"ပုံမှန်သုံးလကို ဆီကြိတ်စက်အကြီး ၇လုံး၈လုံးလောက် ရောင်းချနေရာမှ အခုသုံးလအတွင်း ဆီစက်လုံးရေ ၂၀လောက်ရောင်းချရတယ်။ မနှစ်ကထက် နှစ်ဆလောက်ပိုရောင်းရတယ်။ သယ်ယူပို့ဆောင်စရိတ်တွေ တိုးလာတဲ့အတွက် ဆီစက်တွေ ဈေးကျပ်၅သိန်းမှ ၁၀သိန်းအထိ တက်လာတယ်" အောင်ဇမ္ဗူ ဆီစက်ရောင်းချသည့်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး
Yangon-Times/tthl
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိတဲ့ ပဲစဉ်းငုံများကို ပွဲခမယူဘဲ ကာလပေါက်ဈေး အတိုင်ပေးပြီး တန်၂၀၀၀ကျော် ၀ယ်ယူသွားမယ်လို့ မကွေးတိုင်း တောင်သူဖွံဖြိုးရေးအဖွဲ့ထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
မလေးရှားမှာ နိုင်ငံတကာက အော်ဒါရရှိမှုနည်းပါးနေတာကြောင့် စက်ရုံပိတ်သိမ်းမှု အချို့ပင်ရှိနေပြီး ပြည်ပလုပ်သားခေါ်ယူမှု လျော့ကျနေကာ လာမယ့်တရုတ်နှစ်ကူးပြီးလျှင်လည်း လုပ်သားသစ်ခေါ်ယူမှု ဆက်လက်လျော့ကျနိုင်တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF) ကသိရပါတယ်။
Yangon-Times/NN
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
လမ်းပန်းဆက်သွယ်ရေး အခက်ခဲနဲ့ ကုန်အ၀င်နည်းလာတဲ့အတွက် ရှမ်းကြက်သွန်ဖြူ တစ်ပိသာကိုကျပ် ၂၀၀၀ ကျော် ဈေးမြင့်လာတယ်လို့ ရန်ကုန်ရှိ ကြက်သွန်ပွဲရုံတွေထံက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 14 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၀၂၃ ကမ္ဘာ့စွမ်းအင်သစ်ယာဥ်များကွန်ဂရက် (WNEVC)ဟာ တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်ကော်မှာ စနေနေ့က ပြီးဆုံးခဲ့ပြီး စွမ်းအင်သစ် မော်တော်ယာဥ်လုပ်ငန်းကဏ္ဍရဲ့ နောက်ဆုံးပေါ်တိုးတက်မှုများနဲ့ အနာဂတ်လမ်းကြောင်းများကို ပြသခဲ့ပါတယ်။
၃ ရက်တာပွဲမှာ စတီယာရင်မပါတဲ့ အဆင့်မြင့်မောင်းသူမဲ့ယာဥ်များနဲ့ သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေကနေ အဓိကနဲ့ နေရာခွဲများကြား စီးနင်းသူများကို လမ်းပြပေးပါတယ်။
#Asia_Industry
#Published 13 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၁၃ ဒီဇင်ဘာ ၂၀၂၃
KNLA နှင့် PDFများမြဝတီမြို့နယ်၊ သင်္ကန်းညီနောင်ရှိ 230 KV ဓာတ်အားခွဲရုံအား Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ဖျက်ဆီး
ကျောက်တံခါးမြို့နယ်အတွင်း မန္တလေး-ရန်ကုန် လူစီး ရထားအား ရီမုမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ဖျက်ဆီးခံရ
၁၃-၁၂-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ဆန်မြို့၊ နမ့်ခမ်းမြို့၊ ရခိုင်ပြည်နယ် ယဉ်ကျေးမှုအမွေအနှစ်နယ်မြေ မြောက်ဦးမြို့နှင့် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းတို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့်
ပတ်သက်၍ နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်အပြည့်အစုံကို ပြန်လည် ဖော်ပြပေးအပ်ပါတယ်။
-ymg/knl
Page 454 of 1115