'တစ်ပတ်တာအတွင်းဓာတ်ဆီနှင့်ဒီဇယ်ဈေးအနည်းငယ် အတက်အကျရှိနေပြီး ခရီးသွားကာလဖြစ်ပြီးသင်္ကြန်ကာလလည်းနီးကပ်လာပြီဖြစ်တာကြောင့် အရောင်းအဝယ်ကောင်းနေတယ်လို့ ရန်ကုန်စက်သုံးဆီဈေးကွက်က သိရပါတယ်။'
#Local_News
Published_ 31 March 2024
#သင်္ကြန်ကာလ #စက်သုံးဆီအရောင်းအဝယ်ကောင်း
#YMG/NN #Yangon_Times
သင်္ကြန်အကြိုနေ့မှာရခိုင်ရိုးရာနံ့သာသွေးပွဲနဲ့ ဘုရားရေသပ္ပာယ်ပွဲကို ရခိုင်ဓမ္မာရုံမှာ ကျင်းပဖို့ရှိပြီး ဘုန်းကြီး(၅)ပါးပင့်ဖိတ်လှူဒါန်းသွားဖို့ရှိတယ်။ ဒီနှစ်တော့ အကျဉ်းချုန်းပဲကျင်းပဖို့ရှိပါတယ်။ (ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဌ ဦးသန်းမောင်)
#Local_News
Published_ 31 March 2024
#ရခိုင်ရိုးရာနံ့သာသွေးပွဲ #ဘုရားရေသပ္ပာယ်ပွဲ
#tthl #Yangon_Times
ပြည်တွင်းစစ်အတွင်းထောင်ခဲ့ကြသည့် မြေမြှုပ်ဗုံးများသည် ယီမင်မှအပြစ်မဲ့ပြည်သူများကို ဆက်လက်ခြိမ်းခြောက်လျက်ရှိ
ယီမင်နိုင်ငံမှာ ပြည်တွင်းစစ်ကာလအတွင်း ပြိုင်ဘက်အဖွဲ့အစည်းများမှ ထောင်ထားခဲ့တဲ့ မြေမြှုပ်ဗုံးတွေဟာ ယခုထက်ထိ ဒေသခံများကို ဒုက္ခပေးနေဆဲ ဖြစ်ပါတယ်။
#World_News
Published_ 30 March 2024
#ယီမင်မှအပြစ်မဲ့ပြည်သူများ #မြေမြှုပ်ဗုံး
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 30 March 2024
၁။ ခရမ်းချဉ်သီးတစ်ပိဿာ ကျပ် ၁၀၀၀ ကျော်သို့ ဈေးပြန်မြင့်တက်လာ
၂။ တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေဆိုရမည့်ရက်နှင့် စာစစ်ဌာနများကို ထုတ်ပြန်
၃။ လေပတ်ကားရွှေရောင်းဝယ်သူများဟု သံသယရှိသူများအား ခေါ်ယူစစ်ဆေးလျှက်ရှိဟုဆို
၄။ ပြည်တွင်းစစ်အတွင်းထောင်ခဲ့ကြသည့် မြေမြှုပ်ဗုံးများသည် ယီမင်မှအပြစ်မဲ့ပြည်သူများကို ဆက်လက်ခြိမ်းခြောက်လျက်ရှိ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
'ရွှေဈေးကွက်အတွင်းအရောင်းအဝယ်မရှိသည့် ဈေးနှုန်းများကို သတင်းထုတ်လွှင့်ပြီး ဈေးကစားနေပါတယ်၊ ရွှေဈေးကွက်အတွင်း လေပတ်ကားရွှေရောင်းဝယ်သူများဟု သံသယရှိသူများအား ခေါ်ယူစစ်ဆေးလျှက်ရှိပါတယ်'
#Local_News
Published_ 30 March 2024
#လေပတ်ကားရွှေရောင်းဝယ်သူ #သံသယရှိသူများအားခေါ်ယူစစ်ဆေး
#YMG/NN #Yangon_Times
တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမှုကို ဧပြီလ(၂၉)ရက်ကနေ မေလ(၆)ရက်အထိ ဖြေဆိုရမှာဖြစ်တယ်။ စာမေးပွဲဖြေဖို့မှတ်ပုံတင်ထားပြီး လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို ခွင့်မရခဲ့သူတွေအတွက်ပြန်ဖြေခွင့်ရတယ်။ ဖြေဆိုခွင့်ပြုထားတဲ့စာစစ်ဌာန(၂၇)ခုအနက် မိမိတို့ဖြေဆိုလိုတဲ့ စာစစ်ဌာနတွေမှာ ဧပြီလ(၁၂)ရက် နောက်ဆုံးထားပြီး သတင်းပေးပို့ စာရင်းသွင်းထားရမှာ ဖြစ်တယ်၊၊
#Local_News
Published_ 30 March 2024
#တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေဆို #စာမေးပွဲဖြေဖို့မှတ်ပုံတင်ထား
#tthl #Yangon_Times
မြေပြန့်ဒေသမှာ ခရမ်းချဉ်သီးမပေါ်တဲ့အချိန် မထွက်တော့တဲ့ အချိန်ဆိုရင် နှစ်စဉ်အောင်ပန်းဘက်က ခရမ်းချဉ်သီးဈေးက မြင့်လာတယ်။ ဒီနေ့ဈေးဆိုရင် တစ်ပိဿာ ၁၁၀၀ကျပ်ထိ ရှိတယ်။ မြစ်ကြီးနား ဗန်းမော်ဘက်ကလည်း အဝယ်ရှိတဲ့အတွက် ဈေးကတော့ သေချာပေါက်ကို တက်အုံးမှာဟု အောင်ပန်းရှိကုန်သည်တစ်ဦးကပြောသည်။
#Local_News
Published_ 30 March 2024
#ခရမ်းချဉ်သီးဈေးပြန်မြင့် #အောင်ပန်းခရမ်းချဉ်သီး
#YMG/LW #Yangon_Times
Page 466 of 1220