Published 24 July 2022
တရုတ်နိုင်ငံ တျန်ဝန်-၁ ဂြိုဟ်ပတ်ယာဉ်က အရည်အသွေးမြင့်မားတဲ့ ပုံရိပ်တွေကို ပြန်ပို့ပေးခဲ့ပါတယ်။ အဲဒီပုံရိပ်တွေဟာ အင်္ဂါဂြိုဟ်ရဲ့ အတွင်းအကျဆုံးနှင့်ကြီးမားတဲ့ သဘာဝဂြိုဟ်ငယ်”လ” နှစ်စင်းရဲ့ ပုံရိပ်တွေပါဝင်ပါတယ်။
အဲဒီပုံတွေကို တျန်ဝန်-၁ မှာတပ်ဆင်ထားတဲ့ အရည်အသွေးမြင့်ကင်မရာတစ်လုံးကနေ ရိုက်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီပုံတွေ ရိုက်ကူးစဉ်မှာ တျန်ဝန်-၁ ဟာ အဲဒီဂြိုဟ်ငယ်နှစ်စင်းကနေ ၅၀၀၀ ကီလိုမီတာအကွာမှာရှိနေပါတယ်။
“ လဂြိုဟ်ငယ်တွေရဲ့ပုံရိပ်တွေကို ဂြိုဟ်ပတ်ယာဉ်ရဲ့ အရည်အသွေးမြင့် ကင်မရာပေါ်က လှိုင်းဖမ်းကိရိယာကနေ ဖမ်းယူခဲ့တာပါ။ ကြိုတင်သတ်မှတ်ထားတဲ့ရည်မှန်းချက်ဖြစ်တဲ့ အင်္ဂါဂြိုဟ်တစ်ခုလုံရဲ့ ပုံတွေကိုရယူပြီးနောက် ဒါဟာ နောက်တိုးလုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်” လို့ တျန်ဝန်-၁ ရဲ့ ဒုတိယဒီဇိုင်းအင်ဂျင်နီယာချုပ် ကျူဆင်ဟွာက ပြောပါတယ်။
တျန်ဝန်-၁က ရိုက်ကူးတဲ့ ပုံတွေမှာ အဲဒီ လဂြိုဟ်ငယ်ကလေးတွေဟာ သေးငယ်ပြီး အာလူးတစ်လုံးလို ပုံမကျပန်းမကျ ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ လဂြိုဟ်ငယ်ကလေးတွေရဲ့ မျက်နှာပြင်မှာ အစင်းကြောင်းအချို့တွေ့ရပါတယ်။ ဒါတွေဟာ နှစ်ကာလအကြာကြီးတုန်းက ရိုက်ခတ်မှုတစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။ပြီးတော့ အချင်း ၂ ကီလိုမီတာလောက်ရှိတဲ့ ချိုင့်ကြီးတစ်ခုကိုလည်း ပုံရဲ့ အပေါ်ညာထောင့်မှာတွေ့နိုင်ကြပါတယ်။
“ အရည်အသွေးမြင့်ကင်ရာကနေ ပုံတွေရိုက်ယူဖို့ ဂြိုဟ်ပတ်ယာဉ်ဟာ သူ့မှာရှိတဲ့ ထိန်းချုပ်မောင်းနှင်တဲ့ စွမ်းရည်ကို ကျွန်တော်တို့ အသုံးပြုခဲ့ကြပါတယ်။ ဒါဟာ ကျွန်တော်တို့ဟာ အင်္ဂါဂြိုဟ်နှင့်သူ့ရဲ့ လတွေကို သိပ္ပံနည်းကျကျ လေ့လာကြည့်ရှုနိုင်တယ်ဆိုတာ သက်သေပြတာပဲဖြစ်တယ်။ အင်္ဂါဂြိုဟ်ရဲ့ လက ဘယ်လိုဖွဲ့စည်းဖြစ်တည်လာတာလဲ။ အဲဒီလဂြိုဟ်ငယ်ကလေးက တဖြည်းဖြည်းနှင့် အင်္ဂါဂြိုဟ်ထဲ တိုက်မိပျက်ကျသွားမလား။ ဒီမေးခွန်းတွေအတွက် သိပ္ပံနည်းကျအချက်အလက်တွေ ကျွန်တော်တို့လိုအပ်တယ်။ သိပ္ပံပညာရှင်အဖွဲ့ဟာ သူတို့ရဲ့ စွမ်းရည်တွေ အစွမ်းကုန်ထုတ်သုံးပြီး နောက်ထပ်လေ့လာကြည့်ရှုချင်တာတွေ ထပ်တောင်းနိုင်တယ်။ ဥပမာ လဂြိုဟ်ငယ်တွေရဲ့ ထောင့်အမျိုးမျိုးကပုံတွေအပါအဝင်ပေါ့” လို့ ကျူးက ဆက်ပြောပါတယ်။
တျန်ဝန်-၁ ဟာ တရုတ်ရဲ့ ပထမဆုံး အင်္ဂါဂြိုဟ်မစ်ရှင်ဖြစ်ပြီး အဲဒီအထဲမှာ ဂြိုဟ်ပတ်ယာဉ်နှင့် ဂြိုဟ်သွားယာဉ် ကျုရောင်း တို့ ပါဝင်ပါတယ်။
ကျူရောင်းဟာ မေလ၁၅ရက်က အင်္ဂါဂြိုဟ်ပေါ် အန္တရာယ်ကင်းစွာ ဆင်းသက်ခဲ့ပြီးအဲဒီ အောင်မြင်မှဒက တရုတ်နိုင်ငံကို ဂြိုဟ်နီကြီးပေါ် ယာဉ်ဆင်းသက်နိုင်တဲ့ ကမ္ဘာ့ တတိယနိုင်ငံအဖြစ် ရောက်ရှိစေခဲ့ပါတယ်။
#Source_CCTV+
#China's_Tianwen-1
#Mars’s_Phobos
#China_space_technology
Published: 24 July 2022
Meta က ယင်းရဲ့ ဖေ့စ်ဘုတ်ခ်နှင့် အင်စတာဂရမ် အက်ပလီကေးရှင်း နှစ်ခုစလုံးကို ယင်းရဲ့ ပြိုင်ဘက် တစ်ခ်တော့ခ်နှင့် ပိုဆင်တူလာအောင် လုပ်ဆောင်နေပါတယ်။ တစ်ခ်တော့ခ်က Metaကို ဘယ်လောက်အထိ လက်ရှိမှာ ခြိမ်းခြောက် နေတယ်ဆိုတာကို ဒီလိုလိုက်ပါပြောင်းလဲနေခြင်းက ပြသနေပါတယ်။
၁၅မိနစ်အောက် မည်သည့်ဗွီဒီယိုမဆို အခု အချိန်ကစပြီး Reel ဗွီဲဒီယိုထဲ ပြောင်းလဲထည့်သွင်းပေးမယ်လို့ အင်စတာဂရမ်က ကြာသပတေးနေ့တုန်းက ကြေညာခဲ့ပါတယ်။ အကယ်လို့ အဲဒီဗွီဒီယိုက အများပြည်သူအကောင့်တစ်ခုကနေ တင်ထားတာဆိုရင် အခြားအကောင့်တွေဆီ အလိုလိုပြသအောင် ကုမ္ပဏီရဲ့ ထောက်ခံမှုပေးတဲ့ အယ်ဂိုရစ်သမ်စနစ်ထဲ သူ့အလိုလို ပို့ပေးမှာဖြစ်တယ်လို့ ကုမ္ပဏီကကြေညာပါတယ်။
အင်စတာဂရမ်ဟာ Reel ကို အမေရိကန်ပြည်ထောင်စုမှာ ၂၀၂၀က စတင်ခဲ့ပါတယ်။ အဲဒီပုံစံကို တစ်တော့ခ်ရဲ့ ဗွီဒီယိုအတိုကလေးတွေအတိုင်း လိုက်ပြီးပုံစံတူလုပ်တာလို့ အများစုက ယူဆထားကြတာဖြစ်ပါတယ်။
ဖေ့စ်ဘုတ်ခ်ကလည်း ယင်းရဲ့ IOS နှင့် Android အက်ပလီကေးရှင်းပေါ်က ဂန္တဝင် News Feed ကို ခွဲထုတ်နေပါတယ်။ ဖေ့စ်ဘုတ်ခ်အနေနှင့် အသုံးပြုသူတွေ စိတ်ဝင်စားလိမ့်မယ်လို့ ထင်ထားတဲ့ အကြောင်းအရာတွေကို ကုမ္ပဏီရဲ့ ရှာဖွေမှု အင်ဂျင်ကနေ အများမြင်နိုင်အောင် တိုးမြှင့်ဆောင်ရွက်ပေးမှာဖြစ်ပြီး အဲဒါတွေကို "Home" tab ပေါ် ချက်ခြင်းတင်ထားပေး မှာဖြစ်ပါတယ်။
ဖေ့စ်ဘုတ်ခ်အသုံးပြုသူတွေဟာ သူတို့ရဲ့ friends တွေနှင့် သူတို့ ဖော်လို လုပ်ထားတဲ့ ပေ့ချ်တွေကိုတော့ ယခင် Home Tab ကနေ Tab အသစ်ဖြစ်တဲ့ "Feeds" tab မှာ ပြောင်းလဲကြည့်ရှုနိုင်ကြမှာဖြစ်ပါတယ်။
ကုမ္ပဏီဟာ တစ်ခ်တော့ဆီကနေ မကြုံစဖူးသော ပြိုင်ဆိုင်မှုအတိုင်းအတာတစ်ခုအထိ ရင်ဆိုင်နေရတယ်လို့ ဇူကာဘတ်က သူ့ ဝန်ထမ်းတွေကို ဖေဖော်ဝါရီလတုန်းကပြောထားပါတယ်။
“ လူတွေဟာ သူတို့အချိန်တွေ ဘယ်လိုဖြုန်းရမယ်ဆိုတာနှင့်ပတ်သက်ပြီး ရွေးချယ်စရာတွေ အများကြီးကိုဖြစ်လာပြီ။ တစ်ခ်တော့လိုမျိုးတွေဟာ ခပ်မြန်မြန်ကြီးထွားလာနေတယ်” လို့ ကုမ္ပဏီတစ်ခုလုံးနှင့် အစည်းအဝေးမှာ ဇူကာဘတ်က ပြောခဲ့တယ်လို့ ဘလွမ်းဘတ်သတင်းဌာနက ရေးသားပါတယ်။
၂၀၂၁ ခုနှစ် နောက်ဆုံးလေးလပတ်မှာ ဖေ့စ်ဘုတ်အသုံးပြုသူအရေအတွက် ပထမဆုံးအဖြစ် မကြုံစဖူးကျဆင်းခဲ့တာပါ။
လက်ရှိမှာ လစဉ် ဖေ့စ်ဘုတ်ခ်နှင့် အင်စတာဂရမ်တွေထက် Gen Zတွေဟာ ပိုပြီးအသုံးပြုနေကြတာဖြစ်ပါတယ်လို့ Insider Intelligenceရဲ့ ၂၀၂၁ စစ်တမ်းအရသိရပါတယ်။ Meta ရ့ ကိုယ်ပိုင်ကြေညာအင်ပါယာနှင့်ယှဉ်ရင် အတော်သေးငယ်ပေမယ့် တစ်ခ်တော့ခ်ရဲ့ ကြေညာလုပ်ငန်းကလည်း တိုးတက်ကြီးပွားလာနေပါတယ်။ တစ်ခ်တော့ကြေညာဟာ တွစ်တာနှင့် Snapchat နှစ်ခုပေါင်းကို ကျော်ဖြတ်သွားခဲ့ပြီဖြစ်ပါတယ်။
ဖေ့စ်ဘုတ်ခ်နှင့်အင်စတာဂရမ်ကို ပြောင်းလဲမှုတွေလုပ်တာဟာ တစ်ခ်တော့ကို ကော်ပီကူးတာလားလို့ Insider က မေးမြန်းမှု အပေါ် Meta က မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။
#Source_insider
#Facebook_Instagram_copy_TikTok
#TikTok_threatened_Meta
#Social_Media_platforms
Published: 22 July 2022
တရုတ်နိုင်ငံရဲ့ ပထမဆုံး မောင်းသူမဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း စီးပွားဖြစ် ရှေ့ပြေးဇုန်ကို မြို့တော် ဘေဂျင်းမှာ ဗုဒ္ဓဟူးနေ့က တရားဝင်ဖွင့်လှစ်ပေးလိုက်ပါတယ်။
ရှေ့ပြေးဇုန်ဟာ ဘေဂျင်းရဲ့ စီးပွားရေးနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဧရိယာထဲမှာ ၆၀ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ အဲဒီနေရာမှာ မောင်းသူမဲ့ ယာဉ် အစီး၃၀ ဟာ ပုံမှန် သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါလိမ့်မယ်။
ပြီးခဲ့တဲ့ နှစ် ဧပြီလမှာ ဘေဂျင်း အလိုအလျောယာဉ်မောင်းဌာနက လမ်းပေါ် ခရီးသည်တင်ဆောင် စမ်းသပ်မောင်းနှင်ခွင့် လိုင်စင်ထုတ်ပေးပြီးကတည်းက လမ်းပေါ်စမ်းသပ်မောင်းနှင်မှုစုစုပေါင်း ကီလိုမီတာ သုံးသိန်းကျော်ရှိခဲ့ပြီး အော်ဒါမှာ စီးနင်းမှုပေါင်း လေးသိန်း သုံးသောင်း ကျော်ရှိခဲ့ပါတယ်။
စမ်းသပ်မောင်းနှင်ပြီးနောက် ပြုပြင်မွမ်းမံတာတွေ ဆက်တိုက်လုပ်ပြီးတဲ့နောက် မောင်းသူမဲ့ ယာဉ်တွေရဲ့ အမြန်နှုန်းနှင့် သက်သောင့်သက်သာရှိမှုတွေ ဖြည်းဖြည်းချင်းတိုးတက်လာခဲ့ပါတယ်။
“ ကျွန်တော်တို့ ပထမဆုံး ကားကို စီးတုန်းက အမြန်နှုန်းဟာ တစ်နာရီကို ၂၅ ကီလိုမီတာရှိခဲ့ပါတယ်။ အခုဆိုရင် အမြန်နှုန်းက တစ်နာရီကို ကီလိုမီတာ ၅၀ ကနေ ၆၀ အထိရလာပါပြီ” လို့ ဘေဂျင်းဒေသခံ မစ္စတာလျူက ပြောပါတယ်။
ဘေးအန္တရာယ်ကင်းရှင်းရေး စိတ်ချရစေဖို့အတွက် မောင်းသူမဲ့ ယာဉ်တွေတိုးမြှင့်သုံးစွဲလာနိုင်ရေး ဒေသအစိုးရတွေက အနာဂတ်မှာ မူဝါဒပိုင်းနှင့် ငွေကြေးပိုင်းကို ထောက်ပံ့ကူညီမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
#Source_CCTV+
#China's_first_unmanned_transport_service
#China_selfdriving_taxi
#China_High_Tech
Published 17 July 2022
အာရှရဲ့ ပထမဆုံး မီတာ ၃၀၀ ရေနက် ဂျက်ကက်ကြီးတစ်ခုကို တရုတ်အမျိုးသား ကမ်းလွန်ရေနံကော်ပိုရေးရှင်း CNOOCက ပြည်တွင်းမှာ အမှီအခိုကင်းစွာ ဒီဇိုင်းထုတ်တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အဲဒီ ရေနက် ဂျက်ကက်ကို သောကြာနေ့က ယူနစ်တွေအားလုံးကို စမ်းသပ်ခဲ့တယ်လို့ တရုတ်ရဲ့ ထိပ်တန်းကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်တဲ့ အဲဒီကုမ္ပဏီကပြောပါတယ်။
အဆိုပါ ရေနက် ဂျက်ကက်ကြီးကို ဟိုင်းကျီး-၁ လို့အမည်ပေးထားလိုက်ပြီး ကွမ်တုံပြည်နယ် ပုလဲမြစ်ဝှမ်းအဝမှာ တည်ဆောက်ထားတာပါ။ အမြင့်က ၃၄၀.၅ မီတာရှိပြီး အလေးချိန် တန်ချိန်လေးသောင်းရှိပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ကမ်းလွန်ရေနံထုတ်လုပ်ရေးပလက်ဖောင်းမှာ အကြီးဆုံးစံချိန်တင်ခဲ့တာဖြစ်ပါတယ်။
“ ဒီစီမံကိန်းတည်ဆောက်မှုကာလဟာ ၂၈ လကြာမြင့်ခဲ့ပါတယ်။ အဲဒီထဲမှာ တန်ချိန်သုံးသောင်းရှိ ဂျက်ကက်ကြီး တည်ဆောက်တပ်ဆင်မှုလည်းအပါအဝင်ပါ။ ဒီဂျက်ကက်ဟာ ရေအောက်ပိုက်လိုင်းတွေ ၂၅.၆ ကီလိုမီတာသွယ်တန်းထားတဲ့ အဆောက်အအုံရှစ်ခုပါဝင်ပါတယ်။ လူအင်အား တစ်ထောင်ကျော် ဟာ ဒီတည်ဆောက်ရေးလုပ်ငန်းထဲ ပါဝင်ခဲ့ကြပါတယ်” လို့ CNOOC ရှန်ကျင့်ဌာနခွဲရဲ့ ဒုတိယအထွေထွေမန်နေဂျာ ယွမ်ဝေကပြောပါတယ်။
ကမ်းလွန်ရေနံအင်ဂျင်နီယာရင်း စီမံကိန်း ဟိုင်းကျီး-၁ ဟာ ဒီနှစ် ဒုတိယနှစ်ဝက်မှာ လုပ်ငန်းစတင်လည်ပတ်မယ်လို့ မျှော်မှန်း ထားပါတယ်။ တောင်တရုတ်ပင်လယ်မှာရှိတဲ့ လူဖင်း ရေနံတွင်းပလက်ဖောင်းအတွက် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ နေ့စဉ် ရေနံထုတ်လုပ်မှုဟာ အပြည့်အဝလည်ပတ်ချိန်မှာ တန် ၆၅၀၀ အထိရှိလာမယ်လို့သိရပါတယ်။
ဒီစီမံကိန်းရဲ့ ဒီဇိုင်းကို ဆိုးရွားတဲ့ရာသီဥတုအခြေအနေတွေနှင့် လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်ထားပါတယ်။ အားပြင်းတဲ့ ရေစီးကြောင်းတွေ၊ကြီးမားတဲ့ သဲလှိုင်းတွေနှင့် ပင်လယ်ကြမ်းခင်းပေါ်က လေဖိအားတွေလို့ ပြဿနာတွေကို ဖြေရှင်းကျော်လွှားပြီး ဆန်းသစ်တီထွင်တဲ့ ဒီဇိုင်းလုပ်ခဲ့ကြရတာဖြစ်ပါတယ်။ဒါဟာ တောင်တရုတ်ပင်လယ်ထဲမှာ အင်မတန်ကြီးမားတဲ့ အဆောက်အအုံတွေကို အတိအကျတည်ဆောက်နေရာချထားရတာပါ။
“ ဟိုင်းကျီး-၁ ပင်လယ်ထဲမှာ စမ်းသပ်မှုတွေလုပ်စဉ် ချာဘာ တိုင်ဖုန်းနှင့်ကြုံခဲ့ကြရပါတယ်။ ဆိုးရွားတဲ့ရာသီဥတုရဲ့ အကျိုးဆက်ကို ထိရောက်စွာကျော်လွှားဖို့ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို အဖွဲ့သားတွေလုပ်နိုင်ခဲ့ကြပါတယ်။ အဓိကစနစ်ကြီး ၃၇ခုနှင့် ကိရိယာတစ်ခုချင်းစီ ၇၄ ခုကို တပ်ဆင်စစ်ဆေးပြီးစီးဖို့ ရက်ပေါင်း ၅၇ ရက်ယူခဲ့ပါတယ်”လို့ အထွေထွေမန်နေဂျာ ထောင်ဖူဝမ်က ပြောပါတယ်။
ဂျက်ကက်ဒီဇိုင်းပိုင်း အကြီးအကျယ်တိုးတက်မှုရှိပြီး အင်မတန်ကီဲးမားတဲ့ ကမ်းလွန်ပလက်ဖောင်းကြီးတစ်ခုကို မှတ်တမ်းတင် တည်ဆောက်နိုင်ခဲ့တဲ့အတွက် တရုတ်ရဲ့ စွမ်းအင်လုံခြုံရေးအတွက် များစွာ အထောက်အကူဖြစ်စေမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
#Source_CCTV+
#China_ CNOOC
#Biggest_ deepwater_jacket
#တရုတ်စွမ်းအင်
Published 17 July 2022
ဂျပန်နိုင်ငံမှာ ပိုပြီးကျန်းမာရေးနှင့်ပြည့်စုံတဲ့ ယဉ်ကျေးမှုတစ်ခု ဆောင်ကြဉ်းနိုင်ဖို့ အီတိုကီကော်ပိုရေးရှင်းနှင့် ကိုယိုဂျူ ဂိုဟန် ကေကေတို့ဟာ စီးပွားဖက်ပြုလုပ်ပြီး ဒေါင်လိုက်ပုံစံ တစ်မှေးအိပ် သေတ္တာတစ်ခုကို ထုတ်လုပ်တော့မှာဖြစ်ပါတယ်။
တိုကျိုအခြေစိုက် ပရိဘောဂအထူးကျွမ်းကျင် ကုမ္ပဏီဖြစ်တဲ့ အီတိုကီနှင့် ဟိုကိုင်းဒိုက သုံးထပ်သားရောင်းချတဲ့ ကိုယိုဂျူ ဂိုဟန်တို့ဟာ စီးပွားရေးလုပ်ငန်းများ မိတ်ဖက်ရှာပွဲတစ်ခုမှာ တွေ့ကြရာကနေ ဒီလုပ်ငန်းပေါ်ထွက်လာတာဖြစ်ပါတယ်။သူတို့ နှစ်ဖွဲ့ဟာ ဇူလိုင် ၁၄ရက်ကြာသပတေးနေ့က သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် တစ်မှေးအိပ်သေတ္တာ ဒီဇိုင်း ရေးဆွဲနေပါတယ်။ ဈေးနှုန်းနှင့် ဘယ်တော့ ရောင်းမလဲဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။
ဂျပန်နိုင်ငံမှာ အင်မတန်ရှည်လျားတဲ့ အလုပ်ချိန်ဟာ ဝန်ထမ်းတွေကြားထဲမှာ နာမည်ကြီး ကိစ္စတစ်ခုဖြစ်နေပါတယ်။ ဂျပန်နိုင်ငံမှာ အလုပ်ချိန်အပြည့်တစ်ခု ဒါမှမဟုတ် ခရီးဝေးအလုပ်ဆင်းရသူတွေအတွက် နေ့ခင်းပိုင်း တစ်ရေးတစ်မောအိပ်စက် နိုင်ဖို့ သတ်မှတ်ပေးရတာတောင်ရှိနေပါတယ်။
“ ဂျပန်နိုင်ငံမှာ သန့်စင်ခန်းထဲ တံခါးပိတ်ပြီး တစ်ရေးအိပ်ကြရသူတွေ အများကြီးရှိနေကြတယ်။ ဒီလိုတစ်ရေးအိပ်ကြတာဟာ ကျန်းမာရေးနှင့်ညီညွတ်လှတယ်လို့ ကျွန်တော်တာ့မထင်ဘူး။ သက်သောင့်သက်သာရှိတဲ့နေရာမှာ မှေးလိုက်တာ က ပိုကောင်းတယ်” လို့ အီတိုကီက ဆက်သွယ်ရေးဒါရိုက်တာ ဆာကို ကာဝါရှီမားက ပြောပါတယ်။
တစ်မှေးအိပ်သေတ္တာအသုံးပြုသူတစ်ဦးဟာ ဒေါင်လိုက်ထောင်ထားတဲ့ အတောင့်ပုံစံမျိုးထဲ့ တစ်မှေးမှေးရတာပါ။ မူလဒီဇိုင်းမှာ လဲမကျအောင် ဦးခေါင်း၊ဒူးခေါင်းနှင့် နောက်ကျောတို့ကို ညင်ညင်သာသာကလေး ထောက်မပေးထားပါတယ်။ သုတေသနပြုချက်တွေအရ တစ်မှေးအိပ်စက်အနားယူတာဟာ ထုတ်လုပ်မှုစွမ်းအားမြင့်မားတိုးတက်စေတယ်လို့ တွေ့ရှိရတဲ့ အတွက် ဒီတီထွင်မှုကြောင့် ဂျပန်နိုင်ငံရဲ့ ဝန်ထမ်းအလုပ်သမားတွေဟာ တစ်နေ့တာလုံးမှာ တစ်မှေးအိပ်စက်နိုင်တော့မှာ ဖြစ်ပါတယ်။
“ ဂျပန်တော်တော်များများက အနားမယူဘဲ ဆက်တိုက်အလုပ်လုပ်နေကြတယ်လို့ ကျွန်တော်ထင်တယ်။ ကုမ္ပဏီအနေနှင့် အနားယူဖို့အတွက် ပိုပြီးပျော့ပြောင်းတဲ့ ချည်းကပ်မှုတစ်ခုအဖြစ် ဒီပစ္စည်းကို ကုမ္ပဏီက အသုံးပြုနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” လို့ ကာဝါရှီမားကပြောပါတယ်။
#Source_Bloomberg
#Nap_Box_Japan
#Japan_work_society
#Japanese_employees
Published 16 July 2022
Meta ပလက်ဖောင်း ဖေ့စ်ဘုတ်ခ်ဟာ အသုံးပြုသူတွေ ပို့စ်တင်တာနှင့် sharing လုပ်တာတွေကို အားပေးတဲ့အနေနှင့် အသုံးပြုသူတွေကို ပရိုဖိုင်းပေါင်းစုံ ဖန်တီးခွင့်ကို စတင်ခွင့်ပြနေပြီလို့ ကြေညာပါတယ်။
စမ်းသပ်တဲ့အနေနှင့် အချို့သော ဖေ့စ်ဘုတ်ခ်အသုံးပြုသူတွေဟာ နောက်ထပ် ပရိုဖိုင်းလေးခုအထိ ထပ်ဖန်တီးခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။ အဲဒီထပ်ဖွင့်လို့ရမယ့် ပရိုဖိုင်းတွေမှာလည်း အသုံးပြုသူရဲ့ နာမည်ရင်း သို့မဟုတ် သက်သေခံမှု မလိုအပ်တော့ဘူး လို့ဆိုပါတယ်။ဥပမာအားဖြင့် အသုံးပြုသူတွေဟာ တစ်ခုကို သူငယ်ချင်းတွေအတွက်၊ နောက်တစ်ခုကို လုပ်ဖော်ကိုင်ဖက်တွေ အတွက် စသဖြင့် တစ်ခုချင်းစီဟာ သီးခြား ပို့စ်တွေနှင့် တင်လို့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ပရိုဖိုင်းတစ်ခုမှာ အခြားပို့စ်တစ်ခုခုကို comment သို့မဟုတ် like ပဲ ပေးနိုင်မှာလို့ ဖေ့စ်ဘုတ်ကပြောပါတယ်။
Meta ဟာ ယင်းရဲ့ ကမ္ဘာ့အကြီးဆုံး ဆိုရှယ်ကွန်ယက်အပေါ်မှာ ဆက်စပ်ဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်ကြဖို့ ကြိုးစား လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဖေ့စ်ဘုတ်ခ်အသုံးပြုမှုတွေဟာ အထူးသဖြင့် လူငယ်လူရွယ်တွေအကြား နှေးကွေးလာတဲ့ အတွက် ယခုလိုဆောင်ရွက်တာလို့ဆိုပါတယ်။
နောက်ထပ်တိုးဖွင့်တဲ့ ပရိုဖိုင်းတွေဟာ ဖေ့စ်ဘုတ်ခ်ရဲ့ ပို့စ်တွေအပေါ် မူဝါဒတွေကိုတော့ လိုက်နာဖို့လိုအပ်မှာဖြစ်ပါတယ်။ အဲဒီအပြင် အဲဒီပရိုဖိုင်းအသစ်တွေဟာ အသုံးပြုသူရဲ့ ပင်ရင်း account အကောင့် နှင့်ချိတ်ဆွဲထားမှာဖြစ်ပြီး ပရိုဖိုင်းတစ်ခုက မူဝါဒတွေချိုးဖောက်မိတာနှင့် အခြားပရိုဖိုင်းတွေပါ ထိခိုက်စေမှာ ဖြစ်တယ်လို့ ကုမ္ပဏီကပြောပါတယ်။
ပရိုဖိုင်းမျိုးစုံကြောင့် အသုံးပြုသူတွေအနေနှင့် သူတို့ရဲ့ မတူခြားနားတဲ့ စိတ်ဝင်စားမှုတွေအပေါ်မူတည်ပြီး သီးခြားပုံစံတွေ ခွဲထုတ်နိုင်လိမ့်မယ်လို့ ဖေ့စ်ဘုတ်က ယုံကြည်နေပါတယ်။ ဆိုလိုတာက ဂိမ်းစကားတာ၊ခရီးထွက်တာ ဒါမှမဟုတ် အစားအသောက်စသဖြင့် ဖြစ်တယ်လို့ ဖေ့စ်ဘုတ်ခ်ရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
ယခုစမ်းသပ်မှုကို အမေရိကန်နိုင်ငံနှင့် အခြားနိုင်ငံအနည်းငယ် က အချို့သော အသုံးပြုသူတွေနှင့် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
Source Bloomberg
#Facebook_Users_will_havr_5 Profiles
#Facebook_New_Change
#Facebook_announcement
Published 15 July 2022
ဂျပန်နိုင်ငံရဲ့ ဘော့စတွန် ဒိုင်းနမစ် စက်ရုပ်စက်ရုံက စပေါ့တ်"Spot" လို့အမည်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်ကို စမ်းသပ်ခဲ့ပါတယ်။ အဲဒီစက်ရုပ်ဟာ ခြေလေချောင်းတပ် အဝါရောင် စက်ရုပ်ဖြစ်ပြီး တောထဲမှာစမ်းသပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ သစ်တောလုပ်ငန်းတွေမှာ ကူညီနိုင်စေဖို့ ရည်ရွယ်တီထွင်ခဲ့ပါတယ်။
အီလက်ထရွန်းနစ် အမဲလိုက်ခွေးကလေးဟာ မြက်ထူတဲ့ကုန်းတွေပေါ်မှာလည်း လမ်းလျှောက်နိုင်ပါတယ်။ သစ်တောထဲမှာလည်း ပိုက်စိတ်တိုက်သွားနိုင်ပါတယ်။ ပြီးတော့ အကူအညီမပါဘဲ သစ်ငုတ်တွေပေါ်ကျော်တက်နိုင်ပါတယ်။
#Source_AFP
#Spot_Robot_Japan
#Robot_dog_for_Forest_Japan
#Japan_Robotic_industry
Page 14 of 19