၃၀ စက်တင်ဘာ ၂၀၂၄
🔳မြန်မာနိုင်ငံမှာ အွန်လိုင်းလိမ်လည်မှုတွေကျူးလွန်တဲ့ တရုတ်နိုင်ငံသား ခေါင်းဆောင် ၂၀ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရုတ်ရဲတွေက ဖမ်းဆီးခေါ်ယူခဲ့တယ်လို့ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက် ပြောကြားတယ်လို့ စီစီတီဗွီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
🔳ဒါဟာ တရုတ်နှင့်မြန်မာနှစ်နိုင်ငံအကြား တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှု အားကောင်းလာခြင်းရဲ့ ရလဒ် ဖြစ်တယ်လို့လည်း သတင်းကဖော်ပြပါတယ်။
🔳ပြစ်မှုကျူုးလွန်သူတွေဟာ ကာလကြာကတည်းက မြန်မာနိုင်ငံမြောက်ပိုင်းက ကိုးကန့်ဂိုဏ်းအချို့နှင့် ပူးပေါင်းကြံ စည်ပြီး လက်နက်ကိုင်အဖွဲ့များကို ထိန်းချုပ်ရန်၊အီလက်ထရွန်းနစ်လိမ်လည်မှုများကိုဆောင်ရွက်ပြီး တရုတ်နိုင်ငံ သားများအပေါ် အွန်လိုင်းလိမ်လည်မှုတွေ ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။
🔳အာဏာပိုင်တွေဟာ မြန်မာနိုင်ငံမြောက်ပိုင်းက ကိုးကန့်ရာဇဝတ်ဂိုဏ်းတွေကို အပြင်းအထန်နှိမ်နှင်းခဲ့လို့ ရာဇဝတ် ဂိုဏ်းခေါင်းဆောင် ၂၀ ဦးဟာ ရန်ကုန်နှင့်မန္တလေးကို
ထွက်ပြေးခဲ့ကြပါတယ်။
🔳သူတို့ဘယ်မှာရှိနေတယ်ဆိုတဲ့ သတင်းအချက်အလက်များရရှိပြီးနောက် မြန်မာနှင့်တရုတ်ရဲတပ်ဖွဲ့တွေဟာ အလုပ် အစီအစဉ်ကို အသေအချာရေးဆွဲပြီးနောက် သူတို့ကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ကြတာဖြစ်ပါတယ်။
🔳သူတို့ကို တရုတ်နိုင်ငံသို့ပြန်လည်ခေါ်ဆောင်ပြီးနောက် အမှုတွေကို ဆက်လက်စစ်ဆေးဖော်ထုတ်မယ်လို့လည်း သိရပါတယ်
ယူကရိန်းစစ်ပွဲတွင် ထဲထဲဝင်ဝင်ပတ်သက်နေသည့် အနောက်တိုင်းနိုင်ငံများအား သတိပေးသည့်အနေဖြင့်ရုရှားနျူကလီးယား မူဝါဒလမ်းစဉ်ပြောင်းလဲဖွယ်ရှိ
ရုရှားနျူကလီးယားမူဝါဒလမ်းစဉ် ပြောင်းလဲမှုမှန်သမျှဟာ ရုရှား-ယူကရိန်းပဋိပက္ခမှာ အလွန်အကျွံ ပါဝင်ပတ်သက်နေတဲ့ အနောက်တိုင်းနိုင်ငံတွေအတွက် သတိပေးချက် ဖြစ်လာလိမ့်မယ်လို့ ရုရှားကျွမ်းကျင်သူများက ဆိုပါတယ်။
#World_News
Published 30 September 2024
#ရုရှားနျူကလီးယား #ယူကရိန်းစစ်ပွဲ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 30 September 2024
၁။ မိုးပါးသွား၍ရေပိုလွှဲမှ ရေကျော်သည့် ရေလှောင်တမံ (၄၇) ခုသာရှိတော့၊ အရင်ထက်လျော့နည်းလာ
၂။ ရေဘေးသင့် ကျေးရွာသားရာချီကို ကယ်ဆယ်ပေးခဲ့သည့်(၁၂)နှစ်အရွယ် 'မောင်ပေါများ'ကို ဂုဏ်ပြုဆုနှင့် လက်ဆောင်များချီးမြှင့်ခဲ့
၃။ အရဟံဖောင်ဒေးရှင်း၏ လေးနှစ်ပြည့်အခမ်းအနား၌ စာတမ်းလေးစောင်ဖတ်ကြားခဲ့
၄။ ယူကရိန်းစစ်ပွဲတွင်ထဲထဲဝင်ဝင် ပတ်သက်နေသည့် အနောက်တိုင်းနိုင်ငံများအား သတိပေးသည့်အနေဖြင့် ရုရှားနျူကလီးယားမူဝါဒလမ်းစဉ်ပြောင်းလဲဖွယ်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
WatchVideo>>>
#YMG #Yangon_Times #Yangon_Media_Group
အခုရက်ပိုင်းဒေသအချို့မှာ မိုးပါးသွားလို့ရေပိုလွှဲမှ ရေကျော်တဲ့ ရေလှောင်တမံစုစုပေါင်း (၄၇) ခုသာရှိတော့ပြီး အရင်ကထက် ရေကျော်တဲ့ဆည်အရေအတွက်လျော့နည်းလာတယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2024
#ရေကျော်တဲ့ဆည် #ရေလှောင်တမံစုစုပေါင်း(၄၇)ခု
#YMG/tthl #Yangon_Times
လေပွေလှိုင်းတွေရဲ့ အရှိန်၊လေအေးတွေရဲ့တွေ့ဆုံမှုကြောင့် ဒေသ(၁၄)ခုမှာ မိုးကြီးပြီး လေပြင်းတိုက်ခတ်ဖိုရှိတယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။
#Local_News
Published 30 September 2024
#လေပွေလှိုင်း #မိုးကြီးပြီးလေပြင်းတိုက်
#YMG/tthl #Yangon_Times
တစ်ပတ်တာအတွင်း ရွှေပြင်ပပေါက်ဈေးတစ်ကျပ်သားကို ကျပ်သုံးသိန်းခွဲကျော်ဝန်းကျင်ကျဆင်း လာပြီး အခေါက်ရွှေအရောင်းအဝယ်ကတော့ ပုံမှန်အတိုင်းရှိနေတာကြောင့် ဒီထက်အရောင်းပိုများလာရင်တော့ ဈေးဆက်ကျနိုင်တယ်လို့ ရွှေဈေးကွက်ထဲက သိရပါတယ်။
#Local_News
Published 30 September 2024
#ရွှေဈေးသုံးသိန်းခွဲကျော်ကျဆင်း #ဈေးဆက်ကျနိုင်
#YMG/NN #Yangon_Times
အရဟံဖောင်ဒေးရှင်း၏ လေးနှစ်ပြည့် အခမ်းအနား၌ သာသနာပြုအတွေ့အကြုံ စာတမ်းငယ်လေးစောင်ဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။
#Local_News
Published 30 September 2024
#အရဟံဖောင်ဒေးရှင်း #စာတမ်းလေးစောင်ဖတ်ကြား
#YMG/NN #Yangon_Times
Page 165 of 1061