#Local_News
Published_ 5 May 2023
လတ်တလောမှာ ပြည်ပသွင်းကုန်ဖြစ်တဲ့ စားအုန်းဆီဈေးအနည်းငယ်ပြန်ကျလာတယ်လို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်၊၊
#Local_News #စားအုန်းဆီ #ပြည်တွင်းထုတ်ကုန် #ပဲဆီအထွက်တိုး
#YMG #Yangon_Media_Group
#Daily_News
Published_ 5 May 2023
၁။ စားအုန်းဆီဈေးအနည်းငယ်ပြန်ကျ၊ ပြည်တွင်းထုတ်ကုန် ပဲဆီအထွက်တိုးပေမယ့် ဈေးမြှောက်နေဆဲဖြစ်
၂။ စက်သုံးဆီနှုန်းဈေး 92 တစ်လီတာ ၁၈၇၅ ကျပ်အထိ ကျဆင်းနေ
၃။ မော်လမြိုင် သိပ်ဇရပ်-မရမ်းချောင်းကြားကုလားမကွေ့တွင် ဘုရားဖူး ကားတိမ်းမှောက်၊ လူ ၃၀ ခန့် ဒဏ်ရာရရှိ
၄။ ဗင်နီဇွဲလား၏ အော်ရီနိုကို မိကျောင်းများကို ကယ်ဆယ်ရန်ကြိုးပမ်းလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 5 May 2023
ဆိုက်ကလုန်းမုန်တိုင်းအရှိန်ကြောင့်လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့မြေပြိုတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ(၅)ရက်ညနေပိုင်းမှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #ဆိုက်ကလုန်းမုန်တိုင်း #လေပြင်းတိုက်ခတ်ခြင်း #မိုးကြီးခြင်း #ရေကြီးခြင်း #မြေပြိုခြင်း #YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
လာမယ့်အကယ်ဒမီပေးပွဲမှာ သုံးနှစ်စာရုံတင်ဇာတ် ကား(၁၃၈)ကားရှိတဲ့အနက် ဇာတ်ကား(၇၀)ထဲမှ အကယ်ဒမီဆုတွေကိုရွေးချယ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်၊၊
#Local_News #အကယ်ဒမီဆုပေးပွဲ #အကယ်ဒမီဆုချီးမြှင့်
#YMG #Yangon_Media_Group
#World_Animal
Published 3 May 2023
ဂျူလိုင်က အဆောက်အအုံနောက်ဘက်မှာ လူတွေ့ရင်ဟောင်တတ်ပြီး မိုင်ယာကတော့ လျှိုမြောင်တစ်ခုမှ ဖြည်းညှင်းစွာ ဆင်းသက်လာပါတယ်။
#World_Animal # မက္ကဆီကို #အသက်ကယ်ခွေး
#YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
ပုဂံဒေသညောင်ဦးမြို့နယ်မှာ မေလ(၃)ရက်က လေပြင်းတိုက်ခတ်ပြီး သစ်ပင်တွေပြိုလဲကျပြီးကဇာတ်ရုံနဲ့ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်၊၊
#Local_News #ပုဂံညောင်ဦး #လေပြင်းတိုက်ခတ် #ကဇာတ်ရုံ #နေအိမ်အချို့ထိခိုက်ပျက်စီး
#YMG #Yangon_Media_Group
Published 4 May 2023
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်းကန်သည် မေ ၃ရက်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်လည့်ပတ်ခဲ့တယ်လို့ စီစီတီဗွီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
၂၀၁၆ခုနှစ်ငလျင်ကြောင့်ပျက်စီးခဲ့ရပြီး တရုတ်ပညာရှင်များက ရှေးမူမပျက်ပြန်လည်မွမ်းမံပေးနေတဲ့ ပုဂံက သဗ္ဗညုဘုရားကို မစ္စတာချင်းကန်က သွားရောက်ဖူးမျှော်ခဲ့ပါတယ်။
သက္ကရာဇ် ၁၁၄၄ခုနှစ်ကတည်ထားကိုးကွယ်ခဲ့တဲ့ သဗ္ဗညုဘုရားဟာ ဉာဏ်တော် ၆၆မီတာမြင့်ပြီး ပုဂံရဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသမှာ အမြင့်မားဆုံးစေတီတော်တစ်ဆူဖြစ်ပါတယ်။ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုံထဲမှာ ဘုရားဆင်းတုတော်၊စေတီတော်၊ဘုန်းတော်ကြီးကျောင်းတွေနှင့် အခြားသော ဗုဒ္ဓဘာသာအဆောက်အဦပေါင်း ၃၀၀၀ကျော်ရှိတယ်လို့ စီစီတီဗွီက သတင်းမှာဖော်ပြထားပါတယ်။
၂၀၁၉ခုနှစ်ဧပြီလမှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီပြည်နယ်က ပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ စေတီတော်ရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေ ပြန်လည်ပြုပြင်မွမ်းမံတို့လုပ်ငန်းမှာ ပါဝင်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဟာ ပုဂံက ချူအင်လိုင်းတန်ဆောင်းကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီတန်ဆောင်းမှာ တရုတ်ဝန်ကြီးချုပ်ဟောင်းချူအင်လိုင်းရဲ့ တန်ဖိုးရှိလှတဲ့ ဓာတ်ပုံတွေနှင့်ပစ္စည်းတွေကို ပြသထားတာကို မစ္စတာချင်က လေ့လာခဲ့ပြီး တရုတ်မြန်မာနှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး သမိုင်းမှတ်တမ်းတွေကို ထိတွေ့ခံစားခဲ့တယ်လို့သတင်းကဆို ပါတယ်။
၁၉၆၁ခုနှစ်မှာ တရုတ်ဝန်ကြီးချုပ်ချုအင်လိုင်းဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပုဂံကိုသွားရောက်လည်ပတ်ကာ လှူဒါန်း မှုတွေပြလုပ်ခဲ့ပါတယ်။ အဲဒီလှူဒါန်းမှုရဲ့အစိတ်အပိုင်းအဖြစ် စေတီတော်ဘေးမှာ ချူအင်လိုင်းတန်ဆောင်းတစ်ခုကို တည်ဆောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
Source. CCTV+
#တရုတ်နိုင်ငံခြားရေးဝန်ကြီးQin Gang
#တရုတ်-မြန်မာဆက်ဆံရေး
#YangonMediaGroup
Page 807 of 1261