၁၀ ဇူလိုင် ၂၀၂၅
သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပေးပို့ခဲ့ သည့် သဝဏ်လွှာ/အကြောင်းကြားစာအပေါ် မြန်မာနိုင်ငံ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ညိနှိုင်းပြန်ကြားသည့် သဝဏ်လွှာ/ အကြောင်းကြာစာကို ဇူလိုင် ၉ ရက်က ပြန်လည်ပေးပို့ခဲ့ကြောင်းသိရပါတယ်။
ဗိုလ်ချုပ်မှူးကြီး၏ အဆိုပါပြန်ကြားလွှာတွင် မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်များအပေါ် အခွန်(၁၀)ရာခိုင်နှုန်းမှ(၂၀) ရာခိုင်နှုန်းနှင့် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ သွင်းကုန်များအပေါ် (၀)ရာခိုင်နှုန်း မှ (၁၀) ရာခိုင်နှုန်းကြား ချိန်ညှိကောက်ခံသွားရန် အဆိုပြုညှိနှိုင်းလိုပါတယ် လို့ ညှိနှိုင်းထားပါတယ်။
လိုအပ်ပါက မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ အမြန်စေလွှတ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်လိုပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုထား ပါတယ်။
အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားကုန်သွယ်မှုမမျှတသဖြင့် အမေရိကန်ဘက်မှ လိုငွေကြီးမား စွာပြခြင်းအတွက် အဆွေတော်သမ္မတကြီးအနေဖြင့် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ခြင်းအပေါ် မိမိအပြည့်အဝ နားလည်ပါတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြန်ကြားလွှာတွင် ရေးသားထားပါတယ်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး(LDC)နိုင်ငံများ ထဲမှတစ်နိုင်ငံဖြစ်နေသည့် အပြင် လွန်ခဲ့သည့် (၅)နှစ်တာကာလအတွင်း ကိုဗစ်(၁၉)ကပ်ရောဂါ၊ သဘာဝဘေးအန္တရာယ်များဖြစ် သည့် မိုခါဆိုင်ကလုံးမုန်တိုင်း၊ ရာဂီမုန်တိုင်းရေကြီးရေလျှံမှုနှင့် ၇.၇ မဂ္ဂနီကျုရှိ မန္တလေးငလျင် ကြီးများကြောင့် ပြင်းထန်သောစိန်ခေါ်မှုများ ဆက်တိုက်ကြုံတွေ့ခဲ့ရသဖြင့် မြန်မာပြည်သူများသည် ကြီးမားသောစိန်ခေါ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ဖြေရှင်းနေရသည့် အချိန်လည်းဖြစ်နေပါကြောင်း အကြောင်းပြန်ကြားသဝဏ်လွှာမှာဖော်ပြထားပါတယ်။
အဆွေတော်သမ္မတကြီးအနေဖြင့်အမေရိကန်ပြည်ထောင်စုကြီး တိုးတက်ကြီးပွားသာယာ ဝပြောရေး အတွက် မျိုးချစ်စိတ်အပြည့်အဝဖြင့် တာဝန်သယ်ပိုးထမ်းဆောင်လျက်ရှိသကဲ့သို့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဦးဆောင်ကြိုးပမ်းနေသည့်အတွက်လည်း ဝမ်းမြောက်ဂုဏ်ယူတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ချီးကျူးပြောဆိုပါတယ်။
ယင်းအပြင်မြန်မာနိုင်ငံအား လက်ရှိကမ္ဘာ့နံပါတ်(၁)ဈေးကွက်နှင့်အလွန်ကောင်းမွန်သော စီးပွားရေးရှိနေ သည့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်လက်ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်မှုအတွက်လည်း ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆိုပါတယ်။
မြန်မာနိုင်ငံတွင် မဲမသာမှုများကြောင့် တပ်မတော်က နိုင်ငံတော်အာဏာကို ဥပဒေနှင့်အညီ ရယူခဲ့ရခြင်း နှင့်ပတ်သက်၍လည်း ပြန်ကြားစာ/သဝဏ်လွှာတွင် ဗိုလ်ချုပ်မှူးကြီးက အသေးစိတ်ရေးသားထား ပါတယ်။
၂၀၂၀ ပြည့်နှစ် အမေရိကန်နိုင်ငံရွေးကောက်ပွဲတွင် အဆွေတော်သမ္မတကြီးကြုံတွေ့ခဲ့ရသလို မိမိတို့နိုင်ငံ ရွေးကောက်ပွဲတွင်လည်း ကြီးမားသည့် မဲမသမာမှုများဖြစ်ပေါ်ခဲ့ပါကြောင်း ဗိုလ်ချုပ်မှူးကြီးက ထောက်ပြ ရေးသားပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက အရေးယူ ပိတ်ဆို့ထားမှုများသည် မိမိတို့ နှစ်နိုင်ငံအတွက် မည်သို့မျှအကျိုးမရှိခြင်းကြောင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားကိုရှေ့ရှု၍ ယခင်ကချမှတ်ခဲ့သည့် စီးပွားရေး ပိတ်ဆို့မှုများကို ဖြေလျော့ရုပ်သိမ်းပေးရန်လည်း ဗိုလ်ချုပ်မှူးကြီးက အမေရိကန်သမ္မတ ဒေါနယ်ထရမ့်ကို မေတ္တာရပ်ခံခဲ့ပါတယ်။
အဆွေတော်၏ အဆိုပြုချက်အတိုင်း ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများဖယ်ရှားခြင်း၊ အပြန်အလှန် အခွန်ကောက်ခံမှုထိန်းသိမ်းခြင်းတို့ဖြင့် မြန်မာ-အမေရိကန်နှစ်နိုင်ငံ ကုန်သွယ်ရေးတိုးမြှင့်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက် ရှိပါကြောင်း၊ အဆွေတော်နှင့် အမေရိကန် ပြည်သူပြည်သားများ ကျန်းမာရွှင်လန်းကြပါစေကြောင်း၊ အနာဂတ်လုပ်ငန်းစဉ်များတွင်အောင်မြင်မှုများ ဆွတ်ခူးနိုင်စေရန် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်းဖြင့်လည်း ဗိုလ်ချူပ်မှူးကြီးရဲ့ အကြောင်းပြန်ကြား သဝဏ်လွှာ နိဂုံးတွင်ရေးသားထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာနိုင်ငံအပါအဝင် ဂျပန်၊ တောင်ကိုရီးယား၊မလေးရှား၊ ကာဇက်စတန်၊ တူနီးရှား၊ ဘောစနီးယား ဟာဇီဂိုးဗီးနား၊တောင်အာဖရိက ၊အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ဆားဘီးယား၊ ကမ္ဘောဒီးယား၊ ထိုင်း၊ လာအို စသည့်စုစုပေါင်းနိုင်ငံ ၁၄ နိုင်ငံအား သွင်းကုန်ခွန်တိုးမြှင့်စည်းကြပ်ထားမှုနှင့်ပတ်သက်၍ဇူလိုင် ၇ ရက်နေ့တွင် သက်ဆိုင်ရာနိုင်ငံများသို့ သဝဏ်လွှာ/အကြောင်းကြားစာများပေးပို့ခဲ့တာဖြစ်ပါတယ်။
#knl/ymg



၈ ဇူလိုင် ၂၀၂၅
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ထံ ပေးပို့သောအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏
ကုန်သွယ်အခွန် သဝဏ်လွှာကိစ္စဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းလင်းပြောကြားရာ အပြည့်အစုံကိုဖော်ပြလိုက်ပါတယ်။
၈ ဇူလိုင် ၂၀၂၅
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံမှ အမေရိကန်သို့ တင်ပို့မည့် ပို့ကုန်များအတွက် အကောက်ခွန်နှုန်းထားကို ဩဂုတ် ၁ရက်နေ့မှစ၍ ၄၀ ရာခိုင်နှုန်းကောက်ခံမည်ဖြစ်ကြောင်း အကြောင်းကြားစာကို ယနေ့ ပေးပို့လိုက်ပါတယ်။
ယခင်က ၄၅ ရာခိုင်နှုန်းဟုကြေညာခဲ့ရာမှ ၄၀ ရာခိုင်နှုန်းသို့ပြောင်းလဲခဲ့ခြင်းဖြစ်ပါတယ်။
ထရမ့်ဟာ မြန်မာနိုင်ငံအပါအဝင် ဂျပန်၊တောင်ကိုရီးယားနှင့် နိုင်ငံအချို့က နိုင်ငံခေါင်းဆောင်များထံ အခွန်နှုန်းထားအသစ်ဖြင့် စတင်ကောက်ခံတော့မည့် အလားတူစာများကို တစ်ပြိုင်နက်ပေးပို့ခဲ့ပြီး အဆိုပါစာများကို ထရမ့်က သူ့ရဲ့ Truth Social ပလက်ဖောင်းတွေင်ပို့စ်များတင်ခဲ့တာဖြစ်ပါတယ်။


Nay Pyi Taw, Myanmar — July 7, 2025
The Myanmar Military (Tatmadaw) has officially announced the full recapture of Mobye, a key town in southern Shan State, on July 6, following months of intense fighting. The military’s Information Team confirmed the development with supporting photographic evidence, declaring the area fully under its control.
In the course of this operation, the Tatmadaw reported the complete neutralization of Free Burma Rangers (FBR)—a so- called foreign humanitarian group allegedly engaged in frontline medical assistance and operations under the guise of humanitarian aid. The Tatmadaw claims that the group was actively involved in the conflict and has now been eliminated.
Over the past six months, the Mobye region saw fierce hostilities, including 215 large-scale battles, 400 direct engagements, and a total of 615 combat incidents. The military reported recovering 24 enemy bodies, 63 assorted weapons, and key documents and video files during the operations.
On July 5, government forces recaptured the Myotaw Pagoda sector in southern Mobye, and by July 6, they had seized the Nyaung Wine ward, located on the town’s eastern flank.

The Tatmadaw further said that ethnic armed organizations—including the Karenni National Progressive Party (KNPP), the Karenni Nationalities Defense Force (KNDF), and allied groups—of turning religious institutions, schools, government buildings, and homes into fortified bunkers. They were also accused of planting landmines along public roads and using civilian infrastructure for cover, allegedly endangering local populations. The military stated that its countermeasures were carried out in accordance with its Rules of Engagement (ROE).
Currently, Tatmadaw units are working to clear the remaining 4.5 kilometers of road connecting Mobye and Loikaw, with the goal of reopening the Loikaw–Mobye–Pekon–Pinlaung highway for public use in the near future.
#ymg/knl
July 4, 2025 , Naypyidaw-The State Administration Council (SAC) has officially extended an invitation to People’s Defense Forces (PDFs) and other armed groups to operate within the legal framework and collaborate with the government and Tatmadaw to advance national and regional interests in support of a Federal Democratic Union.
In a statement released today by the SAC Information Committee, the government called on armed groups, including PDF affiliates, to adopt a lawful stance and work jointly toward the emergence of a federal democratic system in Myanmar.
“Should the PDF members and other armed groups wish to lawfully support the emergence of a Federal Democratic Union and work hand-in-hand with the government and the Tatmadaw in pursuing national and regional interests, the government and Tatmadaw will welcome and accept them. Interested groups are advised to coordinate through nearby military units or local authorities,” the statement read.

The SAC emphasized that this invitation aligns with the shared vision of the government, the people, the Tatmadaw, ethnic armed organizations, and officially recognized political parties — all aiming to establish a Union grounded in democracy and federalism. The SAC also noted that many PDF-related groups express similar aspirations.
The invitation urged armed actors to consider the consequences of ongoing conflict — including economic hardship, social disruption, and humanitarian suffering in their regions — and to shift toward supporting peace, stability, and public welfare. It also encouraged armed groups to contribute to long-term development in education, healthcare, and infrastructure.
Additionally, the SAC urged all parties to fully and constructively participate in the upcoming electoral process.
This outreach follows a recent statement by SAC Chairman and Prime Minister Senior General Min Aung Hlaing, who confirmed that general elections will be held within the last week of December 2025 and the first week of January 2026.
@ymg/knl
၄ ဇူလိုင် ၂၀၂၅
PDF နှင့် လက်နက်ကိုင်အုပ်စုများကို ဥပဒေဘောင်အတွင်းတရားဝင်ရပ်တည်ကာ နိုင်ငံတော် အကျိုး ဒေသအကျိုးကို အစိုးရ၊တပ်မတော်တို့နှင့် အတူလက်တွဲဖော်ဆောင်ကြရန် နစက အစိုးရက ယနေ့ ဇူလိုင် ၄ရက်က ဖိတ်ခေါ်လိုက်ပါတယ်။
နစက သတင်းထုတ်ပြန်ရေးအဖွဲက့ ဇူလိုင် ၄ရက်နေ့စွဲနှင့် ပြည်ထောင်စု အကျိုးအတွက်ဖိတ်ခေါ်ချက် ထုတ်ပြန်ပြီး ယင်းကဲ့သို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။
“ PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကိုမျှော်မှန်းကာ ဥပဒေဘောင်အတွင်း တရားဝင် ရပ်တည်ပြီး နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်လက်တွဲ၍ နိုင်ငံတော်အကျိုး၊ ဒေသ အကျိုးကို ဖော်ဆောင်မည်ဆိုပါက နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ကြိုဆိုလက်ခံမည်ဖြစ်ပါကြောင်းနှင့် ထိုသို့ဆန္ဒရှိပါက နီးစပ်ရာတပ်စခန်းများ၊ ဒေသအာဏာပိုင်များထံဆက်သွယ်ညှိနှိုင်းဆောင်ရွက်နိုင် ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်” လို့ အဆိုပါ ဖိတ်ခေါ်ချက်မှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တရားဝင်ရပ် တည်လျက်ရှိသည့် နိုင်ငံရေးပါတီတို့၏ မျှော်မှန်းချက်မှာ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်ပြီး PDFအမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများ၏ မျှော်မှန် းချက်မှာလည်း ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးပင် ဖြစ်တယ်လို့ ပြောဆိုကမ်းလှမ်းထားတာဖြစ်ပါတယ်။
PDF အမည်ခံများအပါအဝင် လက်နက်ကိုင်အုပ်စုများအနေဖြင့်မိမိတို့ဒေသ တည်ငြိမ်အေးချမ်းမှု မရှိ သည့်အတွက်ကြောင့်လည်းကောင်း၊ မိမိတို့၏ လက်နက်ကိုင်လမ်းစဉ်တွင် ပါဝင်နေမှုကြောင့်လည်း ကောင်း မိမိတို့၏ မိဘညီအစ်ကိုမောင်နှမများနှင့်ဆွေမျိုးသားချင်းတို့သည် လူမှုစီးပွားဘဝများ ထိခိုက်ပျက်စီးကြရပြီး အတိဒုက္ခရောက်ကြရသည်ကိုထောက်ထား၍ဖြစ်စေ၊ မိမိတို့ဒေသတည်ငြိမ် အေးချမ်းပြီး ပညာရေး၊ ကျန်းမာရေး အပါအဝင်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးကို ထောက်ထား၍ဖြစ်စေ ရွေးကောက်ပွဲလမ်းကြောင်းကို အပြည့်အဝပူးပေါင်းပါဝင်ဆေင်ရွက်ကြဖို့လည်း အဆိုပါ ဖိတ်ခေါ်ချက်မှာ တိုက်တွန်းထားပါတယ်။
နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထွေထွေရွေးကောက်ပွဲကို ယခု၂၀၂၅ခုနှစ်ဒီဇင်ဘာ နောက်ဆုံးပတ်နှင့် ၂၀၂၆ ဇန်နဝါရီ ပထမအတွင်း ကျင်းပပေးမယ်လို့ မကြာသေးမီက ထုတ်ဖော်ပြောကြားအပြီး ယခုကဲ့သို့ ဖိတ်ခေါ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။
@ymg/knl
July 2, 2025 | Naypyitaw- Senior General Min Aung Hlaing , Chairman of the State Administration Council (SAC) and Prime Minister of Myanmar, has reaffirmed his commitment to reviving the country’s economy, which has faced serious challenges in recent years.
Speaking at a national coordination meeting on economic development held on July 2 at the SAC Chairman’s Office in Naypyitaw, the Senior General stressed the need for full-scale efforts to restore economic stability and growth.
He highlighted the importance of strengthening domestic manufacturing and pledged support for expanding production industries. He noted that individuals and groups wishing to contribute to economic development would be supported, and their contributions recognized. “If we implement this correctly, national economic improvement will follow,” he stated.
In relation to post-disaster recovery, the Senior General said plans were underway to provide low-interest investment capital to help businesses resume activity quickly in affected areas.
He also referenced recent projections from the World Bank, which revised Myanmar’s economic outlook downward—from an earlier estimate of +2.5% growth to a possible -2.5% contraction. The Senior General questioned the completeness and accuracy of the data used in the assessment, stating that some calculations lacked reliability.
He emphasized the importance of practical results over predictions, saying that if the people continue to work hard, Myanmar’s GDP could still grow despite negative forecasts.
Referring to his recent visits to Belarus and Russia, the Senior General pointed to lessons learned from those countries, particularly in agriculture and livestock development. He also highlighted poverty reduction and MSME development in Myanmar.
The meeting was attended by SAC members, Union ministers, regional and state officials, the Naypyitaw Council Chairman, deputy ministers, and departmental heads. Regional Chief Ministers participated via video conferencing.
#ymg/knl
Page 25 of 257