#Daily_News
Published 13 December 2023
၁။ ကျိုက်ထီးရိုးသို့ ပိတ်ရက်ဘုရားဖူးတစ်ထောင်ခန့် ဝင်ရောက်၊ ဇန်နဝါရီလ၌ ပဌာန်းပွဲ၊ ဆီမီးကိုးထောင်ပူဇော်ပွဲများရှိ
၂။ ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်အေးနေပြီး ပွဲတော်ချိန်များ၌ ဈေးမာနိုင်
၃။ ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သူများပြားနေပြီး စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေဟုဆို
၄။ ကမ္ဘာ့စွမ်းအင်သစ်ယာဥ်များ ကွန်ဂရက်တွင် နောက်ဆုံးပေါ်ထုတ်လုပ်မှုများနှင့် အနာဂတ်လမ်းကြောင်းများ ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေး Belt and Road(၁၀)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ဆီမီး(၁၀၀၀၀)ထွန်းညှိပူဇော်တာ၊ ဆွမ်းကပ်တရားနာ ဆုတောင်းပွဲတွေ ပြုလုပ်သွားဖို့ရှိတယ်။ မန္တလေးနှင့်ပုဂံမှာလည်းကျင်းပဖို့ရှိပါတယ်။ မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ ဒေါ်အေးသဉ္ဇာသူ
Yangon-Times/tthl
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
' စက်သုံးဆီ အရောင်းဆိုင်များထံ ဆီတွေလုံလောက်အောင် ရောင်းချပေးထားပြီးဖြစ်တာကြောင့် မကြာမီရက်ပိုင်းအတွင်း ပုံမှန်အနေအထားအဖြစ် ပြန်လည်ရောက်ရှိနိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင် ရောင်းချ ဖြန့်ဖြူးရေးအသင်း ကသိရပါတယ်။
Yangon-Times/NN
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့သူတွေ များနေပြီး ယင်းစစ်ရှောင်တွေ အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို ကရင် ပြည်နယ်မှာရှိတဲ့ လူမှုကူညီရေး အသင်းတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
'ပြီးခဲ့တဲ့ တစ်လဝန်းကျင်လောက်က အရောင်းအဝယ်သွက်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ သီတင်းကျွတ် တန်ဆောင်တိုင် ရှိတယ်ဆိုတော့ မြန်မာလူမျိုးတွေရဲ့ ဓလေ့အတိုင်း ပိုက်ဆံတွေ သုံးကြစွဲကြတော့ အရောင်းအဝယ်သွက်ခဲ့ပါတယ်၊ ဒါပေမယ့်အခု ၁၅ရက်လောက်ရှိပြီ အရောင်းအဝယ် နည်းနည်းလေးအေးပါတယ် '
Yangon-Times/NN
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
‘ ပုံမှန်ကြားရက်တွေမှာ ပြည်တွင်းပြည်ပ ဘုရားဖူးခရီးသွား(၅၀၀)ခန့် ဝင်ရောက်ပြီး ပိတ်ရက်တွေမှာ တော့ (၁၀၀၀)လောက် ဝင်ရောက်လာတယ်။ နှစ်စဉ် ဇန်နဝါရီ ၁ရက်ရောက်တိုင်း ပဌာန်းပူဇော်ပွဲတွေနဲ့ ဆီမီးကိုးထောင်စတဲ့ဆီမီးပူဇော်ပွဲတွေရှိတဲ့အတွက် ဘုရားဖူးပြည်သူတွေ လာရောက်ဖူးမြော် ကြည်ညိုနိုင်တယ်’
ကျိုက်ထီးရိုးစေတီတော် ဂေါပကအဖွဲဝင်တစ်ဦး
Yangon-Times/tthl
#Local_News
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
တရုတ်ပြည်ရဲ့ ပထမဆုံးပြည်တွင်းထုတ် အပျော်စီးသင်္ဘောရဲ့ အစိတ်အပိုင်းများ တပ်ဆင်မှုပြီးစီးကာ တနင်္ဂနွေနေ့က နိုင်ငံပေါင်းစုံမှ သင်္ဘောဝန်ထမ်း ၁,၂၉၂ ဦး ရောက်ရှိခဲ့ပြီဖြစ်ရာ စမ်းသပ်ပြေးဆွဲရန် အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။
Adora Magic City လို အမည်ပေးထားတဲ့ အပျော်စီးသင်္ဘောကြီးဟာ ဒီဇိုင်းဆွဲခြင်း၊ ဆောက်လုပ်ခြင်း၊ စမ်းသပ်ပြေးဆွဲမှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် နိုဝင်ဘာ ၄ ရက်နေ့က ရှန်ဟိုင်းမှာ ရေချခဲ့ပြီး ၂၀၂၄ ဇန်နဝါရီ ၁ ရက်နေ့မှာ ပထမဆုံးခရီးစဥ်ပြေးဆွဲရန် စီစဥ်ထားပါတယ်။
#Asia_News
#Published 12 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 455 of 1115