#Local_News
Published_ 16 January 2023
ယခုလအတွင်းမှာ စားအုန်းဆီဈေးနှုန်းက တစ်ပိဿာကို ကျပ် ၆၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာတယ်လို့ ရောင်းချသူတွေထံကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published _ 16 January 2023
ပြင်ပဈေးကွက်ထဲမှာ ရွှေဈေးကို ဈေးကစားမှုတွေရှိနေတာကြောင့် ဈေးအတင်အချ ပြုလုပ်မှုတွေမရှိစေဖို့အတွက် သက်ဆိုင်ရာဌာနကနေ မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 January 2023
အိမ်နီးချင်းနိုင်ငံတွေနဲ့ကမ္ဘာ့နိုင်ငံတွေမှာ တစ်ကျော့ပြန်ကိုဗစ်တွေအဖြစ်များနေတဲ့အတွက် မြန်မာမှာတစ်ကျော့ပြန် ကိုဗစ်မဖြစ်အောင် သတိပြုကာကွယ်ဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးထံမှ သိရပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published_ 16 January 2023
၁။ တစ်ကျော့ပြန် ကိုဗစ်မျိုးပြောင်းများ မြန်မာတွင်မဖြစ်အောင် သတိပြုကာကွယ်ရန်လိုဟုဆို
၂။ ဈေးကစားသူများကြောင့် ရွှေဈေးမြင့်တက်ခြင်း မရှိစေရန် သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ
၃။ စားအုန်းဆီတစ်ပိဿာ ၆၀၀၀ ကျော်ကို ပြန်လည်မြင့်တက်လာ
၄။ ကမ်မရွန်းအသုဘ တေးဂီတက အားငယ်နေသည့်လူငယ်များအတွက် မျှော်လင့်ချက်ဂီတအမျိုးအစားဖြစ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 16 January 2023
လတ်တလောမှာ ညအပူချိန်တွေကျဆင်းပြီး ရေခဲအမှတ်နား (၅)ဒီဂရီစင်တီဂရိတ်အောက်ရောက်ရှိတဲ့ ဒေသ(၈)ခုရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 16 January 2023
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ မီးလောင်ပျက်စီးခဲ့သည့် အရက်ချက်စက်ရုံ မီးလောင်မှုမှာ ဆုံးရှုံးမှုပမာဏများနှင့် ပတ်သက်၍ အာမခံ ကုမ္ပဏီတွေနှင့် ဆွေးနွေးနေပြီး တစ်လအတွင်း အရက်ထုတ်လုပ်မှု လုပ်ငန်းများ ပြန်စတင်သွားမည်ဖြစ်ကြောင်း Grand Royal Group International (GRGI) က ထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင်ရှိသည့် Grand Royal ကုမ္ပဏီ၏ အရက်ချက်စက်ရုံသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်အဖွဲ့မှ ၁၅ နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရပြီး မီးသတ်အဖွဲ့ဝင်အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ Grand Royal Group International ကုမ္ပဏီမှ ယနေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုဖြစ်ရသည့် အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်ပြီး သိရှိရသည့် အထောက်အထားတွေအရ မတော်တဆ မီးလောင်မှုဟု ယူဆရကြောင်း ထုတ်ပြန်ထားသည်။
ယင်းအပြင် ကုမ္ပဏီအနေဖြင့် ဒေသဆိုင်ရာ အာဏာပိုင်တွေနှင့် စစ်ဆေးမှုများတွင် ပူးပေါင်းဆောင်ရွက်နေပြီး သက်ဆိုင်ရာ အာမခံကုမ္ပဏီတွေနှင့်လည်း သင့်တော်သည့် ဆုံးရှုံးမှုပမာဏအတွက် ဆွေးနွေးနေကြောင်း GRIG က ထုတ်ပြန်ထားသည်။
ကုမ္ပဏီအနေဖြင့် လာမည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ လကုန်နောက်ဆုံးထားပြီး၊ အရက်ချက်လုပ်ခြင်းနှင့် ပုလင်းသွတ် လုပ်ငန်းတွေ ပြန်လည်စတင်ရန် ခန့်မှန်းထားကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 16 January 2023
ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန်မာလုပ်သား အမျိုးသား ၂၈၁ ဦးနှင့် အမျိုးသမီး ၃၃၃ ဦး စုစုပေါင်း ၆၁၄ ဦးခေါ်သွားရန် အလုပ်ကမ်းလှမ်းစာ ၁၅၂ စောင်ရရှိထားကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ တိုကျိုမြို့က အသိပေးထုတ်ပြန်ထားသည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၅၂ စောင်အား မြန်မာသံရုံး၊ တိုကျိုမြို့က ဇန်နဝါရီလ ၁ ရက်မှ ဇန်နဝါရီလ (၁၆)ရက် အတွင်းစိစစ်ပြီးနောက် ယင်းကမ်းလှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြား ရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာများသည် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီး ဌာနမှတဆင့် ပေးပို့လာခြင်းဖြစ်၍ အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ၊ ကုမ္ပဏီများသည် ဂျပန်နိုင်ငံ၌ တရားဝင်တည်ထောင်ထားခြင်း ရှိ၊ မရှိနှင့်စာရွက်စာတမ်းအထောက်အထားများအား စိစစ်၍ တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၅၂ စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေး တရားဝင်လိုင်စင်ရ ကုမ္ပဏီများက မြန်မာအလုပ်သမားများအား စေလွှတ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1403 of 2121