#Local_News
Published_9 November 2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အနောက်မြောက်ဘက်(၁၇)မိုင် လောက် အကွာ နဘူးလယ်ဒေသမှာရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် နဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း ရဲ့ လုပ်ငန်းတွေအတွက် လက်ရှိမှာ မြေယာကိစ္စတွေကို ဆောင်ရွက်နေပါတယ်။
#Yangon_Media_Group
#Local_News
Published _ 9 November 2022
ကြက်သွန်နီဈေးက နိုဝင်ဘာလ ပထမအပတ်နောက်ပိုင်းကစပြီး ကုန်စည်ဒိုင်ဈေးကွက်မှာ အနည်းငယ်ပြန်တက်လာတယ်လို့ ကြက်သွန်ပွဲရုံဒိုင်တွေဆီကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_9 November 2022
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခုဖြစ်တဲ့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဟာ ပုံမှန်အတိုင်းလည်ပတ်နေပေမယ့် ကိုဗစ်ကာမတိုင်ခင်အခြေအနေထက် လျော့နည်းနေသေးတယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးမင်းသိမ်းကပြောပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 November 2022
နိုဝင်ဘာလ(၂၀)ရက်ဟာ ကမ္ဘာ့ကလေးများနေ့ ( World Chindren's Day)ဖြစ်ပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published _ 9 November 2022
၁။ မြန်မာ့ကလေးငယ်များ သေဆုံးနှုန်းကျဆင်းအောင် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးကြရန်နှင့် အာဟာရပြည့်ဝစွာကျွေးမွေးရန်လိုအပ်ဟုဆို
၂။ မူဆယ်နယ်စပ်ကုန်သွယ်ရေး ပုံမှန်လည်ပတ်နေသော်လည်း ကိုဗစ်မတိုင်ခင်ထက်လျော့နည်း
၃။ ကြက်သွန်နီဈေး ကုန်စည်ဒိုင်ဈေးကွက်တွင် အနည်းငယ်ပြန်တက်လာ
၄။ ကျောက်မီးသွေးစွမ်းအင်သုံးစွဲနေခြင်းကို လျှော့ချရန် ဗီယက်နမ်ရုန်းကန်နေရဆဲဖြစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_9 November 2022
ကမ္ဘာ့ရွှေဈေးမြင့်တက်လာတာကြောင့် ပြည်တွင်းမှာ ရွှေဈေးနည်းနည်းလေး ပြန်တက်လာပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 November 2022
ကချင်ပြည်နယ်အခြေစိုက် ကုမ္ပဏီ (၃၂) ခုကိုတရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၊ အပင်နှင့် တိရစ္ဆာန်ကူးစက်ရောဂါ ပိုးမွှားစစ်ဆေးရေးဌာန (GACC) မှမှတ်ပုံတင်ခွင့် ပြုခဲ့ခြင်းကြောင့်တစ်သျှူးငှက်ပျော တရားဝင်တင်ပို့ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုမ္ပဏီတွေအနေဖြင့် တစ်သျှူးငှက်ပျော တရားဝင်တင်ပို့ခွင့်ရပြီး မြန်မာနိုင်ငံမှတစ်ဆင့်တရုတ်နိုင်ငံကို ငှက်ပျောသီးများ တရားဝင်တင်ပို့နိုင်ရန်အတွက် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူညီချက် (SPS) ကို ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့၌ GACC နှင့် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောကို ၂၀၀၇ ခုနှစ်မှစတင်ကာ ဘိန်းအစားထိုးသီးနှံအဖြစ် စိုက်ပျိုးခဲ့ပြီး နယ်စပ်ကုန်သွယ်မှုကနေ တရုတ်သို့ ဘိန်းအစားထိုးသီးနှံအဖြစ်သာ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခုဘဏ္ဍာနှစ် ပထမ ၆ လအတွင်း တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော တင်ပို့ရောင်းချမှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၆၈ သန်း ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
#ymg/sth
#Yangon_Media_Group
Page 1401 of 1978