Published: 9 Feb 2022
ဖိလစ်ပိုင်မှာ သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေ ဖေဖော်ဝါရီ၈ရက် အင်္ဂါနေ့က စတင်ခဲ့ပါတယ်။ မေ၉ရက်နေ့မှာ ကျင်းပမယ့် နောက်ထပ်ခြောက်နှစ်သက်တမ်းအတွက် သမ္မတအသစ် ရွေးကောက်ပွဲမတိုင်ခင် (၃)လ မတိုင်ခင် စတင်ခဲ့တာဖြစ်ပါတယ်။
သမ္မတလောင်း၁၀ဦးနှင့် ဒုတိယသမ္မတလောင်း(၉)ဦးတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူမှုများအရ ယခင်သမ္မတဟောင်း ဖာဒီနန်မားကို့စ်ရဲ့ သား အသက် ၆၄နှစ်အရွယ် မာဒီနန်မားကို့စ်ဂျုနီယာဟာ လူကြိုက်အများဆုံး ဖြစ်နေပါတယ်။
Source: CCTV Plus
Published: 9 Feb 2022
အမေရိကန်က ယင်းရဲ့ အမှတ်(၈၂)လေထီးတပ်မှ လေထီးစစ်သည်တွေကို ဥရောပမှ ဖြန့်ကျက်ချထားဖို့အတွက် မြောက်ကာရိုလိုင်းနားရှိ ဖို့ဒ်ဘရက်ခ်စစ်စခန်းကနေ လေယာဉ်တွေနှင့် ဖေဖော်ဝါရီ(၃)ရက်နှင့်(၄)ရက်မှာပို့ဆောင်ခဲ့တယ်လို့ အေအက်ဖ်ပီကသတင်းပေးပို့ပါတယ်။ ယူကရိန်းနယ်စပ်မှာ ရုရှားတပ်တွေ အစုလိုက်အပြုံလိုက် ရှိနေတာကို ပြန်လည်ရုပ်သိမ်းပေးဖို့ တွန်းအားပေးတဲ့အနေနှင့် အမေရိကန်က ယင်းရဲ့ လေထီးတပ်ကို စေလွှတ်တာဖြစ်ပါတယ်။
Source AFP
Published 8 Feb 2022
အကြမ်းဖက်မှုဟာ နိုင်ငံတကာအသိုက်အဝန်းအတွက် ဘုံရန်သူဖြစ်ပြီး ယင်းကိုတိုက်ဖျက်ရာမှာ မလိုတစ်မျိုး လိုတစ်မျိုး စံနှုန်းနှစ်မျိုးမထားသင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ဂျောင်လီဂျန်းကပြောဆိုလိုက်ပါတယ်။
အိုင်အက်စ်ခေါင်းဆောင်သေဆုံးစေခဲ့တဲ့ အမေရိကန်ရဲ့ စီးနင်းတိုက်ခိုက်မှုမှာ အရပ်သားတွေ သေကျေဒဏ်ရာရမှုတွေရှိခဲ့တဲ့အပေါ် သတင်းထောက်တွေရဲ့မေးခွန်းကို သူက ဖြေကြားခဲ့တာပါ။
Source: CCTV Plus
Published 8 Feb 2022
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို နစက ကောင်စီအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ဦးရင်မောင်ညွန့်အား စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်လိုက်တယ်လို့ နစက,က ဒီကနေ့ အမိန့်ထုတ်ပြန်ကြေညာပါတယ်။
Published 8 Feb 2022
ကိုဗစ်တိုက်ဖျက်ရေးအစီအမံတွေကိုဆန့်ကျင်တဲ့ ထရပ်ကားမောင်းသမားတွေဟာ ကနေဒါနိုင်ငံ အိုတာဝါမှာ မြို့တော်ဝန်က ဆန့်ကျင်ဆန္ဒပြနေတဲ့အပေါ် အရေးပေါ်အခြေအနေကြေညာပြီး နောက်တစ်ရက်အထိ အိုတာဝါမြို့လယ်လမ်းမတွေကို ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။
ရာပေါင်းများစွာသော ထရပ်ကားတွေဟာ ကနေဒါမြို့တော်လမ်းမတွေပေါ်မှာပြည့်ကျပ်နေခဲ့တာဖြစ်ပါတယ်။ အိုတာဝါ မြို့တော်ဝန်က ကိုဗစ်စည်းကမ်းကန့်သတ်ချက်တွေကို ဆန့်ကျင်နေကြတာတွေကို အင်အားပြပြီးအဆုံးသတ်ပေးဖို့ ဖက်ဒရယ်အာဏာပိုင်တွေထံ အကူအညီတောင်းခံခဲ့ပါတယ်။ အဲဒီကိစ္စဟာ ရက်ကြာလာတဲ့အတွက် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်ရတဲ့ကိန်းဆိုက်ရမလို ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒေါအစိုးရအတွက် နိုင်ငံရေးအကျပ်အတည်းဖြစ်လာနေပါတယ်။
Source AFP
Published 7 Feb 2022
ယနေ့မနက်မှာမြန်မာနိုင်ငံမှာ အထိန်းသိမ်းခံထားရတဲ့ ဩစတြေလျပါမောက္ခ ရှောင်တာနယ်လ် လွတ်မြောက်လာတယ်ဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဒီကနေ့ ဖေဖော်ဝါရီ (ရ)ရက်မနက်မှာ ပြောကြားမိခဲ့တာဟာ သတင်းအမှားသာဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဒီကနေ့မနက်ပိုင်းက ကက်တိုင်ပြည်နယ်က အမှတ်(၇) အမျိုးသားလမ်းမကြီးဖွင့်ပွဲအတွင်း အဲသလိုပြောကြားခဲ့လို့ ဒီသတင်းကို တော်တော်များများက အတည်ပြုချက်ရယူဖို့ ကြိုးစားခဲ့ကြတယ်လို့ အဆိုပါသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒီကြေညာချက်ဟာ သတင်းအချက်အလက်မှားတစ်ခုကြောင့်ဖြစ်ပြီး ပါမောက္ခတာနယ်လ်ဟာ လက်ရှိထိန်းသိမ်းခံနေရဆဲပဲ ဖြစ်တယ်လို့ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပါတယ်။
မရည်ရွယ်တဲ့ ယခုဖြစ်ရပ်ရှိခဲ့သော်ငြား ဝန်ကြီးချုပ်ဟွန်ဆန်နှင့် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်အတွင်း ဟွန်ဆန်က ပါမောက္ခရှောင်တာနယ်လ်ကိစ္စဖွင့်ဟပြောဆိုခဲ့ရာ ဗိုလ်ချူပ်မှူးကြီးက တရားရုံးလုပ်ငန်းစဉ်များပြီးဆုံးသွားပါက သူ့အနေဖြင့်ပြန်လည်စဉ်းစားပေးမည်ဟု အာမခံခဲ့သည်ကို ပြန်ပြောင်းသတိရပါကြောင်းဖြင့် အဆိုပါပြောရေးဆိုခွင့်ရသူက ပြောတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖြည့်စွက်ပြောဆိုထားပါတယ်။
Source: Statement issued by the Ministry of Foreign Affairs and International Cooperation,Cambodia
Published 7 Feb 2022
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီဟာ ကွယ်လွန်သူ ဘောလီဝုဒ်စူပါစတား လာတာမန်ဂက်စ်ရှခါရဲ့ ဈာပနအခမ်းအနားကို တနင်္ဂနွေနေ့ ညနေက တက်ရောက်ခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်လိုပဲ အိန္ဒိယရဲ့ လူသိထင်ရှားပုဂ္ဂိုလ်တွေဖြစ်တဲ့ ဘောလီဝုဒ်မင်းသား ရှရွတ်ခန်နှင့် ခရစ်ကက်အားကစားအကျော်အမော် ဆာချင်တက်ဒူခါတို့လည်း တက်ရောက်လာကြပါတယ်။
Source AFP
Page 244 of 247