TV Yangon Times Matters အစီအစဉ်
Published - 28 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်မျိုးရှိန်နှင့်အတူ
- "ခိုင်ထူးက သီချင်းစဆိုကတည်းက ဘယ်သီချင်းကို ဘယ်လောက်ရမှဆိုမယ်ဆိုတာမျိုး မရှိခဲ့ဘူးဆိုတဲ့အကြောင်း
- သီချင်းဆိုနေရရင်ပျော်တာ သီချင်းမဆိုရရင် ဘဝမရှိတော့ဘူး သီချင်းကို ဘဝလိုခံယူထားသူတစ်ဦးဖြစ်တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
TV Yangon Times Matters အစီအစဉ်
Published - 28 August 2022
အစီအစဉ်တင်ဆင်သူ ဆရာဟိန်းလတ်က ဦးအောင်မျိုးရှိန်နှင့်အတူ
-"ခိုင်ထူးက သီချင်းစဆိုကတည်းက ဘယ်သီချင်းကို ဘယ်လောက်ရမှဆိုမယ်ဆိုတာမျိုး မရှိခဲ့ဘူးဆိုတဲ့အကြောင်း
-သီချင်းဆိုနေရရင်ပျော်တာ သီချင်းမဆိုရရင် ဘဝမရှိတော့ဘူး သီချင်းကို ဘဝလိုခံယူထားသူတစ်ဦးဖြစ်တဲ့အကြောင်း" စတဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။
#Yangon_Media_Group
#Local_News
Published - 28 August 2022
နစကဘက်ကနေ သွင်းကုန်လုပ်ငန်းရှင်တွေအပေါ် ကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေ အပါအဝင် ဒေါ်လာငွေ ထိန်းချုပ်မှုတွေကြောင့် သြဂုတ်လ ၂၆ ရက်နေ့မှာ ဒေါ်လာနဲ့ ဘတ်ဈေးနှုန်းတွေဟာ စံချိန်တင် ထပ်မံ မြင့်တက်လာတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 28 Aug 2022
အီလွန်မတ်စ်ရဲ့ စပေ့စ်အိတ်စ် SpaceX ဂြိုဟ်တုဟာ အမေရိကန်ရဲ့ တီ-မိုဘိုင်းလ် T-Mobile ဆဲလ်ဖုန်နှင့် လာယ့်နှစ်ကစပြီး တိုက်ရိုက်ချိတ်ဆက်တော့မှာဖြစ်ပါတယ်။ အဲဒါကြောင့် ဆဲလ်ဖုန်းဆက်သွယ်ရေးတာဝါတိုင်တွေ မရှိတဲ့နေရာတွေအထိ ဆက်သွယ်ပြောဆိုနိုင်တော့မယ်လို့ ကုမ္ပဏီနှစ်ခုက ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာပါတယ်။
လက်ရှိ ဆဲလ်ဖုန်းအပေါ်မှာပဲအခြေတည်ဆောင်ရွက်မယ့် ဝန်ဆောင်မှုအသစ်ဟာ ကမ္ဘာပတ်လမ်းကြောင်းထဲမှာရှိနေတဲ့ စပေ့စ်အိတ်စ်ရဲ့ ထောင်ပေါင်းများစွာသော စတားလင့်ခ် Starlink ဂြိုဟ်တုတွေကို အသုံးပြုမှာဖြစ်ပါတယ်။ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ စာမက်ဆေ့ပိုတဲ့စနစ်ကို စတင်အသုံးပြုမှာဖြစ်ပြီး အဲဒီနောက် အသံဖြင့် ဖုန်းဆက်သွယ်ပြောဆိုခြင်းနှင့် ဒေတာ ဝန်ဆောင်မှုတွေ ဆက်လက်အသုံးပြုနိုင်မယ်လို့ မျှော်မှန်းထားကြပါတယ်။
“ယခုလုပ်ငန်းရဲ့ အရေးကြီးတဲ့အချက်က ခင်ဗျားတို့ရဲ့ဆဲလ်ဖုန်းတွေဟာ ကမ္ဘာပေါ်မှာ သုံးလို့မရတဲ့နေရာ မရှိစေရဆိုတဲ့ အဓိပ္ပါယ်ပဲဖြစ်တယ်”လို့ တက္ကဆပ်က စပေ့စ်အိတ်ချ်ရဲ့ စတားဘေ့စ် Starbase အဆောက်အဦမှာကျင်းပတဲ့ အခမ်းအနားမှာ မတ်စ်က ကြေညာသွားပါတယ်။
ယခုဝန်ဆောင်မှုဟာ အသက်တွေကို ကယ်တင်နိုင်မယ်လို့ပြောပြီး တောင်တက်သမားတစ်ဦး ပျောက်ဆုံးသွားပြီး အကူအညီ တောင်းဖို့ ဖုန်းခေါ်လို့မရတဲ့အခါမျိုးကို သူက ဥပမာပေးသွားပါတယ်။
“ လူတွေ ပျောက်ဆုံးသွားပြီး တကယ်လို့ အကူအညီတောင်းတဲ့ ဖုန်းသာခေါ်ဆိုလို့ရမယ်ဆိုရင်ဘ ကြေကွဲစရာအဖြစ်တွေ ကျွန်တော်တို့ နောင်မှာ ဖတ်ရတော့မှာမဟုတ်ပါဘူး” လို့ သူကဆက်ပြောပါတယ်။
ဂြိုဟ်တုအင်တာနက်တွေဟာ နှစ်ပေါင်းများစွာကတည်းက ရှိနေပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိမှာ အသုံးပြုသူတွေဟာ စတားလင့် တာမင်နယ်လို့ စက်ပစ္စည်းတွေလိုအပ်နေပါသေးတယ်။
“စတာလင့်တာမင်နယ်မှာရှိတဲ့ လှိုင်းအကျယ်လိုမျိုး ဖြစ်မှာမဟုတ်ဘူး။ စတားလင့်က စာရိုက်ပို့လို့ရတယ်။ပုံပို့လို့ရတယ်။ ဆဲလ်ဇုန်ထဲ လူများများစားစားမသုံးရင် ဗွီဒီယိုနည်းနည်းသုံးလို့ရတယ်” လို့ မတ်စ်က ပြောပါတယ်။
ဝန်ဆောင်မှုအသစ်ဟာ ဈေးနှုန်းနိမ့် ပက်ကေ့ချ် ဝယ်ထားသူတွေအတွက် လစဉ်သုံးခ အနည်းငယ်ကောက်မှာဖြစ်ပေမယ့် ဆဲလ်ဖုန်းရဲ့ သုံးစွဲမှုအစီအစဉ် Planအတော်များများအတွက် အခမဲ့ဖြစ်ပါလိမ့်မယ်လို့ တီမိုဘိုင်းရဲ့ စီအီးအို မိုက် စီဗတ်က ပြောပါတယ်။
ကောင်းကင်ထဲ ဆဲလ်လျူလာ တာဝါတိုင်တွေ ထောင်ရတယ်ဆိုတာ အများကြီးပဲ ။သိပ်ခက်ခဲတယ်” လို့ သူက ပြောပါတယ်။
ဂြိဟ်တုအင်တာနက်ဈေးကွက်မှာ ယှဉ်ပြိုင်မှုဟာ လျင်မြန်စွာပဲ အရှိန်မြင့်မားနေပါတယ်။ အမေဇုန် Amazon တည်ထောင်သူ ဂျက်ဘီဇော့က ဂြိုဟ်တုပေါင်း ၃၂၀၀ လွှတ်တင်ဖို့ ရည်ရွယ်ထားတဲ့အကြောင်း မကြာသေးခင်က ကြေညာထားပါတယ်။
တရုတ်ကလည်း ကွာဝမ်းလို့ခေါ်တဲ့ ဂြိုဟ်တု တစ်သောင်းသုံးထောင် အတွဲကြီးကို လွှတ်တင်ဖို့ အစီအစဉ်ရှိပြီး ဥရောပ သမဂ္ဂကလည်း ၂၀၂၄ ခုနှစ်အရောက်မှာ ဂြိုဟ်တု ၂၅၀ လွှတ်တင်ဖို့ ဆန္ဒရှိနေပါတယ်။
လာမယ့်နှစ်မှာ စမ်းသပ်အသုံးပြုမယ့် ဝန်ဆောင်မှုဟာ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းကန့်သတ်ထားမှာဖြစ်ပေမယ့် သူ့ကုမ္ပဏီအနေနှင့် ပင်လပ်ရပ်ခြားဈေးကွက်တွေကို အပြန်အလှန် roaming သဘောတူညီချက်တွေနှင့် တိုးချဲ့ဖို့ မျှော်လင့်ထားတယ်လို့ စီဗတ်က ပြောပါတယ်။
Source: AFP
#SpaceX
#T-Mobile
#Satellites_Cell_Phones
Published 28 Aug 2022
နစက ဥက္ကဋ္ဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ဒုတိယအကြိမ်တက်ရောက်ဖို့အတွက် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်
နှင့်အဖွဲ့ဝင်တွေဟာ ယနေ့ ဩဂုတ် ၂၈ ရက် နေ့လည် ( ၁၂ )နာရီအချိန် တာချီလိတ်လေဆိပ်မှတဆင့် တပ်မတော်လေယာဥ်ဖြင့် နေပြည်တော်သို့ထွက်ခွာသွားခဲ့ပါတယ်။
မေ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက်ရောက်ခဲ့ပြီးနောက် ယခုဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန်ထပ်မံသွားရောက်ခြင်းဖြစ်ပြီး ၊အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှတဆင့်
တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ်( ၂)မှတဆင့် ယနေ့နံနက် ၁၂ နာရီအချိန်၌ ဝင်ရောက်လာခဲ့ပြီး နေပြည်တော်သို့ ထွက်ခွာသွားခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌ ဗိုလ်ချူပ်ကြီး ယွက်စစ်နှင့်အဖွဲ့ဝင်များကို တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီးမင်းမင်းထွန်း၊ TBC-မြန်မာ မှဦးဘိုလေးနှင့်တာဝန်ရှိသူများက ကြိုဆိုနုတ်ဆက်ခဲ့ကြပြီးရှမ်း၊အာခါ၊လားဟူ၊ပအိုဝ့် တိုင်းရင်းသားများနှင့်ပြည်သူများက ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုကြိုဆိုထောက်ခံကြောင်းစာတမ်းပါ ဗီနှိုင်းပိုစတာများကိုင်ဆောင်ပြီး တာချီလိတ်မကြိုဆိုခဲ့ကြပါတယ်။
Ymg/ys-tcl
#Myanmar_Politics
#RCSS/SSA
#Myanmar_NCA
#Local_News
Published _ 27 August 2022
ယနေ့ ဩဂုတ်လ ၂၇ ရက်နေ့ ရန်ကုန်ရွှေဈေးကွက် အဖွင့်ဈေးအရ အကယ်ဒမီ မီးလင်းအခေါက်ရွှေ ၁ ကျပ်သားကို ၂၈ သိန်းခွဲအထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published-27 August 2022
တရုတ်-မြန်မာ ဝမ်တိန်ဘက်ခြမ်းတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသော်လည်း နယ်စပ်ကုန်သွယ်ရေးမှာ ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ မူဆယ်ကုန်စည်ဒိုင်၊ ဆန်ကုန်သည်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 949 of 1146