Published 29 Aug 2022
အမ်တီဗွီ ဗွီဒီယိုတေးဂီတ ဆုပေးပွဲအခမ်းအနားကို ဩဂုတ် ၂၈ ရက်က နယူးဂျာစီပြည်နယ် နယူးဝတ်ခ်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲကို နာမည်ကျော် အနုပညာရှင်တွေဟာ ကော်ဇော်နီပေါ် ဖြတ်သန်းလျှောက်လှမ်းပြီး တက်ရောက်ကြပါတယ်။ ဒီနှစ် ပွဲမှာ ဘက်ဘန်နီ နစ်မင်နက်ချ်တို့ရဲ့ ဖျော်ဖြေမှုတွေနှင့် အယ်လ်အယ်လ်ကူးလ်ဂျေရဲ့ အခမ်းအနားတင်ဆက်မှုတွေကို ကြည့်ခဲ့ကြရပါတယ်။
တေလာဆွစ်၊လီနက်စ်မက်စ်နှင့် ဘက်ကီဂျီတို့ တက်ရောက်လာတာတဲ့ ဖက်ရှင်တွေဟာ ပရိဿတ်ကို ဆွဲဆောင်မှု ဖြစ်နေပါတယ်။ ဘက်ဘန်နီဟာ အကောင်းဆုံးအဆိုတော်ဆုရပေမယ့် ဆုကြေညာတဲ့အချိန် ယန်ကီဇာတ်ရုံမှာ ဖျော်ဖြေနေလို့အဲဒီကပဲ ဆုကိုလက်ခံခဲ့ပါတယ်။ အကောင်းဆုံးအယ်လ်ဘမ်ဆုရတဲ့ ဟာရီစတိုင်လ်လည်း မတက်ရောက်နိုင်ပါဘူး။ အကောင်းဆုံးအဆိုတော်သစ်ဆုကို ဒေါ့ဗ်ကင်မရွန်က ရရှိပါတယ်။
တေလာဆွစ်ဟာ သူမရဲ့ဗွီဒီယို "All Too Well"နှင့် ဆုရရှိခဲ့ပါတယ်။ အောက်တိုဘာမှာ အယ်ဘမ်အသစ်တစ်ခု ထွက်ရှိမယ်လို့ ဆုလက်ခံစကားပြောချိန်မှာ သူမကထည့်သွင်းပြောကြားခဲ့ပါတယ်။
အမ်တီဗွီဆုပေးပွဲ ကော်ဇောနီဖက်ရှင်တွေကို စုစည်းတင်ဆက်လိုက်ပါတယ်။
Source AFP
#MTV
#MTV_Video_Music_Award
#Red_carpet_MTV
#Local_News
Published _ 29 August 2022
စားအုန်းဆီတစ်ပိသာ ၅၀၀၀ ကျပ်နဲ့ လိုက်လံရောင်းချပေးနေပြီး ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှတဲ့အတွက်ဆီမရရှိသူများ ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 29 August 2022
ဒီနေ့ ဘုရင့်နောင်ကုန်စည်ဒိုင် အဖွင့်ဈေးအရ ကြက်သွန်နီဈေးက အသေး တစ်ပိသာကို ၂၂၅၀ကျပ်နဲ့ အကြီးတစ်ပိသာကို ၂၇၅၀ကျပ်အထိ ဆက်လက်မြင့်တက်လာနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published - 29 August 2022
၁။ ကြက်သွန်ဈေး အမြင့်ပိုင်းတွင်ဆက်လက်ရှိနေ
၂။ စားအုန်းဆီ တစ်ပိဿာ ၅၀၀၀ ကျပ် ဝယ်လိုအားရောင်းလိုအားမမျှ၍ ဆီမရသူများရှိနေ
၃။ ပုဂံဒေသကို (၃)လတာအတွင်း နိုင်ငံခြားသားဧည့်သည် (၁၃၀)ကျော်ဝင်ရောက်
၄။ ခေတ်မီအိုင်ယာလန်ထုံးတမ်းနှင့်အညီ အိုင်ယာလန်အလှမယ်ပြိုင်ပွဲကျင်းပပြီးစီး... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 29 August 2022
ပို့ကုန်ကြေညာလွှာ (ED) ထုတ်ယူပြီးတဲ့ ကုန်ပစ္စည်းတွေကို ED ထုတ်ယူတဲ့နေ့ကနေ ၁၀ ရက်အတွင်း ပြည်ပတင်ပို့ဖို့ အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
#Yangon_Media_Group
Published 28 Aug 2022
ကမ္ဘာကြီးဟာ စားနပ်ရိက္ခာ မရေရာမှုတွေ ယိုယွင်းလာမှုတွေနှင့် လွန်ခဲ့တဲ့ သုံးနှစ်အတွင်း ရင်ဆိုင်နေခဲ့ရတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်အဖွဲ့က သတိပေးလိုက်ပါတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုတွေ အကြီးအကျယ် ရင်ဆိုင်နေရတဲ့ ကမ္ဘာ့လူဦးရေဟာ လူဦးရေ ၃၄၅ သန်းအထိရှိလာပြီး ရာခိုင်နှုန်းအားဖြင့် ၁၅၀ ရာခိုင်နှုန်းတိုးလာတာ လို့ အဖွဲ့ကပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ၊ ရာသီဥတုပြောင်းလဲခြင်းနှင့်ကမ္ဘာ့အကြီးဆုံး ဂျုံထုတ်လုပ်တင်ပို့တဲ့ ရုရှားနှင့်ယူကရိန်း ပဋိပက္ခတွေကြောင့် စားနပ်ရိက္ခာ မလုံခြုံ မရောရာမှုတွေဖြစ်နေပါတယ်။ ဂျုံတင်ပို့မှုကျဆင်းသွားတဲ့အတွက် ကမ္ဘာ့ဈေးနှုန်းတွကလည်း မြင့်တက်လာတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကပြောပါတယ်။
ကပ်ရောဂါဘေးမသင့်ခင် ၂၀၁၉ခုနှစ်မှာ လူဦးရေ ၁.၃၅ သန်းဟာ စားနပ်ရိက္ခာမလုံလောက်မှုနှင့်ရင်ဆိုင်ခဲ့ရပြီး အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတို့လို အားနည်းမှုတွေရှိနေတဲ့ ဒေသက ယီမင်လိုနိုင်ငံမျိုးတွေမှာ စားနပ်ရိက္ခာ မလုံခြုံမှု နာတာရှည်ခံစားနေကြရပါတယ်။
ကမ္ဘာ့လူဦးရေ ၈၂၈သန်းဟာ ညစဉ် ဆာလောင်မွတ်သိပ်စွာနှင့်ပဲ အိပ်ရာဝင်နေကြရပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံမှ လူသန်း၅၀ခန့်ဟာ အငတ်ကပ်ဘေးရောက်လုနီးဖြစ်နေကြရတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Source: CCTV Plus
#World_Food_Programme
#Severe_food_shortage
#Russia_Ukraine_Crisis
#Local_News
Published_28 August 2022
ရေဘေးအပါအဝင် သဘာဝဘေးသင့်သူတွေအတွက် ကြက်ခြေနီသိုလှောင်ရုံတွေက ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ အိမ်ထောင်စုသုံးပစ္စည်းတွေကိုပေးအပ်ဖို့ အသင့်ပြင်ဆင်ထားတယ်လို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာထင်ဇော်စိုးက ပြောပါတယ်၊၊
#Yangon_Media_Group
Page 948 of 1146