Published 11 Nov 2022

ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အနောက်မြောက်ပိုင်းက လေယာဉ်ကွင်းတစ်ခုကနေ တက္ကစီယာဉ်ပျံ တစ်ခုကို စမ်းသပ်မောင်းနှင်မှုတစ်ခု နိုဝင်ဘာ ၁၀ ရက် ကြာသပတေးနေ့က ပြီးဆုံးခဲ့ပါတယ်။

အဲဒီတက္ကစီယာဉ်ပျံ လုပ်ငန်းကို ၂၀၂၄ ခုနှစ် နွေရာသီအိုလံပစ်အားကစားပွဲတော်အတွင်း အသုံးပြုနိုင်မယ်လို့‌ မျှော်လင့်ထားကြပါတယ်။

ပါရီဒေသတစ်ခွင်မှာ တက္ကစီယာဉ်ပျံ အခြေစိုက်စခန်း (၅)ခုကို တည်ဆောက်ဖို့ လျာထားပြီး တက္ကစီယာဉ်ပျံဟာ ခရီးသည်တွေ တင်ဆောင်ရုံမျှမကဘဲ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေမှာလည်း အသုံးပြုနိုင်ပါလိမ့်မယ်။

VoloCity လို့ အမည်ပေးထာတဲ့ အဆိုပါ တက္ကစီယာဉ်ပျံဟာ လူနှစ်ယောက်စီးနင်းလိုက်ပါနိုင်မှာဖြစ်ပြီး ခရီးသည် တစ်ဦးနှင့်နောက်တစ်ဦးကတော့ အလိုအလျောက်မောင်းနှင်မှိုကု စောင့်ကြပ်ထိန်းသိမ်းပေးမယ့် ယာဉ်မှူးတစ်ဦးဖြစ်ပါတယ်။

Source AFP

 

#Volocity

#Flying_Taxi

#France_Flying_Taxi

Published 11 Nov 2022 ပြင်သစ်နိုင်ငံ ပါရီမြို့ရဲ့ အနောက်မြောက်ပိုင်းက လေယာဉ်ကွင်းတစ်ခုကနေ တက္ကစီယာဉ်ပျံ တစ်ခုကို စမ်းသပ်မောင်းနှင်မှုတစ်ခု နိုဝင်ဘာ ၁၀"/>