အနိမ့်ပျံသန်းမှုစီးပွားရေးနဲ့ လေကြောင်းကဏ္ဍတို့မှာ တိုးတက်ရန် လုပ်ဆောင်နေတဲ့ တရုတ်နိုင်ငံမှာ ဒရုန်းတွေကို နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနေကြပြီး ပိုမိုထိရောက်မှုရှိစေရန် ကြိုးပမ်းလာပါတယ်။
ဝန်ကြီးဌာန ၄ ခုမှထုတ်ပြန်တဲ့ ၂၀၂၄ -၂၀၃၀ လေကြောင်းကိရိယာပစ္စည်း ဆန်းသစ်တီထွင်ခြင်းနဲ့ အသုံးချခြင်းအတွက် အစီအစဥ်မှာ လေကြောင်းစက်မှုလုပ်ငန်း ဂေဟစနစ်ကို ထိရောက်မှုရှိစေရန် ရည်ရွယ်ကာ အနိမ့်ပျံသန်းခြင်း စီးပွားရေးမှာ တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။
#Asia_Development
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ယခုနှစ်မှာ ပွင့်ဖြူနဲ့ စလင်းတို့ဘက်က လာရောက်ရောင်းချမှု ပိုများတယ် စင်တာတစ်ခုမှာ တစ်ရက်ကို တင်းပေါင်း ၂၀၀၀ကျော် ၃၀၀၀လာရောင်းတယ်၊ ဒါပေမယ့် ဘာအခက်ခဲဖြစ်နေလဲဆိုတော့ ပဲအိတ်ကို ထမ်းချဖို့ ချင်တွယ်တာတို့ လုပ်ပေးတဲ့ အလုပ်သမားရှာမရဘူး လုပ်အားခပိုပေးလဲ ကျွမ်းကျင်တဲ့ လုပ်သားမဟုတ်တော့ အလုပ်က ခရီးမရောက်ဖူး အဲ့တော့ ကုလားစုပေါင်းရောင်းချပွဲမှာ ကုန်ကို တိုးပြီး ဝယ်ချင်ပေမယ့် အလုပ်သမား အခက်ခဲကြောင့် စင်တာတစ်ခုမှာ တစ်ရက်ကို တင်း၂၀၀၀လောက်ပဲ ဝယ်နိုင်သလို ဖြစ်နေတယ်။
Yangon_Times/LW
#Local_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
မှတ်ပုံမတင်ရင် မေလထဲမှာပုဂ္ဂလိက ကျောင်းတွေ ယာယီပိတ်သိမ်းခံရမှာဖြစ်လို့ အခုရက်ပိုင်းထဲမှာ မှတ်ပုံလာတင်တဲ့ ပုဂ္ဂလိကကျောင်းတွေရော KMD လို အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်းတွေပါ ရာချီပြီးတော့ မှတ်ပုံလာတင်ကြတယ်။
Yangon_Times/tthl
#Local_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ကချင်ပြည်နယ် ပူတာအိုမှာရှိတဲ့ ရေခဲတောင်ခရီးစဉ်ကို နယ်မြေအခြေနေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲတွေ ကြောင့် ယခုဧပြီလမှာ ရေခဲတောင်တတ်တဲ့ ခရီးစဉ် ယာယီရပ်နားထားတယ်လို့ ရေခဲတောင် ခရီးသွားပိုဆောင်ရေး လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်
Yangon_Times/LW
#Local_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ရော်ဘာတန်ချိန် နှစ်သိန်းနီးပါးတင်ပို့ ထားတယ်လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှ သိရပါတယ်။
Yangon_Times/NN
#Local_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဒီနှစ်သင်္ကြန်မှာတော့ ရာသီဥတုပူပြင်းတဲ့အတွက် ရေတံခွန်တွေရှိတဲ့ ပြင်ဦးလွင် ဓာတ်တော်ချိုင့်ရေတံခွန်၊ ပွဲကောက်ရေတံခွန်(ခေါ်)BE ရေတံခွန်၊ ပိတ်ချင်းမြောင်ရေတံခွန်အစရှိတဲ့ ရေတံခွန်တွေကို လာလည်သူအများဆုံးဖြစ်လာနိုင်တယ်။
Yangon_Times/tthl
#Local_News
#Published_ 03 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
အမေရိကန် ဘောလ်တီမိုးမြို့က တံတားပြိုကျခဲ့တဲ့ဖြစ်ရပ်ဟာ လုံးဝမဖြစ်သင့်ဘူးလို့ ဒေသခံများက ယူဆနေကြပြီး တံတားရဲ့ ခိုင်ခံ့မှုအခြေအနေနဲ့ သင်္ဘောရဲ့ ဘေးကင်းစွာမောင်းနှင်ရေးတို့အပေါ် မေးခွန်းထုတ်နေကြပါတယ်။
ဘောလ်တီမိုးရှိ ဖရန်ဆစ်စကော့ကီးတံတားဟာ သင်္ဘောကြီးတစ်စင်းက ပွတ်တိုက်မိပြီးနောက် ပြိုကျသွားခဲ့ကာ လူခြောက်ဦး ပျောက်ဆုံးနေပါတယ်။
#World_News
#Published_ 02 April 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 463 of 1220