#Daily_News
Published 3 August 2024
၁။ ဆီကားထက် EVကားများဖြင့် ခရီးဝေးသွားပါကစရိတ်ထက်ဝက်ကျော်သက်သာ၍ စီးသူပိုများလာ
၂။ ပဲခူးဘူတာရေပြန်ကျ၍ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ
၃။ MoU U-turnဖြင့် ထိုင်းသွားမည့်မြန်မာလုပ်သားများ ယခုလမှစတင်၍ မိသားစုထံလွှဲပို့ငွေအထောက်အထားပြသရမည်
၄။ ပထမအကြိမ်နိုင်ငံတကာ ရေတပ်ဖလားရွက်လွှင့်ပြိုင်ပွဲ တရုတ်နိုင်ငံတွင် ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
ပြည်တွင်းဖြစ် မြေပဲဆီ တစ်ပိဿာ ကျပ် ၁၇,၀၀၀ နဲ့ ရန်ကုန်မြို့မှာ ဒီကနေ့ကစတင်ပြီး ရောင်းချပေးနေတယ်လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက သိရပါတယ်။
#Local_News
Published 3 August 2024
#မြေပဲဆီ #တစ်ပိဿာကျပ်၁၇,၀၀၀
#YMG/NN #Yangon_Times
အခုဩဂုတ်လကစတင်ပြီး ထိုင်းနိုင်ငံကို MoU U-turm (အမ်အိုယူ ယူ-တမ်း) စနစ်နဲ့သွားမယ့် မြန်မာလုပ်သားတွေ အနေနဲ့ ဘတ် ၆,၀၀၀ မိသားစုထံ လွှဲပို့ထားတဲ့ အထောက်အထားပြသရမယ်လို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 3 August 2024
#မိသားစုထံလွှဲပို့ငွေ #အထောက်အထားပြရ
#YMG/NN #Yangon_Times
ပဲခူးမြစ်ရေလျှံတာကြောင့် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့တဲ့ ပဲခူးဘူတာဝင်းအတွင်းရေ ပြန်လည်ကျဆင်းပြီဖြစ်တာကြောင့် ဩဂုတ်လ (၃)ရက် ယနေ့က စတင်ပြီး ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ် တွေ ပြန်လည်ပြေးဆွဲသွားမယ်လို့ မော်လမြိုင်ဘူတာကြီးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 3 August 2024
#ပဲခူးဘူတာရေပြန်ကျ #ခရီးစဉ်များပြန်လည်ပြေးဆွဲ
#YMG/NN #Yangon_Times
စက်သုံးဆီခက်ခဲချိန် ရန်ကုန်-နေပြည် တော်သွားဖို့ ဆီကားကို စင်းလုံးငှားရမ်းပါက အသွားအပြန်(၅) သိန်းကျော်ကုန်ကျနိုင်သော်လည်း EVတက်စီ စင်းလုံးငှားယာဉ်နဲ့ဆိုရင် အသွားအပြန် (၂)သိန်းခွဲခန့်သာကုန်ကျနိုင်တယ်လို့ သိရပါတယ်။
#Local_News
Published 3 August 2024
#EVကား #စီးသူပိုများလာ
#YMG/tthl #Yangon_Times
ပဲရစ်အိုလံပစ်အားကစားပွဲကျင်းပနေချိန်တွင် ရှေးဟောင်းအိုလံပီယာအမွေအနှစ်နေရာ၌ ခရီးသွားဧည့်သည်များပြားလာနေ
၂၀၂၄ နွေရာသီ ပဲရစ်အိုလံပစ်အားကစားပွဲတွေမှာ ကမ္ဘာ့ထိပ်သီး အားကစားသမားများ ယှဉ်ပြိုင်နေကြသလို အိုလံပစ်မီးရှူးတိုင် စတင်ထွန်းညှိတဲ့ ရှေးဟောင်းအိုလံပီယာ ယဉ်ကျေးမှုနေရာမှာလည်း ခရီးသွားဧည့်သည်တွေ စည်ကားနေပါတယ်။
#World_Sports
Published 2 August 2024
#ပဲရစ်အိုလံပစ်အားကစားပွဲ #ရှေးဟောင်းအိုလံပီယာယဉ်ကျေးမှုနေရာ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 2 August 2024
၁။ ကမ္ဘာ့ရွှေဈေး တစ်ရက်တည်းနှင့်(၃၅)ဒေါ်လာတက်၊ YGEA ရွှေဈေးပါ(၇)သောင်းကျော်တက်လာ
၂။ စားသုံးဆီ၊ ဆေးဝါးနှင့် ဓာတ်မြေသြဇာတင်သွင်းသည့် ကုမ္ပဏီများကို ထိုင်းဘတ် ၆၉ သန်းနှင့် တရုတ်ယွမ် ၉ သန်းကိုဗဟိုဘဏ်ရောင်းချပေး
၃။ တောင်ငူမြို့၌ မြစ်ရေစိုးရိမ်ရေအမှတ်အထက်တက်နိုင်
၄။ ပဲရစ်အိုလံပစ်အားကစားပွဲကျင်းပနေချိန်တွင် ရှေးဟောင်းအိုလံပီယာအမွေအနှစ်နေရာ၌ ခရီးသွားဧည့်သည်များပြားလာနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Page 247 of 1102