#Local_News
Published 25 Setember 2023
ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး ကျောက်တိုင်မှတ်တိုင်အနီး Max ဆီဆိုင်အရှေ့တွင် Taxi တစ်စီးမှ အရှိန်လွန်၍ လမ်းဘေးဆိုင်းဘုတ်တိုင်အား ဝင်တိုက်မှုဖြစ်ခဲ့ကြောင်း သာကေတမြို့နယ် လူမှုကူညီရေး အသင်းထံက သိရသည်။
အဆိုပါယာဉ်တိုက်မှုမှာ စက်တင်ဘာ ၂၄ရက် ည ၁၁နာရီ ခွဲ အချိန်ခန့် ဖြစ်ခဲ့တာဖြစ်ပြီး ကားထဲ တွင် အသက် ၃၅ခန့် အမျိုးသားတစ်ဦး ညပ်နေတာကြောင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၊ Emergency Medical Service တို့မှမြေပြင်ကို ကယ်ထုတ်ပေးကာ မနောဖြူလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်းအမျိုးသားမှာ ရင်ဘတ်နှင့်ဒူးခေါင်းထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံသို့ရောက်ရှိပြီးနောက်၂၅ ရက်နံနက်၂နာရီခွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
#YMG/LW #Local_News #အမျိုးသားတစ်ဦးသေဆုံး #အရှိန်လွန်၍လမ်းဘေးဆိုင်းဘုတ်ကိုဝင်တိုက် #Yangon_Times
#Local_News
Published-25 September 2023
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်တွင် ကားနှင့်စက်ဘီးတိုက် မိ၍ အသက်(၁၂)နှစ်ဝန်းကျင်ခန့်ကျောင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု စက်တင်ဘာလ၂၅ရက်(ယနေ့)နံနက်ပိုင်းကဖြစ်ခဲ့ကြောင်းသိရသည်။
ဖြစ်စဥ်မှာ စက်တင်ဘာလ ၂၅ရက်၊ နံနက် ၈နာရီ ၃၀မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် မြင်တော်သာလမ်းမကြီး ကျောင်းကွေ့မှတ်တိုင်အနီးတွင် စက်ဘီးနှင့်ကား တိုက်မှုဖြစ်ပွါး၍ အသက်(၁၂)နှစ်ဝန်းကျင်ခန့် ကလေးလူနာ(ဦးခေါင်းထိခိုက်ဒါဏ်ရာ)ရရှိခဲ့ကြောင်းသာကေတမြို့နယ် လူမှုကူညီရေးအဖွဲ့က သိရသည်။
"ကားတိုက် မှုလို့ပြည်သူတွေက အကြောင်းကြားလာတာကြောင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ မှ အချိန်နှင့်တပြေးညီထွက်ခွါ ကူညီခဲ့တယ်။ အသက်(၁၂)နှစ်ဝန်းကျင်ခန့် ကလေးလူနာ(ဦးခေါင်းထိခိုက်ဒါဏ်ရာ)ရခဲ့တယ်"ဟုသာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှသိရသည်။
ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူကလေးအားမြေပြင်ကုသမှုပေးပြီး လူမှုစေတနာလူမှုကူညီရေးအသင်းလူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်းသိရသည်။
#Local_News #ကားနှင့်ဆိုင်ကယ်တိုက် #ကျောင်းသားတစ်ဦးထိခိုက်ဒဏ်ရာရ
#Yangon_Times/PP
#Local_Sport
Published_ 25 September 2023
တရုတ်နိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပလျက်ရှိသည့် ၁၉ ကြိမ်မြောက် အာရှအားကစားပွဲတော် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အကောင်းဆုံး တတိယနေရာမှ ဒုတိယအဆင့် ၁၆ သင်းရှုံးထွက်သို့တက်လှမ်းနိုင်ခဲ့သည့် မြန်မာ ယူ၂၄ အသင်းအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌမှ ဒေါ်လာ ၅၀၀၀ နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းပိုင်ရှင်များမှ ကျပ်သိန်း ၅၀၀ ဆုကြေးငွေ ချီးမြှင့်ခဲ့သည်။
မြန်မာယူ၂၄ အသင်းသည် အဆိုပါပြိုင်ပွဲ၏ အုပ်စု(က)တွင် အိမ်ရှင် တရုတ်၊ အိန္ဒိယ၊ ဘဂ်လားဒေရှ့်တို့နှင့် အတူကျရောက်ခဲ့ပြီး (၁)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၁)ပွဲရှုံး ရမှတ်(၄)မှတ်ဖြင့် အကောင်းဆုံး အုပ်စုတတိယနေရာမှ ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာ အမျိုးသားအသင်းသည် အာရှအားကစားပွဲတော် ဘောလုံးပြိုင်ပွဲသမိုင်းတွင် ချန်ပီယ ၂ ကြိမ်၊ တတိယ ၁ ကြိမ်ရရှိခဲ့ပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်းမှ စတင်ကာ အုပ်စုမှ မတက်နိုင်ခဲ့ဘဲ ယခုနှစ်ပြိုင်ပွဲမှသာ ဒုတိယအဆင့်သို့ ပြန်လည် ရောက်ရှိလာနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ၂၄ အသင်း အနေဖြင့် ဒုတိယအဆင့်တွင် အာရှအင်အားကြီး ဂျပန်အသင်းနှင့် လာမည့် စက်တင်ဘာ ၂၈ ရက်တွင် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။


#Local_Sport #ဒုတိယအဆင့်တက်လှမ်းနိုင်ခဲ့ #မြန်မာယူ၂၄အသင်းအားဆုချီးမြှင့်
#Yangon_Times #Daily_News #YMG
‘ဆိုလာတပ်ဆင်လိုတဲ့ စက်ရုံအလုပ်ရုံတွေအနေနဲ့ Power Light Solar ကုမ္ပဏီကနေ ဆိုလာဝယ်ယူရင် ဆိုလာတန်ဖိုး၂၀မှ ၃၀ ရာခိုင်နှုန်းကို ကုမ္ပဏီကိုဘဏ်မှ တစ်ဆင့်ငွေပေးချေပြီးပြီဆိုရင် ကျန်တဲ့ ၇၀ မှ ၈၀ ရာခိုင်နှုန်းကို ဘဏ်ကနေ ဆိုလာချေးငွေအဖြစ်ထောက်ပံ့ပေးသွားမှာဖြစ်တယ်။ ဘဏ်ကနေSolar Loanရရှိမှု နည်းပါးနေရင် လည်းလိုအပ်နေတဲ့ပမာဏရဲ့တစ်စိတ်တစ်ပိုင်းကို အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး ကူညီပံ့ပိုးပေးသွားမယ်’ ဒေါ်ဖြူဖြူသန့် (Power Light Solar Co.,Ltd ၏ Managing Director)
Published_ 25 September 2023
#ဒေါ်ဖြူဖြူသန့်
#(Power Light Solar Co.,Ltd ၏ Managing Director)
#ဆိုလာ #Power Light Solar
#Yangon_Times #Daily_News #YMG
#Local_News
Published 25 Setember 2023
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာအရှေ့ပိုင်းမြို့နယ် တပင်ရွှေထီးတာဝါအနီး တွင် ယနေ့နံနက်ပိုင်းကမီးလောင်မှုဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်မှုအရသိရသည်။
စက်တင်ဘာ၂၅ရက် နံနက် ၅နာရီ အချိန်ခန့်က လောင်ကျွမ်းတာဖြစ်ပြီး တပင်ရွှေထီးတာဝါဘေးရှိ လူနေအဆောင် တစ်ခု မီးလောင်ခြင်းဖြစ်ကြောင်း ဒေသခံပြည်သူတို့၏ ပြောကြားချက်အရသိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၃)စီး၊ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး ၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးထွက်ခွာငြှိမ်းသတ်ခဲ့ကာ ၀၅ ၂၀ အချိန် မီးထိန်းနိုင်ခဲ့ပြီး ၀၅ ၂၂အချိန် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှု ဖြစ်စဉ်နှင့်ဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာကစိစစ်လျက်ရှိကြောင်းသိရသည်။
#YMG/LW #Local_News #လှိုင်သာယာအရှေ့ပိုင်း #မီးလောင်မှုဖြစ်
#Yangon_Times
ကိုဗစ်ပြီးနောက်ပိုင်း ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ်တို့တွင် ဇီဝဇိုးဌက် မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ပိုများလာ
ဇီဝဇိုးငှက်ဟာ ကမ်းရိုတန်းပင်လယ်ပျော် ငှက်တွေဖြစ်ပေမယ့် အခက်ခဲ အမျိုးမျိုးတွေကြောင့် ဘေးကင်းတဲ့နေရာများကို လာရောက်နေထိုင်ရာမှ ခေတ်မှီနည်းပညာများ နဲ့ ငှက်များလာရောက် အသိုက်ဆောက်နေထိုင်ဖို့ ဆောင်ရွက်ပေးခြင်းဖြင့် ငှက်သိုက် ရရှိနိုင်တဲ့အတွက် ဇီဝဇိုးမွေးမြူရေး လုပ်ငန်းကို စိတ်ဝင်စားသူ များလာတယ်လို့ ဆိုပါတယ်။
#Yangon_Times/LW
#Published_ 23 September 2023
#Local_News
#YMG #Yangon_Times #Yangon_Media_Group
Published_ 24 September 2023
စက်တင်ဘာလအတွင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၀ခုကို လုပ်ငန်းလုပ်ကိုင်ခွင့် ထပ်တိုးခွင့်ပြုပေးခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ စာရင်း ထုတ်ပြန်မှုအရသိရသည်။
လက်ရှိမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၄၈၀ နီးပါးရှိလာပြီး သြဂုတ်လအတွင်း အေဂျင်စီအသစ် ၁၂ခု ထပ်တိုးဖွင့်လှစ်ခဲ့ကာ စက်တင်ဘာလမှာလည်းနောက်ထပ်၁၀ခုထပ်တိုးလာ ခြင်းဖြစ်ကြောင်းသိရသည်။
ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီအရေအတွက် မှာ ကိုဗစ်မဖြစ်ခင်ကာလ က၃၀၀လောက်သာရှိခဲ့ပြီးကိုဗစ်ဖြစ်ပြီးနောက်ပိုင်းတွင်ပိုမိုများပြားလာခြင်း ဖြစ်သည်။
"" ကိုဗစ်ဖြစ်ပြီး နောက်ပိုင်းမှာ အေဂျင်စီအသစ်တွေ ပိုများလာတယ် ပြည်ပထွက်ပြီး
အလုပ်လုပ်တဲ့သူကလဲ အရမ်းများလာတယ်ဒါကြောင့် စီးပွားရေးသမား အချို့က
ဒီဘက်မှာ လာပြီး လုပ်ကိုင်လာကျတယ်၊လက်တလော ပြည်ပအလုပ်အကိုင် ဈေးကွက်က ပုံမှန်ပါဘဲ အရမ်းကောင်းနေတာမျိုးမဟုတ်ပါဘူး""ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ပြည်ပအလုပ်အကိုင်အေဂျင်စီလိုင်စင်လျှောက်ထားရာတွင် အာမခံငွေကျပ်သိန်း၂၀၀အပြင် မန်နေဂျင်းဒါရိုက်တာ တဦးတည်းအမည်ဖြင့်ဘဏ်ထဲတွင် ကျပ်သိန်းတထောင်စုဆောင်းထားရှိကြောင်းသက်သေပြရမည်ဖြစ်ကာ လစဥ်ငွေရှိနေမူအခြေအနေကိုလည်းတင်ပြရမည်ဖြစ်သည်။
အဆိုပါ ငွေကျပ်သိန်းတစ်ထောင်ကိုခြောက်လပြည့်ပြီးပါက ဘဏ်ကနေထုတ်ပြီးလှည့်လည်သုံးစွဲခွင့်ရှိသော်လည်းလိုင်စင်သက်တမ်းတိုးလျှောက်ရာတွင် ဘဏ်ထဲကျပ်သိန်းတထောင်ရှိသည့် အချက်အလက်ပြန်ပြရမည်ဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနကထုတ်ပြန်ထားသည်။
လိုင်စင်ရရှိပါက နိူင်ငံအလိုက် နှစ်စဥ်အနည်းဆုံးပို့ရမယ့် အလုပ်သမားစာရင်း
များမှာ ထိုင်း ၁၅၀ဦး၊ မလေးရှား ၄၀ဦး၊ ဂျော်ဒန်၂၅ဦး၊ စင်ကာပူ၊ယူအေအီး၊ကာတာ၊ မကာအို ၁၀ဦးစီနှင့်ဂျပန်ကို ၆ဦး ပို့ပေးနိူင်ရမည်ဟု သတ်မှတ်ထားကြောင်းသိရသည်။
Yangon Time/LW
#Local_News
#YMG #Yangon_Times
Page 1269 of 2423