#Daily_News
Published_ 5 May 2023
၁။ စားအုန်းဆီဈေးအနည်းငယ်ပြန်ကျ၊ ပြည်တွင်းထုတ်ကုန် ပဲဆီအထွက်တိုးပေမယ့် ဈေးမြှောက်နေဆဲဖြစ်
၂။ စက်သုံးဆီနှုန်းဈေး 92 တစ်လီတာ ၁၈၇၅ ကျပ်အထိ ကျဆင်းနေ
၃။ မော်လမြိုင် သိပ်ဇရပ်-မရမ်းချောင်းကြားကုလားမကွေ့တွင် ဘုရားဖူး ကားတိမ်းမှောက်၊ လူ ၃၀ ခန့် ဒဏ်ရာရရှိ
၄။ ဗင်နီဇွဲလား၏ အော်ရီနိုကို မိကျောင်းများကို ကယ်ဆယ်ရန်ကြိုးပမ်းလျက်ရှိ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
Published 5 May 2023
မြန်မာနိုင်ငံရဲ့ပဋိပက္ခမှာ အဓိကပါဝင်တဲ့ အဖွဲ့အစည်းတွေနှင့် မြန်မာရဲ့ အိမ်နီးချင်း အိန္ဒိယ၊ထိုင်းနှင့်တရုတ်တို့ကို အင်ဒိုနီးရှားအနေနှင့် လပေါင်းများစွာ တိတ်တဆိတ်တွေ့ဆုံ စေ့စပ်ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မေလ၅ ရက်သောကြာနေ့ကထုတ်ဖော်ပြောကြားလိုက်တယ်လို့ ရိုက်တာသတင်းကရေးသားပါတယ်။
အကြမ်းဖက်မှုတွေပြင်းထန်လာတဲ့အလျောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခု စတင်နိုင်ဖို့ကြိုးစားအားထုတ်မှုတစ်ခုအနေနှင့် ဆောင်ရွက်တာလို့လည်းဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ရိုက်တာသတင်းဌာနကို သီးသန့်ဖြေကြားရာမှာ အာဆီယဥက္ကဋ္ဃအနေနှင့် အကျပ်အတည်းကိုထိုးဖောက်ကျော်လွှားနိုင်ဖို့ ကြိုးစားအားထုတ်တဲ့အနေနှင့် အခုလို တိတ်တိတ်ဆိတ်ဆိတ်ဆွေးနွေးမှု တွေပြုလုပ်နေတာဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့သံတမန်တွေဟာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေနှင့် အကြိမ်း၆၀ကျော် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း အင်ဒိုနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
အဲဒီအဖွဲ့အစည်းတွေထဲမှာ နစက၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနှင့် NUG တို့ပါဝင်ကြတယ်လို့လည်း ရိုက်တာ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ပတ်သက်သူတွေအားလုံးရဲ့ယုံကြည်မှုရရှိရေးဟာ မရှိမဖြစ်လိုအပ်တယ်လို့လည်း သူမကနောက်ပိုင်းပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။
“ အင်ဒိုနီးရှားဟာ လော်စပီကာမဟုတ်တဲ့ သံခင်းတမန်ခင်းကိုအသုံးပြုနေတယ်တယ်။ ရည်ရွယ်တာကတော့ ပါဝင်ပတ်သက်သူတွေအားလုံး ယုံကြည်မှုတည်ဆောက်နိင်ဖို့ဖြစ်တယ်” လို့လည်း သူမကဆက်လက်ပြောဆိုခဲ့ပါတယ်။
“ တိတ်တိတ်ဆိတ်ဆိတ်ဒီပလိုမေစီဆိုတာ ဘာမှမလုပ်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ လေးလအတွင်း အင်ဒိုနီးရှားဟာ တော်တော်များများလုပ်နိုင်ခဲ့တယ်” လို့ သူမကဆိုပါတယ်။
“ ပါဝင်နိုင်သမျှသူတွေပါဝင်နိုင်ဖို့ ကျွန်မတို့ကြိုးစားနေတယ်။ အင်ဒိုနီးရှားဟာ အဖွဲ့အစည်းတွေအကြား နက်ရှိုင်းပြတ်သားနေတဲ့ ကွာဟမှုတစ်ခုကို လျှော့ချရာမှာ ပေါင်းကူးပေးတဲ့ အခန်းကဏ္ဍကနေကြိုးစားဆောင်ရွက်နေတယ်” လို့လည်း ရက်တ်နိုက ရိုက်တာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။
မြန်မာနစကနှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုက ကိုယ်စားလှယ်တွေက သူမရဲ့မှတ်ချက်အပေါ် ဘာတုန့်ပြန်ချက်မှမပေးခဲ့ပေမယ့် NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ သူတို့ဟာ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲတစ်ခုအတွက် ကြိုးစားနေတဲ့ အာဆီယံဥက္ကဋ္ဌနှင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ ရိုက်တာကို ပြန်ဖြေကြားခဲ့ပါတယ်။
Ref: Reuter’s Report
-ymg/knl
#YangonMediaGroup
#မြန်မာ့နိုင်ငံရေး
#အာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှား
#Local_News
Published _5 May 2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းလမ်းဆုံအနီး ခရေပင်လမ်းမပေါ်ရှိ အစာစက်ရုံမှတ်တိုင်ရှေ့၌ ယနေ့ မေလ ၅ ရက် မွန်းလွဲပိုင်းက တွဲကားနှင့် ၁၂ ဘီးကား မျက်နှာချင်းဆိုင်တိုက်မိခဲ့ရာ ယာဉ်ပေါ်ပါ ၅ ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့ထဲမှ တွဲကားယာဉ်မောင်းအမျိုးသားမှာ တွဲကားခေါင်းခန်းအတွင်း ညှပ်မိနေခဲ့သည့် ယာဉ်မောင်းမှာ စိုးရိမ်ဒဏ်ရာရသွားကြောင်းသိရသည်။
ယာဉ်တိုက်မှုဖြစ်ပွားရာနေရာသို့ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ အထောက်ကူပြုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရကြောင်းသိရသည်။
ယခုအခါဒဏ်ရာရရှိသူ ၅ ဦးအနက် ယာဉ်မောင်းအပါအဝင် အမျိုးသား ၃ ဦးမှာ အနီရောင်အဆင့် သတ်မှတ်ထားပြီး စိုးရိမ်ရကြောင်း၊ ကျန်နှစ်ဦးမှာ အမျိုးသမီးများဖြစ်၍ အဝါရောင်အဆင့် သတ်မှတ်ထားကြောင်း နှင့် အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#ymg/pl #Local_News #တညင်းကုန်းလမ်းဆုံ #မျက်နှာချင်းဆိုင်တိုက်မိ
#YMG #Yangon _Media_Group
#Local_News
Published_ 5 May 2023
ဆိုက်ကလုန်းမုန်တိုင်းအရှိန်ကြောင့်လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့မြေပြိုတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ(၅)ရက်ညနေပိုင်းမှာ သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်၊၊
#Local_News #ဆိုက်ကလုန်းမုန်တိုင်း #လေပြင်းတိုက်ခတ်ခြင်း #မိုးကြီးခြင်း #ရေကြီးခြင်း #မြေပြိုခြင်း #YMG #Yangon_Media_Group
#Local_News
Published_ 5 May 2023
ယနေ့နေ့လည်ပိုင်းအချိန်က ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်အတွင်းရှိ ပြည်သူ့ရင်ပြင်ဝန်းထဲက ရေလွှာလျှောစက် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။
မေလ ၅ ရက်နေ့ နေ့လည် ၁၂နာရီ ၅၀မိနစ်အချိန်က ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ဝန်းအတွင်းက ရေလွှာလျှောစက်အနီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
"ပြည်သူ့ရင်ပြင်ဝန်းထဲက ရေလွှာလျှောစက် မီးလောင်တာပါ၊ အခုတော့ ငြှိမ်းသွားပါပြီ"လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
ပြည်သူ့ရင်ပြင်ဝန်းအတွင်းရှိ ရေလွှာလျှောစက်မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် စမ်းချောင်း၊ ကျောက်တံတားမြို့နယ်တို့မှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁နာရီ ၃မိနစ်အချိန်မှာ မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။
#ymg/ppk #Local_News #ရန်ကုန်ပြည်သူ့ရင်ပြင် #ရေလွှာလျှောစက်မီးလောင်မှုဖြစ်
#YMG #Yangon-Media-Group
#Local_News
Published_ 5 May 2023
EV မော်တော်ယာဉ်ပြပွဲကို ပြည်သူ့ရင်ပြင်၌ မေလ ၁၂ ရက်တွက် ပြုလုပ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သိရသည်။
လျှပ်စစ်သုံးယာဉ် EV မော်တော်ယာဉ်များ ပြပွဲကျင်းပနိုင်ရေး ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေး ခြင်း အစည်းအဝေးကို မေလ ၄ ရက်က မြို့တော်ခန်းမ၌ ပြုလုပ်ရာ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ(မြို့တော်ဝန်) ဦးဗိုလ်ဌေးက ကုမ္ပဏီများ အနေဖြင့် EV မော်တော်ယာဉ်များ အပြင် Charging Station နှင့် ဆက်စပ်ပစ္စည်းအမျိုးအစားများ စုံလင်စွာ ပြသနိုင်ရန်ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။
EV မော်တော်ယာဉ်တင်သွင်းသော ကုမ္ပဏီများအနေဖြင့်လည်း လက်ရှိ တင်သွင်းထားသည့် မော်တော်ယာဉ် အမျိုးအစားများနှင့် အရေအတွက်၊ မှာယူထားသည့် ယာဉ်အမျိုးအစား အရေအတွက် နှင့် ရောက်ရှိမည့်ရက်၊ ပြပွဲအတွက် လိုအပ်ချက်များ၊ ပြပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ရန်အချိန် ကန့်သတ်ချက်များ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြပွဲပြုလုပ်ရန် ရည်ရွယ်ခြင်းမှာ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များတွင် EV ယာဉ်များ ရှေ့ပြေး စတင် ဆောင်ရွက်လျက်ရှိပြီးနောက် လျှပ်စစ်သုံး EV မော်တော်ယာဉ်များ အသုံးပြုမှု တွင်ကျယ် လာစေရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း၊ အဆိုပါပြပွဲတွင် လျှပ်စစ်သုံး EV မော်တော်ယာဉ်များ တင်သွင်းဖြန့်ဖြူးပြီး အမြန်အားသွင်းစနစ် Charging Station များ တည်ဆောက်သည့် Chin Dwin Shan Co. (CDS), Essential Motors Co., Ltd (EM), Myanmar Brillance Auto Co.(MBA), Asia Pacific Automaker Corporation (APAC), NPK Motors Co.,Ltd. နှင့် Super Seven Star (SSS) တို့မှ လျှပ်စစ်သုံး EV မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်း အမျိုးအစား စုံလင်စွာ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
#ymg/pl #Local_News #EV မော်တော်ယာဉ်ပြပွဲ #ပြည်သူ့ရင်ပြင်
#Yangon_Media_Group
#Local_News
Published_ 5 May 2023
ဆီးဂိမ်းပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားဖြင့်မြန်မာမှငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်သုံးခုစုစုပေါင်းဆုတံဆိပ်လေးခုစတင်ရရှိခဲ့ကြောင်း အားစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှသိရသည်၊၊
(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မေလ(၄)ရက်နေ့ ဗိုဗီနမ်(Kun Bokator) အားကစားနည်းပွဲစဉ်များတွင် (အမျိုးသမီး) အခြေခံပြကွက်(လက်)ပြိုင်ပွဲ၌ မနီလာစိုးဦးက မြန်မာနိုင်ငံအတွက် ပထမဦးဆုံးငွေတံဆိပ်ဆုစတင်ရရှိခဲ့ပြီး (အမျိုးသား) အခြေခံပြကွက်(လက်)ပြိုင်ပွဲတွင် မောင်လှိုင်ချစ်ဦး၊(အမျိုးသား)လက်သိုင်းအလှပြပြိုင်ပွဲတွင် မောင်ခန့်လွန်းဇော်၊ ဝါးညှပ်အကတွင် မမြတ်နိုးဝေတို့မှ ကြေးတံဆိပ်တစ်ခုစီရရှိခဲ့ပြီး စုစုပေါင်း ငွေတစ်ခု၊ကြေးသုံးခုရရှိခဲ့သည်၊၊
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ဗိုဗီနမ် (ခွန်ဘိုကာတာ) ယှဉ်ပြိုင်ကစားနေမှုများအား ယနေ့မွန်းလွဲ (၄)နာရီအချိန်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစား ကွင်း Social Zone အတွင်းရှိ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီရုံး၌ Virtual Online စနစ်ဖြင့် ကြည့်ရှုအားပေးခဲ့သည်၊၊
မြန်မာနိုင်ငံအနေဖြင့် စစ်တုရင်အားကစားနှင့် အမျိုးသားဘောလီဘော၊ ဘောလုံးအုပ်စုပွဲစဉ်များလည်း ယှဉ်ပြိုင်ခဲ့ပြီး ဘောလီဘောပြိုင်ပွဲတွင် မလေးရှားကို၃-၁နဲ့ရှုံးနိမ့်ခဲ့သလို ဘောလုံးပြိုင်ပွဲတွင် ၅ ဂိုး ဝဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း ဝန်ကြီးဌာနမှ ဖော်ပြချက်အရ သိရသည်၊၊


#ymg/tthl #Local_News #ဆီးဂိမ်းပြိုင်ပွဲ #ဗိုဗီနမ်အားကစား #ငွေတံဆိပ်တစ်ခု #ကြေးတံဆိပ်သုံးခု #YMG #Yangon_Media_Group
Page 1401 of 2315