ဇန်နဝါရီလ ၂၆ ရက်နေ့ရဲ့ စက်သုံးဆီဈေးနှုန်းတွေဟာ ဇန်နဝါရီလ ၂၅ ရက်နေ့ကထက် ကျပ်တစ်ရာကျော် မြင့်တက်လာတယ်လို့ စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ထုတ်ပြန်တဲ့ ဈေးနှုန်းတွေအရ သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
ဒေသ(၉)ခု၌ ဆောင်းမိုးထစ်ချုန်းရွာဦးမည်။ "စစ်ကိုင်းအထက်ပိုင်း၊ အောက်ပိုင်းနှင့်တနင်္သာရီ၊ ကချင် ၊ချင်း၊ ရှမ်း(မြောက်နှင့် အရှေ့)၊ ကရင်နှင့် မွန်တို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်။ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်းနှင့် မိုးသီးကြွေခြင်းဖြစ်နိုင်တယ်" မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၊ညွှန်ကြားရေးမှူးဦးလှထွန်း
Yangon Times/tthl
#Local_News
#Published_ 26 January 2024
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးဘီးစက်ဘီးတွေရဲ့ ကုန်ကျစရိတ် သက်သာမှုနဲ့ အဆင်ပြေချောမွေ့မှုတို့ကြောင့် ဒီဂျစ်တယ်စီးပွားရေး ပလက်ဖောင်းတွေကနေ အမေရိကန်သုံးစွဲသူ အများအပြား မှာယူမှုမြင့်တက်လာပါတယ်။
#World_Industry
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 25 January 2024
၁။ ညပိုင်းအေး၍ ရာသီတုပ်ကွေးနှင့် ကိုဗစ်အဖြစ်များနေ၊ ကိုဗစ်က ရာသီတုပ်ကွေးဆန်လာဟုဆို
၂။ သင်္ကြန်ကာလအတွက် ဥရောပနှင့် ဒေသတွင်း ပြည်ပခရီးစဉ်များ ရောင်းချရမှု များပြားနေသော်လည်း ကိုဗစ်မတိုင်မီကာလကို မမှီသေးဟုဆို
၃။ တောင်သူများ အရှုံးသက်သာဈေးစေရန် အတွက် ဒေသပေါက်ဈေးအတိုင်းပေးပြီး မြေပဲတောင့် တန်၇၀၀ကျော် ၀ယ်ယူနိုင်ခဲ့ဟုဆို
၄။ တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးဘီးစက်ဘီးများ အမေရိကန်မှ မှာယူသူအလွန်များပြားလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
ငွေကြေးနဲ့ ရွှေဈေးကွက်ထဲမှာ ဒေါ်လာနဲ့ ရွှေဈေးကစားသူအချို့ကြောင့် ရွှေဈေးစံချိန်တင်မြင့်တက်လာတဲ့ အတွက် ထိန်းသိမ်း ရောင်းဝယ်ကြဖို့ ရွှေအသင်းက သတိပေးလာတယ်လို့ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်က
သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
တရုတ်နှစ်သစ်ကူးပွဲတော်နှင့် နှစ်သစ်ကူးယဉ်ကျေးမှုပြပွဲ သံရုံးမှ ကျင်းပမည် ‘‘မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ ရန်ကုန်တရုတ်ယဉ်ကျေးမှု စင်တာတို့ပူးပေါင်းပြီး တရုတ်နှစ်သစ်ကူး ယဉ်ကျေးမှုပြပွဲ ၊တရုတ်ရိုးရာအကစတဲ့ အခမဲ့သင်တန်း၊ တရုတ်ပညာတော်သင် မြန်မာကျောင်းသားတွေရဲ့စကားဝိုင်းစတဲ့ လှုပ်ရှားမှုပွဲတွေကို ကျင်းပဖို့ စီစဉ်ဆောင်ရွက်နေတယ်’’ တရုတ်နိုင်ငံမှ ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ သံတမန် မနှင်းပုလဲ(ခေါ်) Zhang Rui
Yangon Times/tthl
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
သင်္ကြန်ပိတ်ရက်မှာတော့ ဥရောပဘက်ကိုထွက်မယ့် ခရီးစဉ်တွေ တော်တော်များများ ရောင်းချနေတာတွေ တွေ့ရတယ်၊ တော်တော်များများလည်း စိတ်ဝင်စားကြတယ်ပေါ့နော်၊ ရက်ရှည်ခရီးစဉ်ဖြစ်တဲ့အတွက် အဲ့ဒီဟာတွေလည်းကျွန်တော်တို့ရောင်းတယ်၊ နောက်ပြည်ပထွက်တဲ့ ခရီးစဉ်တွေကလည်းပဲ အလားအလာကောင်းတယ်လို့ သိရပါတယ်။
Yangon Times/NN
#Local_News
#Published_ 25 January 2024
#YMG #Yangon_Times #Yangon_Media_Group
Page 415 of 1113