လေထီးခုန်သမား ဂျိုအက်ကင် ဂျွန်ဟန်ဆန်နှင့်အတူ စတော့ဟုမ်းမြို့ရဲ့ တောင်ဘက် မိုင်၁၅၀ခန့်အကွာက မိုတာလာမြို့ကလေးမှာ သူမရဲ့ လေထီးခုန်ပြီးစီးသွားခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ မြေကြီးပေါ်ငြင်ငြင်သာသာကျဆင်းလာခဲ့ပါတယ်။ ကူညီသူတွေက လာဆန်ရှိရာ အပြေးသွးကြပြီး သူမတ်တတ်ရပ်နိုင်ပြီး လမ်းလျှောက်နိုင်အောင် လုပ်ပေးခဲ့ကြပါတယ်။
ခုန်ဆင်းနေတုန်းဘာကိုမြင်သလဲလို့မေးတဲ့အခါ အဘွားက “အခုတော့ အဘွားကောင်းကောင်းမမြင်တော့ဘူး။ဒါပေမယ့် အတော်ပျော်စရာကောင်းပါတယ် “လို့ပြန်ဖြေပါတယ်။
အပေါ်ကနေ ဖြည်းဖြည်းလေးကျဆင်းလာတာကို အတော်ကောင်းတယ်ပြီး ကြိုက်နှစ်သက်တယ်လို့ အဘွားက ဆက်ပြောပါတယ်။
ဂင်းနက်ကမ္ဘာ့မှတ်တမ်းစာအုပ် က အရာရှိတစ်ဦးက အဘွားကို ကမ္ဘာ့မှတ်တမ်းဝင် လက်မှတ်အပ်နှင်းပါတယ်။
အဘွားလာဆန်ဟာ အသက်၁၀၃နှစ်နှင့် ၂၅၉ ရက်ရှိပါပြီ။ ယခင်ကမ္ဘာ့မှတ်တမ်းက အသက် ၁၀၃နှစ်နှင့် ၁၈၁ ရက်ဖြစ်ပါတယ်။
Source AFP
Page 952 of 1061