Published 4 August 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲ့ အရှေ့ပိုင်းစစ်တိုင်းလက်အောက်က ဒုံးပျံတပ်ဖွဲ့ဟာ ကြာသပတေးနေ့က လေ့ကျင့်ရေးလှုပ်ရှားမှုအဖြစ် ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်း အရှေ့ဖက်ကမ်းခြေက ကြိုတင်သတ်မှတ်ထားတဲ့ နေရာတွေကနေ ဒုံးကျည်တွေကို လက်တွေ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဲသလိုပစ်ခတ်မှုမှာ ပစ်မှတ်တွေအားလုံးကို တိတိကျကျထိမှန်ခဲ့တယ်လို့ တိုင်းစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ အကြီးတန်း ဗိုလ်မှူးကြီး ရှီယီကပြောပါတယ်။
နေရာပေါင်းစုံကနေ သမားရိုးကျ ဒုံးကျည်မျိုးစုံကို တိကျစွာထိမှန်မှုနှင့် area denial တို့အတွက် စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဗိုလ်မှူးကြီးရှီကပြောပါတယ်။
ဒုံးပျံတပ်ဖွဲ့ဟာ လေ့ကျင့်ပစ်ခတ်မှုတွေအားလုံး အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ ဗိုလ်မှူးကြီးရှီကဆက်ပြောပါတယ်။
Source: CCTV +
#China_Live_Fire_Missile
#China_Taiwan_Tension
#Military_drill_China
Published 4 August 2022
နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်(၄)ရက် ယနေ့တွင် နေပြည်တော် တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်။
အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖွဲ့ဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အဖွဲ့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။
တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့ကိုရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ရာမှ ရှမ်းပြည်တိုးတက်ရေးပါတီ SSPPဟာ ၁၀ဖွဲ့မြောက်တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
#Senior_General_Min_Aung_Hlaing
#SSPP
#Myanmar_NCA
Published 4 August 2022
ရုရှားရဲ့ Mir ငွေပေးချေကတ်တွေကို မြန်မာနိုင်ငံမှာ အသုံးပြုဖို့ နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးနှင့် စီးပွားရေးကော်မရှင်က ဆွေးနွေးကြဖို့ရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ရဲ့ စကားကို ကိုးကားပြီး TASS သတင်းဌာနက ရေးသားလိုက်ပါတယ်။ အဆိုပါကော်မရှင်အစည်းအဝေးကို ဒီနှစ် ဒုတိယနှစ်ဝက်အတွင်းမှာ ကျင်းပမှာဖြစ်တယ်လို့ ဆာဂေး လက်ဗရောက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။
“ Mir ငွေပေးချေကတ်တွေအသုံးပြုဖို့ကိစ္စ အစီအစဉ်ထဲပါဝင်ပါတယ်” လို့ လက်ဗရော့က ပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံက အမျိုးသား ဘဏ္ဍာရေး ထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့ (ဗဟိုဘဏ်) နှင့် ကျွန်တော်တို့ ဆက်သွယ်ချိတ်ဆက်ပြီးပါပြီ။ ငွေပေးချေတာတွေအတွက် ရုရှးဘဏ်ရဲစနစ်ကို အသုံးပြုဖို့ ဆောင်ရွက်ရန်ကိစ္စတွေကို နှစ်နိုင်ငံ ဗဟိုဘဏ်တွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေလည်း အဲဒီအထဲ ပါဝင်ပါတယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။
အဆိုပါကိစ္စအတွက် အစည်းအဝေးနှစ်ကြိမ်ကျင်းပပြီးပြီလို့လည်း လက်ဗရော့က အတည်ပြုပါတယ်။
“ နှစ်နိုင်ငံအစိုးရအတွင်း ကော်မရှင်အစည်းအဝေးကနေ ဒီလုပ်ငန်းစဉ်တွေကို လုံလောက်တဲ့ အချက်အလက်တွေရယ် ပြီးတော့ ပိုပြီးကျယ်ပြန်တဲ့အသေးစိတ်ကိစ္စတွေကို သူတို့နှင့်ဆွေးနွေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ သူကပြောပါတယ်။
Source: TASS
Published: 3 August 2022
ရုရှား-မြန်မာ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးတစ်ရပ်ကို ယခုဩဂုတ်လအတွင်း ကျင်းပသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ကပြောပါတယ်။
“ ကျွန်တော်တို့ဟာ မိတ်ဟောင်းဆွေဟောင်းတွေနှင့် မဟာဗျူဟာမြောက်မိတ်ဖက်တွေအဖြစ် အမြဲဆက်သွယ်ခဲ့ကြပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောခဲ့တယ်လို့ TASSသတင်းမှာဖော်ပြထားပါတယ်။
“ ကျွန်တော်တို့ထိတွေ့ဆက်ဆံမှုဟာ ထက်သန်စွာ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ နှစ်နိုင်ငံအစိုးရများအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်ရဲ့ အစည်းအဝေးကို မြန်မာနိုင်ငံမှာကျင်းပပါမယ်။ ဒီလကုန်မှာ စစ်ရေး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးကို စီစဉ်ထားတဲ့အတိုင်း ရုရှားမှာ ကျင်းပပါမယ်။ စွမ်းအင်ဆိုင်ရာ လုပ်ငန်းအဖွဲ့တစ်ခုကိုလည်း တည်ထောင်ပြီးပါပြီ။အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးမှာ ပိုပြီး အကျိုးရှိရှိ တိုးတက်နေပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောခဲ့ပါတယ်။
စစ်ရေးနှင့်စစ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်ရေး ပြီးတော့ လုံခြုံရေးဟာ မော်စကိုနှင့် နေပြည်တော်အကြား ဆက်ဆံရေး ဖွဲ့စည်းတည်ဆောက်မှုမှာ အရေးကြီးတဲ့နေရာမှာ ရှိနေတယ်လို့လည်း သူကပြောပါတယ်။
Source: TASS
#Russia_Myanmar
#Sergey_Lavrov
#Russia_Myanmar_Military_Tie
Published 3 August 2022
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ အရှေ့ပိုင်းစစ်တိုင်းဟာ ဩဂုတ် (၂)ရက်ကစပြီး ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ အရှေ့ပိုင်းစစ်တိုင်းဟာ ထိုင်ဝမ်ကျွန်းရဲ့ မြောက်ပိုင်း၊ အနောက်တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းကမ်းခြေတွေအနီးနှင့် အဲဒါတွေရဲ့ လေပိုင်နက်ထဲ မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြပါတယ်။ အဲဒီအပြင် ထိုင်ဝမ်ရေလက်ကြားမှာ တာဝေး လက်တွေ့ ပစ်ခတ်မှုတွေနှင့် အရှေ့ပိုင်းကမ်းခြေရေပြင်မှာ သမားရိုးကျ ဒုံးကျည် စမ်းသပ်မှုတွေပြုလုပ်မယ်လို့လည်း သိရပါတယ်။
Source : CCTV Plus
#China_Taiwan_Tension
#Pelosi_Taiwan
#US_China_Tension
Published 3 August 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက်တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့တို့ ယနေ့ ဩဂုတ်(၃)ရက်နေ့ နေပြည်တော်၌ တွေ့ဆုံခဲ့ကြကြောင်း နစကရဲ့ သတင်းအရင်းအမြစ်များအရ သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဩဂုတ်(၃)ရက် မနက်က မြန်မာနိုင်ငံ နေပြည်တော်သို့ အလုပ်သဘော ရောက်ရှိလာတာဖြစ်ပြီး မနက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဗိုလ်ချူပ်မှူးကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ တို့ တွေ့ဆုံတဲ့ သတင်းအသေးစိတ်ကိုတော့ နှစ်ဘက်လုံးက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
မြန်မာနှင့်ရုရှားတို့ဟာ နှစ်နိုင်ငံအကြား ပြန်လည်ပြုစုထားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာတစ်ခုကို လက်မှတ်ရေးထိုးနိုင်အောင်ပြင်ဆင်ထားတယ်လို့ ရုရှားနိင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်(၂)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ နှစ်နိုင်ငံအကြား ကော်မရှင်ရဲ့ တတိယအစည်းအဝေးကို ဒီနှစ်နှစ်ကုန်ပိုင်းမှာ ပြုလုပ်ရန်ရှိပြီး ပြန်လည်ပြုစုထားတဲ့ မဟာဗျူဟာကို လက်မှတ်ထိုးဖို့ ပြင်ဆင်နေတယ်လို့ ရုရှားကပြောပါတယ်။
မြန်မာဟာ ရုရှားထံမှ ရေနံဓာတ်ငွေ့ရည်အပါအဝင် စွမ်းအင်ဝယ်ယူဖို့စိတ်ဝင်စားနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“ ရုရှားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ကြဖို့လည်း မြန်မာက စိတ်ဝင်စားနေတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မနက်က တွေ့ဆုံပွဲမှာအဆွေတော်ရဲ့ခရီးဟာ ရုရှားနှင့်မြန်မာ နီးကပ်စွာဆက်သွယ်ဖို့ အတည်ပြုလိုက်တာဖြစ်တယ်လို့ နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကပြောခဲ့ပြီး သိပ်အရေးကြီးတဲ့ခရီးစဉ်ဖြစ်တယ်လို့လည်းထပ်လောင်းပြောကြားခဲ့တယ်လို့ TASS သတင်းဌာနက သတင်းရေးသားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးကလည်း “ မြန်မာဟာ အာရှပစိဖိတ်ဒေသမှာ နှစ်ရှည်လများ ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဖက်ကောင်း နိုင်ငံဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံဟာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ချစ်ကြည်ရင်းနှီးမှုနှင့် ထောက်ခံအားပေးမှုတွေမှာ ဆယ်စုနှစ်တစ်စုကျော် ခိုင်မြဲ ခဲ့တယ်လို့လည်းသူကပြောတဲ့အကြောင်း အဆိုပါ သတင်းမှာဖော်ပြ ထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ခရီးစဉ်အတွင်း နိုင်ငံရေးဆွေးနွေးမှု၊ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ကာကွယ်ရေးနှင့်လုံခြုံရေးနယ်ပယ်အပြန်အလှန်ဆက်သွယ်မှုနှင့် လူသားချင်းစာနာထောက်ထားဆက်ဆံမှုတွေအပါအဝင် ရုရှား-မြန်မာဆက်ဆံရေး ကျယ်ပြန့်တဲ့နယ်ပယ်တစ်ခုလုံးကို ဆွေးနွေးကြမယ်လို့ ယမန်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအပြင်အရေးတကြီးဖြစ်နေတဲ့ နိုင်ငံတကနှင့်ဒေသဆိုင်ရာ ပြဿနာတွေကိုလည်း ဆွေးနွေးကြဖို့ စဉ်းစားထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Ymg/knl
#Russia_Myanmar
#Sergey Lavrov
#Geo_Politics
Published 3 August 2022
မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဟ်ဟာ ဒီကနေ့ ဩဂုတ် (၃)ရက် မနက်က နေပြည်တော်မှာ မြန်မာ နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံခြားရေးဝန်ကြီးတွေဦးဆောင်တဲ့ နှစ်နိုင်ငံအဖွဲ့ဟာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ဆွေးနွေးကြတဲ့ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
Source: MOFA Russia
Page 155 of 217