Published 2 August 2022
တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနသည် တပ်လှန့်ထားပြီး တန်ပြန်အရေးယူဆောင်ရွက်မှုအဖြစ် ပစ်မှတ်ထားသည့် စစ်ဆင်ရေး တသီတတန်း စတင်တော့မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဝူရှန်က ပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ နိုင်ငံရဲ့ အမျိုးသားအချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို မဆုတ်မနစ်ကာကွယ်သွားမှာ ဖြစ်တယ်လို့လည်းသူကပြောပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ ထိုင်ဝမ်ဒေသရောက်ရှိပြီးနောက် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ယခုလိုထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
Source CGTN
Published 2 August 2022
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီ ထိုင်ဝမ်သို့ သွားရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက အခိုင်အမာ ဆန့်ကျင်ပြီး ပြင်းထန်စွာ ရှုတ်ချတယ်လို့ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ အဲသလိုလုပ်ဆောင်ခြင်းအတွက် အမေရိကန်ပြည်ထောင်စုကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့လည်း တရုတ်ကပြောပါတယ်။
တရုတ်နိုင်ငံအနေနှင့် နိုင်ငံရဲ့ အချုပ်အခြာအာဏာနှင့် ပိုင်နက်တည်တံ့ခိုင်မြဲရေးကို မဆုတ်မနစ်စောင့်ကြပ်ကကာကွယ်ပေးရန် အတွက် လွှတ်တော်ဥက္ကဋ္ဌရဲ့ ခရီးနှင့်ပတ်သက်ပြီး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေကို အသေအချာပြုလုပ်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောပါတယ်။
ယခုကိစ္စကနေဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအားလုံးကို အမေရိကန်ဘက်နှင့် ထိုင်ဝမ်ခွဲထွက်ရေအင်အားစုတွေသာ တာဝန်ရှိစေရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အမေရိကန်အနေနှင့် ထိုင်ဝမ်ကတ်ကိုသုံးပြီး ကစားနေတာတွေနှင့် ထိုင်ဝမ်ကိုအသုံးချပြီး တရုတ်ကို ထိန်းချုပ်နိုင်အောင်ကြိုးစာနေတာတွေကို ရပ်တန့်ဖို့ တရုတ်က ပြင်းထန်စွာတောင်းဆိုတယ်လို့လည်း တရုတ်က ပြောပါတယ်။
ထိုင်ဝမ်ကို နန်စီပီလိုစီရောက်ရှိပြီး မိနစ်ပိုင်းအတွင်းမှာ အဆိုပါကြေညာချက်ကို တရုတ်က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အပြင်းအထန်ကန့်ကွက်မှုတွေကြားထဲက ဩဂုတ် ၂ရက်ညပိုင်းက ထိုင်ဝမ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
Source Xinhua
Published 2 August 2022
စပိန်အစိုးရက စတိုးဆိုင်တွေ၊ ယဉ်ကျေးမှုအဆောက်အဦတွေနှင့် သယ်ယူပို့ဆောင်ရေးဂိတ်စခန်းတွေမှာ လေအေးပေးစက် တွေနှင့် အပူပေးစနစ်တွေကို အသင့်အတင့်ကန့်သတ်ဖို့အစီအစဉ်တွေကို ကြေညာလိုက်ပါတယ်။ ဒါဟာ ရုရှားရဲ့ ဓာတ်ငွေ့တွေတင်သွင်းမှုကို ဥရောပသမဂ္ဂက ကန့်သတ်ဖို့ ကြိုးစားအားထုတ်မှု အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
“ ဆောင်းတွင်းမှာ အပူပေးမယ့် အပူချိန်ကို အမြင့်ဆုံး ၁၉ ဒီဂရီ ဆဲဆီယတ်စ် အနိမ့်ဆုံး ၂၇ ဒီဂရီဆဲဆီယတ် ထားကြရပါမယ်” လို့ စပိန် ဂေဟဗေဒအကူးအပြောင်းဆိုင်ရာ ဝန်ကြီး ထရေဇာ ရီဘာရာကပြောပါတယ်။
Source: AFP
#Spain_Limit_Aircon
#Russia_Gas_import
#Russia_Ukraine_crisis
Published 2 August 2022
ရုရှားနိုင်ငံခြားရေး ဝန်ကြီး မစ္စတာဆာဂေးလက်ဗရော့သည် ဩဂုတ်လ(၃)ရက်နေ့မှာ မြန်မာနိုင်ငံသို့ အလုပ်သဘောလာရောက်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းရဲ့ တရားဝင်တွစ်တာ စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။
သူဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံပြီး နိုင်ငံခေါင်းဆောင်တွေနှင့်လည်း တွေ့ဆုံမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူဟာ ရုရှား-မြန်မာဆက်ဆံရေးမှာ ကျယ်ပြန်တဲ့နယ်ပယ်တစ်ခုလုံးအတွက် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း သတင်းအရသိရပါတယ်။
သူဟာ ၂၀၁၃ခုနှစ် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အဲဒီတုန်းက သမ္မတ ဦးသိန်းစိန်နှင့်လည်းတွေ့ဆုံခဲ့ပါတယ်။
Source: Ministry of Foreign Affair, Russia’s Twitter
Published 2 August 2022
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီဟာ အင်္ဂါနေ့မှာ ထိုင်ဝမ်ကို သွားရောက်မယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနှင့် တရုတ်ရဲ့ခြိမ်းခြောက်မှုကို ကြောက်ရွံ့မှာမဟုတ်ဘူးလို့ပြောပါတယ်။
အာရှခရီးစဉ်ကို တနင်္လာနေ့စောစောပိုင်း စင်္ကာပူကနေ စတင်ခဲ့တဲ့ ပီလိုစီဟာ ထိုင်ဝမ်မှာ အင်္ဂါနေ့ည နေထိုင်မှာဖြစ်တယ်လို့ ခရီးစဉ်နှင့်နီးစပ်တဲ့ သတင်းအရင်းအမြစ်(၃)ခုက ပြောပါတယ်။
ထိုင်ဝမ်နိုင်ငံခြားရေးဌာနက မှတ်ချက်မပေးလိုဘူးလို့ပြောဆိုပြီး အိမ်ဖြူတော်ကတော့ သူတို့အနေနှင့် အဲဒီခရီးကို အတည်ပြု မပေးနိုင်ဘူး။ဒါပေမယ့် ပီလိုစီဟာ ထိုင်ဝမ်ကိုသွားဖို့ သူမမှာ အခွင့်အရေးရှိတယ်လို့ပြောပါတယ်။
ရိုက်တာသတင်းဌာနကို သတင်းအရင်းအမြစ်တစ်ခုကပြောတာကတော့ ပီလိုစီရဲ့ ထိုင်ဝမ်သွားရောက်မယ့်ကိစ္စ အမေရိကန် ပြည်ထောင်စုဟာ ယင်းရဲ့ မဟာမိတ်အချို့ကို အကြောင်းကြားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ နောက်သတင်းအရင်းအမြစ်နှစ်ခု ကတော့ ပီလိုစီဟာ သူမ ထိုင်ဝမ်မှာနေစဉ်အတွင်း တရုတ်ရဲ့ လူ့အခွင့်အရေးမှတ်တမ်းကို ဝေဖန်ပြောဆိုနေနဲ့ လှုပ်ရှား တက်ကြွသူ အုပ်စုလေးတစ်စုနှင့် ဗုဒ္ဓဟူးနေ့လောက်ဖြစ်ဖြစ် တွေ့ဖို့ရှိတယ်လို့ပြောနေပါတယ်။
Source Reuters
Published 1 August 2022
နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC (အိုင်စီစီ)ကို ဖိလစ်ပိုင်အနေနှင့် ပြန်ဆက်သွယ်ဖို့ အစီအစဉ် မရှိဘူးလို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျုနီယာက တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။ ကြောက်မက်ဖွယ် မူးယစ်စစ်ပွဲအတွက် သမ္မတဟောင်းအပေါ် စုံစမ်းစစ်ဆေးမှုတစ်ခုကို တရားလိုရှေ့နေတွေက ပြန်လည်စတင်ဖို့ ကြံဆနေကြချိန်မှာ သမ္မတရဲ့ သဘောထား ထွက်ပေါ်လာတာဖြစ်ပါတယ်။
“ ဖိလစ်ပိုင်အနေနှင့် အိုင်စီစီကို ပြန်ဆက်သွယ်ဖို့ ရည်ရွယ်ချက်မရှိဘူး” လို့ စုံစမ်းစစ်ဆေးမှုတွေကို သူပူးပေါင်းမှာ မဟုတ်တဲ့အကြောင်း ယခင်ကတည်းက အရိပ်အယောင်ပြပြောဆိုခဲ့ဖူးတဲ့ သမ္မတမားကို့စ်ဂျူနီယာ က သတင်းထောက်တွေကို ပြောခဲ့တာပါ။
Source AFP
#Philippines_ICC_Probe
#Drug_War_Philippines
#Ferdinand_Marcos_Jr
Page 156 of 217