၁၉ နိုဝင်ဘာ ၂၀၂၄

မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်သည် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို   တိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့်နိုင်ငံတော်အတွက်အပြုသဘောဆောင်နိုင်ခဲ့သော  အောင်   မြင်သည့်ခရီးစဉ်တစ်ခုဖြစ်ခဲ့တယ်လို့ နစက ဥက္ကဋ္ဌ ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်က ပြောကြားပါတယ်။

နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်တွင်ကျင်းပတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ အစည်းအဝေးမှာ ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံ၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှု ရလာဒ်  များပေါ်ထွက်လာအောင်ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြားချစ်ကြည်ရေး၊ စီးပွား    ရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တယ် လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် Mr. Li Qiang အနေဖြင့် GMSအစည်းအဝေးတက်ရောက်သည့် ဝန်ကြီးချုပ်    များအနက် မြန်မာဝန်ကြီးချုပ်နှင့်သာသီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တာဖြစ်ပြီးမိမိအနေဖြင့် မြန်မာနိုင်ငံ၏ဖြစ်ပေါ်   ပြောင်းလဲမှုအခြေအနေများနှင့် ပတ်သက်၍ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ပြောကြားခဲ့တယ်လို့လည်း ဗိုလ်ချုပ်မှူး   ကြီးက ထုတ်ဖော်ပြောကြားပါတယ်။

တရုတ်ဝန်ကြီးချုပ်ကလည်း မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် နစက အစိုးရရဲ့ ဆောင်ရွက်ချက်   များအပေါ် ပြတ်ပြတ်သားသားရပ်တည် ဆွေးနွေးခဲ့တာတွေ့ရတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်  ပြောဆိုပါတယ်။

မြန်မာနိုင်ငံအစိုးရ၏ ပြည်တွင်းတည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို တရုတ်နိုင်ငံဘက် က အစဉ်အမြဲထောက်ခံအားပေးနေကြောင်း၊နစက၏ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း  အပေါ် တရုတ်နိုင်ငံအနေဖြင့် တက်တက်ကြွကြွထောက်ခံအားပေးပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး တည်ငြိမ်မှုရှိစေ  ရန်နှင့်နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်များကိုဆက်လက်တွန်းအားပေးဆောင်ရွက်နေမှုကိုလည်းထောက်ခံ  အားပေးကြောင်း တရုတ်ဝန်ကြီးကပြောကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုတို့ကိုထပ်လောင်း အတည်ပြု ပါကြောင်း၊ မြန်မာနိုင်ငံအစိုးရ၏ တရုတ် - မြန်မာနယ်စပ်ဒေသကုန်သွယ်ရေးဂိတ်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲ   အုပ်ချုပ်မှုများကို တရုတ်နိုင်ငံအနေဖြင့်အားပေးပါကြောင်း၊တရုတ်ဘက်အနေဖြင့်မြန်မာနိုင်ငံနှင့်အကျိုးတူ ပူး  ပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် အတူတကွဖွံ့ဖြိုးတိုးတက်မှုရရှိလိုပါကြောင်းလည်း  တရုတ်ဝန်ကြီးကပြောကြားခဲ့ တယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြန်ပြောင်းပြောဆိုပါတယ်။

GMS အစည်းအဝေးသို့တက်ရောက်လာကြသည့် နိုင်ငံများမှဝန်ကြီးချုပ်များနှင့်သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများ  

ကိုလည်း ဗိုလ်ချုပ်မှူးကြီးက နစက အစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲ ဖြစ်စေရေး နိုင်ငံတကာမှ လေ့လာအကဲခတ်ရေးကိုယ်စားလှယ်အဖွဲ့များကို ဖိတ်ခေါ်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြော

ကြားခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။ သက်ဆိုင်ရာဝန်ကြီးချုပ်များကလည်း နိုင်ငံအလိုက်   ထောက်ခံ သည့် ဆွေးနွေးချက်များကို ပြန်လည်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဗိုလ်ချူပ်မှူးကြီးဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုဝင်ဘာ ၅ ရက်မှ ၁၀ရက်အထိ သွားရောက်ခဲ့တာဖြစ်ပါတယ်။