#Published_ 10 July 2023

ယခုနှစ်တွင်ကျင်းပပြုလုပ်သည့် အစိုးရနိကာယ်စာမေးပွဲအောင်မြင်သူ(၄၆၅၄)ဦးရှိကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရသိရသည်။

ဇွန်လအတွင်း(၃၀)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲစစ်ဆေးခဲ့ပြီး ပါဝင်ဖြေဆိုသည့်ရဟန်းရှင်လူ( ၁၃၀၀၁)ဦး အနက်(၄၆၅၄)ဦးအောင်မြင်ခဲ့သည့်အတွက်အောင်မြင်မှုရာခိုင်နှုန်း၃၉ဒဿမ၇၉ရာခိုင်နှုန်းအောင်မြင်သည်ဟုဆိုသည်။

(၃၀)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲအောင်စာရင်းအပြည့်အစုံကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ websiteဖြစ်သည့် www.mahana.org.mmနှင့်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာနwebsiteဖြစ်သည့် www.mora.gov.mm၊သာသနာရေးဦးစီးဌာန၏website www.dra.gov.mmတို့တွင် ကြည့်ရူနိုင်ကြောင်းသိရသည်။

အဆိုပါအစိုးရနိကာယ်စာမေးပွဲကိုတစ်ပြည်လုံးရှိခွင့်ပြုစာဖြေ(၇၈)ခုတို့၌ဇွန်လ(၁)ရက်မှ(၅)ရက်အထိငါးရက်တိုင်တိုင်ကျင်းပခဲ့ခြင်းဖြစ်ပြီး အောင်မြင်သူ(၄၆၅၄)ဦးအောင်မြင်ခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times