Published 4 May 2022
ဥရောပအကြီးအကဲ အာဆူလာဘွန်ဒါလီယင်က ရုရှားရဲ့ရေနံတွေကို ဥရောပက ဖြည်းဖြည်းချင်းရပ်ဆိုင်းသွားမယ့် အစီအစဉ်တွေကိုကြေညာသွားပါတယ်။ ဥရောပသမဂ္ဂက ယူကရိန်းကျူးကျော်မှုနှင့်ပတ်သက်ပြီး ရုရှားကို အပြစ်ပေးဖို့ နည်းလမ်းတွေရှာနေတဲ့အလျောက် ရုရှားကို ဖိအားအမြင့်ဆုံးပေးလို့ရသလောက်ပေးသွားမယ်လို့ဆိုလိုက်ပါတယ်။ အဲဒီအပြင် ရုရှားရဲ့ အကြီးဆုံး နိုင်ငံပိုင်ရုပ်သံလိုင်း(၃)ခုကိုလည်း ပိတ်ပင်ဖို့ စီစဉ်ထားတယ်လို့လည်း သူကဖြည့်စွက်ပြောပါတယ်။
Source AFP
Published 3 May 2022
ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ယူကရိန်းကို နောက်ထပ် စစ်ရေးအကူအညီသစ်ပေါင်စတာလင်သန်း၃၀၀ပေးမယ့် အစီအစဉ်ကို မေလ(၃)ရက်က ယူကရိန်းပါလီမန်မှာ ကြေညာသွားပါတယ်။ ရေရှည်ပန်းတိုင်မရောက်မချင်း အကူအညီတွေ ဆက်ပေးသွားမယ်လို့ သူကပြောပါတယ်။
Source AFP
Published 2 May 2022
#လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်သန်းဦးကို တာဝန်မှအနားယူခွင့်ပြု
#လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနအဖြစ်ပြောင်းလဲဖွဲ့စည်း
#ဦးသောင်းဟန်အား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ်ခန့်၊စွမ်းအင်ဝန်ကြီးဌာနပူးတွဲ
#သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးမင်းမင်းဦးကိုရွေး/ကော်အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့
#ပြည်ထဲရေးဒုဝန်ကြီးနှင့်ရဲချုပ်ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်
#ဗိုလ်ချူပ်ဇင်မင်းထက်ကိုပြည်ထဲရေးဒုဝန်ကြီးနှင့်ရဲချုပ်တာဝန်ပေး
#သာ/ယဉ်ဒုဝန်ကြီးဦးထွန်းအုံကိုသယံဇာတ/ပတ်ဝန်းကျင် ဒုဝန်ကြီးအဖြစ်ပြောင်းရွှေ့
#ဒေါက်တာမိုးဇော်ထွန်း-သာ/ယဉ်ဒုဝန်ကြီး၊ ဦးမင်းသူ-သယံဇာတ/ပတ်ဝန်းကျင်ဒုဝန်ကြီး၊ ဒေါက်တာအောင်ဇေယျ-လျှပ်စစ်စွမ်းအားဒုဝန်ကြီး၊ ဦးသန့်စင်-စွမ်းအင်ဒုဝန်ကြီး များအဖြစ်ခန့်အပ်
Published 02 May 2022
ရုရှားနှင့်ယူကရိန်း ပဋိပက္ခနှင့် ရုရှားအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ကြောင့် မလေးရှားဟာ ငွေကြေးဖောင်းပွမှုနှင့်ရင်ဆိုင်နေရကြောင်း မလေးရှားစာရင်းအင်းဌာနရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာအရ ကြက်သား၊ကြက်ဥနှင့် ဟင်းနုနွယ်ကို အရင်က ၁၀၀ရင်းဂစ်(၂၃ဒေါ်လာ)လောက်နှင့် ဝယ်နိုင်ခဲ့ရာကနေ ယခု ၁၁၀ရင်းဂစ်ကနေ ၁၂၄ ရင်းဂစ်(၂၅မှ၂၈ ဒေါ်လာ)အထိ ပေးဝယ်နေကြရပါတယ်လို့သိရပါတယ်။ ရုရှားနှင့်ယူကရိန်း ပဋိပက္ခကြောင့် ဓာတ်မြေဩဇာဈေးနှုန်းတွေတက်တာဟာ အချို့သော လယ်ယာထွက်ကုန်တွေဈေးတက်ရတဲ့ အဓိက အကြောင်းရင်းပဲဖြစ်တယ်လို့ ပညာရှင်တွေကထောက်ပြကြပါတယ်။
ပဋိပက္ခကြောင့် နေကြာဆီတွေ ပြတ်လတ်မှုတွေရှိနေတဲ့အတွက် ကမ္ဘာ့စားအုံးဆီတင်ပို့မှုရဲ့ ၆၀ရာခိုင်နှုန်းနီးပါး တင်ပို့နေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ပြည်တွင်းစားသုံးဆီဖူလုံဖို့ ပြည်ပပို့ကုန်ကို ပိတ်လိုက်ကြောင်း ဒီတစ်ပတ်မှာကြေညာခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့်လည်း မလေးရှားမှာ စားအုံးဆီတွေ ဈေးတက်လာရပါတယ်။
နိုင်ငံရဲ့ ရိုးရာပွဲတော်တွေရောက်လာတာနှင့် တိုက်ဆိုင်သွားတာကြောင့် အစာအစာဈေးနှုန်းတွေ သိသိသာသာမြင့်တက် လာလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီနှစ်မတ်လမှာ မလေးရှားနိုင်ငံရဲ့ ဓာတ်ဆီအောက်တိန်း၉၇ ဈေးနှုန်းဟာ မနှစ်ထက်ယှဉ်ရင် ၅၀ ရာခိုင်နှုန်းမြင့်တက်လာတာဖြစ်ပါတယ်။
Source CMG
Published 2 May 2022
နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်(Samdech Akka Moha Sena Padei Techo HUN SEN ) နှင့် ယနေ့မေလ(၂)ရက် နံနက်ပိုင်းက အွန်လိုင်း Video Conferencing ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။
အဲသလိုတွေ့ဆုံရာမှာ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ထားမှုတွေကို နကစဥက္ကဋ္ဌက ပြောပြခဲ့ပြီး ဒေသအချို့တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုဖြစ်ရပ်တွေဟာ NCA ကိုချိုးဖောက်လျက်ရှိပြီး ကျင့်ဝတ်များကိုလိုက်နာမှုမရှိသည့် EAOတွေထံမှ အရင်းခံ၍ ဖြစ်ပေါ်လျက်ရှိနေတာဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲဒီအပြင် လက်ရှိ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနှင့် အပြစ်မဲ့ပြည်သူတွေ သေဆုံးဒဏ်ရာရရှိမှုတွေကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီအပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းတွေဆောင်ရွက်နေမှဒ၊အာဆီယံမှပေးအပ်မယ့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေကို ဖြန့်ဝေဆောင်ရွက်ပေးသွားမယ့် အခြေအနေတွေ၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ထပ်မံလာရောက်နိုင်ရေး ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေတွေ၊ အာဆီယံဘုံသဘော တူညီချက် ၅ ရပ် အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။
ယခုတွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်လို့ ကမ္ဘောဒီးယားပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ ခမာတိုင်းမ်ကလည်း အတည်ပြုဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘောဒီးယားဘက်က တွေ့ဆုံမှုနှင့်ပတ်သက်ပြီး အသေးစိတ်သတင်း ယခုထက်ထိမထုတ်ပြန်သေး ကြောင်းနှင့် ယနေ့နှောင်းပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးနိုင်တယ်လို့ ခမာတိုင်းမ်က သတင်း ရေးသားထားပါတယ်။
အဲဒီတွေ့ဆုံပွဲကို နစကဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နစက နိုင်ငံခြားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဝန်ကြီးများ နှင့် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source: SAC’s Info/Khmer Time
Published 01 May 2022
စစ်ပွဲကြောင့် လောင်စာဆီတွေ ပြတ်တောက်မှာစိုးရိမ်မှုတွေကြောင့် ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်က ဓာတ်ဆီဆိုင်တွေမှာ မော်တော်ယာဉ်တွေဟာ တန်းစီပြီး ဓာတ်ဆီထည့်နေကြပါတယ်။
ဒါကိုနားလည်မှုပေးရမယ်။အနစ်နာခံမှုတစ်ချို့လုပ်ရမယ်။သိပ်မကြီးကျယ်ပါဘူးလို့ ကားထဲမှာ ဓာတ်ဆီထည့်ဖို့ စောင့်ဆိုင်းနေတဲ့ ဗစ်တယ်လီကပြောပါတယ်။
Source AFP
Published 1 May 2022
မြန်မာနိုင်ငံရဲ့ နေပြည်တော်၊တိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာ ခရိုင်အသစ်(၄၆)ခရိုင်ထပ်မံတိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ နစက ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၂ခုနှစ် ဧပြီ(၃၀)ရက်က အမိန့်ကြေညာစာတွေထုတ်ပြန်ပါတယ်။
အဲသလိုအသစ်ဖွဲ့စည်းမှုကြောင့် ယခင် တစ်နိုင်ငံလုံးမှာ (၇၅)ခရိုင်ရှိခဲ့ရာက ယခုအခါ (၁၂၁) ခရိုင်ရှိပြီဖြစ်ပါတယ်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းတွေ ယခုထက်ပိုမိုအဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းရတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အသစ်ထပ်မံတိုးချဲ့တဲ့ခရိုင်အသစ်တွေက နေပြည်တော်မှာ ခရိုင်(၂)ခု၊ကချင်မှာ ခရိုင်(၂)ခု၊ ကယားမှာ ခရိုင်(၂)ခု၊ ကရင်မှာ ခရိုင်(၂)ခု၊ ချင်းမှာ ခရိုင်(၂)ခု၊ စစ်ကိုင်းမှာ ခရိုင်(၂)ခု၊ တနင်္သာရီမှာ ခရိုင်(၁)ခု၊ပဲခူးမှာ ခရိုင်(၂)ခု၊ မကွေးမှာ ခရိုင်(၂)ခု၊ မန္တလေးမှာ ခရိုင်(၄)ခု၊ မွန်မှာ ခရိုင်(၂)ခု၊ ရခိုင်မှာ ခရိုင်(၂)ခု၊ ရန်ကုန်မှာ ခရိုင်(၁၀)ခု၊ ရှမ်းမှာ ခရိုင်(၉)ခု၊ ဧရာဝတီမှာ ခရိုင်(၂)ခု စုစုပေါင်း ခရိုင်အသစ်(၄၆)ခုဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှာ ခရိုင်အသစ်တိုးချဲ့ဖွဲ့စည်းမှုအများဆုံးဖြစ်ပါတယ်။
ရန်ကုန်မှာ ဗိုလ်တထောင်ခရိင်၊ဒဂုံမြို့သစ်ခရိုင်၊ တွံတေးခရိုင်၊ကျောက်တံတားခရိုင်၊မရမ်းကုန်းခရိုင်၊ ကမာရွတ်ခရိုင်၊တိုက်ကြီးခရိုင်၊ လှည်းကူးခရိုင်၊ မှော်ဘီခရိုင်နှင့် မင်္ဂလာဒုံခရိုင်ဟူ၍ ခရိုင်အသစ်(၁၀)ခုတိုးချဲ့ခဲ့တာဖြစ်ပါတယ်။
Page 167 of 202