၂၂ စက်တင်ဘာ ၂၀၂၄
တရုတ်နိုင်ငံက လကမ္ဘာရဲ့ ထူးခြားဆန်းကြယ်မှုတွေကို ပို၍သိရှိနိုင်အောင်အတွက် ၂၀၂၆ခုနှစ်ဝန်းကျင်ခန့်မှာ ချန်အီး-၇ လကမ္ဘာသွားအစီအစဉ်တစ်ခု ဆောင်ရွက်သွားဖို့ရှိနေပါတယ်။ မြေပြင်မှ သဘာဝဂြိုဟ်တုမှာ တွေ့ရတဲ့ လရဲ့ တောင်ဝင်ရိုးစွန်းမှာ ရေရှိနေတယ်ဆိုတာ ဟုတ်မဟုတ်ကို အဲဒီခရီးမှာ စစ်ဆေးသွားမယ်လို့ လစူးစမ်းရှာဖွေရေးစီမံကိန်းကြီးရဲ့ တရုတ်နိုင်ငံ ဒီဇိုင်းနာချုပ် ဝူဝီရင်က ပြောပါတယ်
Source CCTV
အရပ်ဘက်သုံးကိရိယာပစ္စည်းများအား ကြားခံလက်နက်အဖြစ်အသုံးမပြုရန် ကုလအထွေထွေအတွင်းရေးမှူးချုပ်သတိပေး
စစ်ရေးကိစ္စတွေမှာ အရပ်ဘက်သုံးပစ္စည်းများ အသုံးချနေတာဟာ အန္တရာယ်များတဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဗုဒ္ဓဟူးနေ့ကကျင်းပတဲ့ နယူးယော့မြို့ ကုလရုံးချုပ် အစည်းအဝေးမှာ သတိပေးလိုက်ပါတယ်။
#World_News
Published 21 September 2024
#ကြားခံလက်နက် #အရပ်ဘက်သုံးကိရိယာပစ္စည်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 21 September 2024
၁။ ဗုဒ္ဓဂါယာဘုရားဖူးပို့ဆောင်မည့် ခရီးသွားကုမ္ပဏီများ မှတ်ပုံတင်စာရင်းပေးသွင်းနိုင်
၂။ ရေဘေးကြောင့် သက်ကယ်အင်္ကျီများ ပစ္စည်းပြတ်သည့်အထိရောင်းချရ
၃။ ရေဘေးသင့်ဒေသများအတွက် ဝယ်ယူကြသောကြောင့် ဒန်အိုး၊ဒန်ခွက်များ ပစ္စည်းပြတ်သည်အထိ အော်ဒါမှာယူမှုများပြား
၄။ အရပ်ဘက်သုံးကိရိယာပစ္စည်းများအား ကြားခံလက်နက်အဖြစ်အသုံးမပြုရန် ကုလအထွေထွေအတွင်းရေးမှူးချုပ်သတိပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာယူ-၂၀ အသင်းဟာ ၂၀၂၅ အာရှယူ-၂၀ခြေစစ်ပွဲ အုပ်စု (I)မှာ အိမ်ရှင် ကာဂျစ်စတန်နဲ့စက်တင်ဘာ(၂၅)ရက်မှာ၊ ဂျပန်နဲ့စက်တင်ဘာ(၂၇)ရက်မှာ၊ တာ့ခ်မင်နစ္စတန်အသင်းနဲ့ စက်တင်ဘာ(၂၉)ရက်မှာ ယှဉ်ပြိုင်သွားမှာဖြစ်တယ်လိုသိရပါတယ်။
#Local_News
Published 21 September 2024
#မြန်မာယူ-၂၀အသင်း #ကာဂျစ်စတန်နှင့်ကန်မည်
#YMG/tthl #Yangon_Times
ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေအတွက် အလှူရှင်တွေရဲ့ဝယ်ယူတာတွေကြောင့် ဒန်အိုး၊ ဒန်ခွက် တွေပစ္စည်းပြတ်တဲ့အထိ အော်ဒါမှာယူမှုများပြားနေတယ်လို့ ဝယ်ယူသူတွေနဲ့စက်ရုံတွေက သိရပါတယ်။
#Local_News
Published 21 September 2024
#ဒန်အိုး၊ဒန်ခွက် #ပစ္စည်းပြတ်သည်အထိအော်ဒါမှာ
#YMG/NN #Yangon_Times
လေဖိအားနည်းဆဲလ်ဟာ ထိုင်းနိုင်ငံ၊ ကယား၊ ကရင်ပြည်နယ်တွေကို စတင်ဖြတ်ကျော်လျက်ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့မနက် ၁၀နာရီ ခွဲအချိန်ထုတ်ပြန်ချက်အရ သိရပါတယ်။
#Local_News
Published 21 September 2024
#လေဖိအားနည်းဆဲလ် #ကယားနှင့်ကရင်အားစတင်ဖြတ်ကျော်
#YMG/tthl #Yangon_Times
ရေဘေးကယ်ဆယ်ရေးသွားမယ့် ပရဟိတအဖွဲ့တွေ သက်ကယ်အင်္ကျီဝယ်ယူမှုများတဲ့အတွက် ရန်ကုန်ဈေးကွက်အတွင်းမှာ သက်ကယ်အင်္ကျီတွေ ပစ္စည်းပြတ်တဲ့အထိရောင်းချရနေတယ်လို့ သက်ကယ်အင်္ကျီဖြန့်ချိတဲ့ ပင်ရင်းဒိုင်မှ သိရပါတယ်။
#Local_News
Published 21 September 2024
#သက်ကယ်အင်္ကျီဝယ်ယူမှုများ #သက်ကယ်အင်္ကျီများပစ္စည်းပြတ်
#YMG/tthl #Yangon_Times
Page 212 of 1101