#Local_News
Published_ 5 May 2023
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ဧပြီလ ၂၉ ရက် တွင် မွန်ဘိုင်းမြို့၌ ကျင်းပခဲ့တဲ့ ‘Indo-Myanmar Friendship Association’ ၏ Mumbai Chapter ဖွင့်ပွဲအခမ်းအနားသို့ Chief Guest အဖြစ် တက်ရောက်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားသို့ မွန်ဘိုင်းမြို့ရှိ ယင်းအဖွဲ့အစည်း၏ Mumbai Chapter ဥက္ကဋ္ဌ Advocate Mr. Mohanrao Pimple ၊ ချန်နိုင်းမြို့ရှိ မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန် Prof. Ranganathan. J ၊ မွန်ဘိုင်းမြို့ရှိ အင်ဒိုနီးရှားကောင်စစ်ဝန်ချုပ်ရုံးမှ စီးပွားရေးဆိုင်ရာ ကောင်စစ်ဝန်နှင့် သံတမန်များ၊ ချန်နိုင်းမြို့ရှိ တန်ဇန်းနီးယား ဂုဏ်ထူးဆောင်ကောင်စစ်ဝန်၊ အဖွဲ့အစည်း၏ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါတယ်။
ထို့နောက် မြန်မာသံအမတ်ကြီးကမိန့်ခွန်းပြောကြားရာ၌ နှစ်နိုင်ငံ သံတမန်ဆက်ဆံ ရေး (၇၅) နှစ် ပြည့်မြောက်သည့်ကာလတွင် ‘Indo-Myanmar Friendship Association’ ၏ မွန်ဘိုင်းရုံးခွဲ ဖွင့်လှစ်နိုင်ခြင်းအတွက် ဝမ်းသာပါကြောင်း ပြောကြားပါတယ်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် နယူးဒေလီမြို့၌ စတင်ထူထောင်ခဲ့သည့် ‘Indo-Myanmar Friendship Association’ မှာ မြန်မာသံရုံးနှင့် ပူးပေါင်း၍ နှစ်နိုင်ငံ စီးပွားရေး၊ လူမှုရေးနှင့် ရိုးရာအခမ်းအနားများ ကျင်းပလျက်ရှိကြောင်း သိရပါတယ်။
ကမ္ဘာ့လူဦးရေ အများဆုံး မက်ထရိုပိုလီတန်မြို့တော်များအနက် အဆင့် (၆) အဖြစ် ရပ်တည်နေပြီး ရေနက်ဆိပ်ကမ်းနှင့် ဘောလိဝုဒ်တို့ တည်ရှိရာ စီးပွားရေး၊ ယဉ်ကျေးမှု အချက်အချာ မွန်ဘိုင်းမြို့၌ တည်ထောင်ထားသည့် ယခုရုံးခွဲအနေဖြင့် ကွန်ဖရင့်များ၊ ဆွေးနွေးပွဲများ၊ ကမ္ဘာလှည့်ခရီးသွားနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း မိတ်ဆက်ပွဲများ စသည်ဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်နိုင်မည့် အခွင့်အလမ်းများ ဖော်ထုတ်သည့် ဆောင်ရွက်ချက်များစွာကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း မြန်မာသံအမတ်ကြီးက ဆိုသည်။
မြန်မာသံရုံးအနေဖြင့် အဖွဲ့အစည်း၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ပြည့်မြောက် နိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြား ခဲ့ပါတယ်။
#ygm_mnn #Local_News #အိန္ဒိယ #မွန်ဘိုင်း #Indo-Myanmar Friendship Association
#YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
လာမယ့်အကယ်ဒမီပေးပွဲမှာ သုံးနှစ်စာရုံတင်ဇာတ် ကား(၁၃၈)ကားရှိတဲ့အနက် ဇာတ်ကား(၇၀)ထဲမှ အကယ်ဒမီဆုတွေကိုရွေးချယ်ချီးမြှင့်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရပါတယ်၊၊
#Local_News #အကယ်ဒမီဆုပေးပွဲ #အကယ်ဒမီဆုချီးမြှင့်
#YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
ပုဂံဒေသညောင်ဦးမြို့နယ်မှာ မေလ(၃)ရက်က လေပြင်းတိုက်ခတ်ပြီး သစ်ပင်တွေပြိုလဲကျပြီးကဇာတ်ရုံနဲ့ နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်၊၊
#Local_News #ပုဂံညောင်ဦး #လေပြင်းတိုက်ခတ် #ကဇာတ်ရုံ #နေအိမ်အချို့ထိခိုက်ပျက်စီး
#YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
စက်သုံးဆီဈေးမှာနှုန်းထား ယခင်လကထက်နှစ်ရာကျပ်ဝန်းကျင်အထိသို့ ကျဆင်းခဲ့ပြီး ၉၂ တစ်လီတာလျှင် ၂,၀၀၀ အောက်ကိုရောက်ရှိလာကြောင်း ယနေ့ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရပါတယ်။
#Local_News #စက်သုံးဆီနှုန်း
#YMG #Yangon_Media_Group
#Local_News
Published_ 4 May 2023
လာမယ့်ရက်ပိုင်း မေလ(၈)ရက်မှာ မြန်မာနိုင်ငံမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာမှာဖြစ်ပြီး မုန်တိုင်းငယ်အဖြစ် ပြောင်းလဲတိုက်ခတ်နိုင်ခြေ ရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှသိရပါတယ်၊၊
#Local_News #ဆိုက်ကလုန်းမုန်တိုင်း #ကမ်းရိုးတန်းဒေသများ
#YMG #Yangon_Media_Group
#Daily_News
Published_ 4 May 2023
၁။ မေလအတွင်း ဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ်နိုင်ခြေရှိ၊ ကမ်းရိုးတန်းဒေသများ အထူးသတိထားရမည်
၂။ စက်သုံးဆီဈေး ဆက်လက်ကျဆင်းနေ
၃။ ပုဂံညောင်ဦးတွင် လေပြင်းတိုက်ခတ်မှုကြောင့် ကဇာတ်ရုံနှင့်နေအိမ်အချို့ ထိခိုက်ပျက်စီး
၄။ကမ္ဘာတစ်ဝှမ်းမှအသက်များကိုကယ်ဆယ်နိုင်ရန် မက္ကဆီကိုခွေးများအား လေ့ကျင့်သင်ကြားပေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 4 May 2023
ပြည်တွင်းရွှေဈေးဟာ မေလ ၄ ရက်နေ့မနက်ပိုင်းမှာ သိန်း ၃၀ကျော် ပေါက်ဈေးရှိနေပြီး ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၂၀၅၀ ကိုစံချိန်တင်မြင့်တက်နေပါတယ်။
#Local_News #ကမ္ဘာ့ရွှေဈေး #ပြင်ပရွှေပေါက်ဈေး
#YMG #Yangon_Media_Group
Page 1402 of 2315