အခု ၂၀၂၄ ခုနှစ် ၇ လတာကာလအတွင်း မြန်မာနိုင်ငံကို ပြည်ပခရီးသွား ၇သိန်းနီးပါး လာရောက်လည်ပတ်ခဲ့တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက သိရပါတယ်။
#Local_News
Published 23 August 2024
#ပြည်ပခရီးသွား #ဟိုတယ်နှင့်ခရီးသွားလာရေး
#YMG/NN #Yangon_Times
မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယမန်နေ့က ဒေါ်လာ၃၁သန်းထပ်မံထုတ်ရောင်းလာပြီး အခုရက်ပိုင်း အတွင်းသန်းပေါင်း ၁၃၀ကျော်အထိ ရောင်းချပြီးဖြစ်တယ်လို့ ဗဟိုဘဏ်ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
#Local_News
Published 23 August 2024
#ဗဟိုဘဏ် #ဒေါ်လာ၃၁သန်းထပ်မံထုတ်ရောင်း
#YMG/NN #Yangon_Times
ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေဖြစ်တဲ့ ဓာတ်ဆီနဲ့ ဒီဇယ်ဈေးတွေ ယမန်နေ့ကထက်အနည်းငယ်ပြန်ကျလာပြီး တစ်ပတ်တာအတွင်းနှိုင်းယှဉ်ရင်တော့ ဈေးဆက်တက်နေဆဲဖြစ်တယ်လို့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်တဲ့ စာရင်းတွေအရသိရပါတယ်။
#Local_News
Published 23 August 2024
#ဓာတ်ဆီနှင့်ဒီဇယ်ဈေး #အနည်းငယ်ပြန်ကျ
#YMG/NN #Yangon_Times
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတွေကို စက်တင်ဘာလ(၁) ရက်နေ့ကနေစတင်ပြီး လျှောက်ထားနိုင်ပြီလို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 23 August 2024
#တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် #စတင်လျှောက်ထားနိုင်
#YMG/tthl #Yangon_Times
မျောက်ကျောက်ရောဂါနဲ့ပတ်သက်လို့ ရန်ကုန်၊ မန္တလေးလေဆိပ်တွေနဲ့ နယ်စပ်ဝင်ထွက်ပေါက် (၅)နေရာမှာရောဂါစောင့်ကြပ်စစ်ဆေးရေးတွေဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှသိရပါတယ်။
#Local_News
Published 23 August 2024
#မျောက်ကျောက်ရောဂါ #ရောဂါစောင့်ကြပ်စစ်ဆေးရေး
#YMG/tthl #Yangon_Times
တရုတ်ပြည် ယူနန်ဒေသရှိ ယုရှီမြို့မှာ မြန်နှုန်းမြင့်အားသွင်းစခန်းတစ်ခုကို ဇူလိုင်လက စတင်ဖွင့်လှစ်လိုက်ပြီး ယူနန်ပို့ဆောင်ရေးထရပ်ကားတွေအတွက် စွမ်းအားမြင့် အားသွင်းတိုင်များ ထောက်ပံ့နေပြီ ဖြစ်ပါတယ်။
#Asia_Development
#Local_News
#မြန်နှုန်းမြင့်အားသွင်းစခန်း #လျှပ်စစ်ကုန်တင်ကား
#YMG #Yangon_Times #Yangon_Media_Group
၂၂ ဩဂုတ် ၂၀၂၄
မြန်မာကိစ္စဖြေရှင်းရာတွင် ကုလသမဂ္ဂ၏ အပြုသဘောဆောင်အခန်းကဏ္ဍကို တရုတ်ကထောက်ခံ ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူ မစ္စမော်နင်းကပြောကြားလိုက်ပါတယ်။
ဩဂုတ်၂၂ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မစ္စ မော်နင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
Source CCTV+
Page 197 of 1062