#Daily_News
Published 10 February 2025
၁။ နေရေးအခက်အခဲရှိသည့် ရုပ်ရှင်လောကသားများအတွက် တိုက်ခန်းများဆောက်လုပ်မည်
၂။ အွန်လိုင်းမှတဆင့် ယာဉ်လိုင်စင်လုပ်ငန်းလျှောက်ထားခြင်းကို လာမည့်နှစ် ဧပြီမှစတင်ကာ တစ်နိုင်ငံလုံးအသုံးပြုနိုင်မည်
၃။ ကောလဟာလများကိုမယုံကြည်ဘဲ ရွှေရည်ညွှန်းဈေးဖြင့်သာရောင်းချရန်တိုက်တွန်း
၄။ DeepSeek R1 ၏ open-source စနစ်နှင့်ပတ်သက်၍ အမေရိကန် AI ကျွမ်းကျင်ပညာရှင်ချီးကျူးပြောဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ဇန်နဝါရီလအတွင်း ပြည်ပနိုင်ငံတွေကို ကန်ဒေါ်လာ သန်း၁၀၀ကျော်တန်ဖိုးရှိတဲ့ ဆန်နဲ့ဆန်ကွဲတန်ချိန်နှစ်သိန်းကျော်သာတင်ပို့ထားနိုင်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့နှိုင်းယှဉ်ပါက တန်ချိန်တစ်သိန်းကျော်အထိ လျော့နည်းတင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။
#Local_News
Published 10 February 2025
#မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် #ဆန်နှင့်ဆန်ကွဲတင်ပို့
#YMG/NN #Yangon_Times
ရွှေဈေးကွက်အတွင်းမှာအရောင်းအဝယ်ပြုလုပ်သူတွေအနေနဲ့ ကောလဟာလ တွေကိုမယုံကြည်ဘဲ ရွှေရည်ညွှန်းဈေးဖြင့်သာရောင်းချကြဖို့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က တိုက်တွန်းလိုက်ပါတယ်။
#Local_News
Published 10 February 2025
#ရွှေအရောင်းအဝယ် #ရွှေရည်ညွှန်းဈေးဖြင့်သာရောင်းချ
#YMG/NN #Yangon_Times
ယာဉ်လိုင်စင်လျှောက်ခြင်းတွေနဲ့ ပတ်သက်ပြီး အွန်လိုင်းစနစ်ကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဧပြီလကစတင်ပြီး တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။
#Local_News
Published 10 February 2025
#ယာဉ်လိုင်စင်လုပ်ငန်း #အွန်လိုင်းစနစ်
#YMG/SW #Yangon_Times
နေရေးအခက်အခဲရှိတဲ့ ရုပ်ရှင်လောကသားတွေအတွက် သန်လျင်မြို့နယ်မှာ တိုက်ခန်းတွေ ဆောက်လုပ်ပေးသွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌဒါရိုက်တာကြည်စိုးထွန်းက ယမန်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
#Local_News
Published 10 February 2025
#ရုပ်ရှင်လောကသား #မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး
#YMG/SW #Yangon_Times
ဂျပန်မော်တော်ယာဉ်ကုမ္ပဏီ တိုယိုတာမော်တာကော်ပိုရေးရှင်းက ရှန်ဟိုင်းမှာ ကုမ္ပဏီသီးသန့်ပိုင် လျှပ်စစ်ကား(EV)စက်ရုံသစ် ဆောက်လုပ်သွားမှာဖြစ်ပြီး တရုတ်ဈေးကွက်အတွင်း ဖန်တီးထုတ်လုပ်စွမ်းရည် မြှင့်တင်ရန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
#World_Industry
Published 8 February 2025
#EVစက်ရုံသစ် #တိုယိုတာမော်တာကော်ပိုရေးရှင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 8 February 2025
၁။ ပြည်ပမှ ကျောက်မီးသွေးတင်သွင်းခြင်း စတင်ခွင့်ပြု
၂။ ယာဉ်လိုင်စင်သက်တမ်းတိုးနှင့် လိုင်စင်ပြောင်းလဲခြင်းအတွက် အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်မည်
၃။ ပုဂံခေတ်မူလရေလမ်းကြောင်းများ ဖော်ထုတ်ရန် သရပါတံခါးကိုယာယီပိတ်ထား
၄။ ရှန်ဟိုင်း၌ ကုမ္ပဏီတစ်ခုတည်းပိုင် EVစက်ရုံသစ်အား တိုယိုတာတည်ဆောက်သွားမည်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 86 of 1083