#LocalNews
Published_ 22 March 2023
မတ်လ ၂၂ရက်နေ့က တရုတ်နိုင်ငံ ချုံချင့်ပိရှန်းဒေမှ စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ လျှပ်စစ်သုံးယာဉ် EV ကားထုတ်လုပ်မှုအခြေအနေများကို မြန်မာလုပ်ငန်းရှင်များနဲ့ ကုန်သည်စက်မှုအသင်းချုပ်ရုံးမှာလာရောက်ဆွေးနေပါတယ်။
#YMG#Yangon_Media_Group
#DailyNews
Published_ 23 March 2023
၁။ EV လျှပ်စစ်ကားထုတ်လုပ်မှုအတွက် တရုတ်နှင့်မြန်မာစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ဆွေးနွေးနေ
၂။ သင်္ကြန်နားနီးလာ၍ မြန်မာ့အိုးစည်ဒိုးပတ်များ ရောင်းအားတက်လာ၊ ထိုင်းရောက်မြန်မာများ ဝယ်ယူမှုများပြား
၃။ အမြန်လမ်းမှာ ရပ်ထားတဲ့ကုန်ကားကို ဘုရားဖူးလိုက်ထရပ်ဝင်တိုက်လို့ လူ ၂ ဦးသေဆုံး၊ ဒဏ်ရာရသူများပြား
၄။ပတ်ဝန်းကျင်ထိန်းသိမ်းရေးသင်္ကေတအဖြစ် ဘဂ္ဂဒက်တွင် တစ်ပတ်ရစ်အဝတ်အစားများဖြင့် ဖက်ရှင်ရှိးပွဲပြုလုပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#LocalNews
Published_ 23 March 2023
သင်္ကြန်တွင်းမှာ မြို့တွင်းစားသောက်ဆိုင်တွေပုံမှန်ထက်အရောင်းပါးနိုင်ပေမယ့်လည်းခရီးသွား site နေရာတွေက စားသောက်ဆိုင်တွေရောင်းအား ကောင်းလာနိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံစားသောက် ဆိုင်လုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်၊၊
#YMG#Yangon_Media_Group
#LocalNews
Published_ 23 March 2023
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ခြေစစ်ပွဲ (ဒုတိယအဆင့်) အုပ်စုမဲခွဲရာ မြန်မာလက်ရွေးစင်အမျိုးသမီး ယူ-၂၀ အသင်းအုပ်စု (ခ)တွင် ကျရောက်ခဲ့သည်။
ခြေစစ်ပွဲ ပထမအဆင့် အောင်မြင်ထားကြသည့် တရုတ်၊ ဩစတြေးလျ၊ ဗီယက်နမ်၊ မြန်မာ၊ အီရန်၊ နီပေါ၊ တရုတ် (တိုင်ပေ)၊ လက်ဘနွန် အမျိုးသမီး ယူ-၂၀ အသင်းများကို ယနေ့ မတ်လ ၂၃ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အုပ်စုမဲခွဲပွဲခဲ့ရာ မြန်မာအမျိုးသမီး ယူ-၂၀ အသင်းအနေဖြင့် အုပ်စု (ခ)တွင် တရုတ်၊ နီပေါ၊ တရုတ် (တိုင်ပေ) အသင်းတို့နှင့်အတူ ကျရောက်ခြင်းဖြစ်သည်။
အုပ်စု (က)တွင် ဩစတြေးလျ၊ ဗီယက်နမ်၊ အီရန်၊ လက်ဘနွန်တို့ ကျရောက်နေပြီး ၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ဒုတိယအဆင့် ခြေစစ်ပွဲစဉ်များကို ၂၀၂၃ ခုနှစ် ဇွန်လ ၃ ရက်မှ ၁၁ ရက်ထိ ကျင်းပရန် စီစဉ်ထားသည်။
၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲကို ဥဇဘတ်ကစ္စတန် နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ပထမ၊ ဒုတိယနှင့် တတိယရသော အသင်း သုံးသင်းမှာ ၂၀၂၄ ဖီဖာ အမျိုးသမီး ယူ-၂၀ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 23 March 2023
စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီးရှိ ယာတဲ၌ ဖောက်ခွဲရေးလုပ်ငန်းများလုပ်မည့် ဦးဆောင်သူ ရဲရင့်ကျော် (ခ)စွန်ရဲ (၃၃)နှစ်အပါအဝင် အဖွဲ့ဝင်များဖြစ်သည့် ကျော်ဆန်းဦး (၂၀) နှစ်၊ ကိုကိုအောင်(ခ)တစ်ထောင်(၁၉)နှစ်၊ ဝေယံထက်(ခ)ဇီးကွက်(၁၈)နှစ်၊ စိုးစိုး(ခ) မောင်စိုး (၃၇)နှစ်၊ နေလင်းအောင်(ခ) ဥသြ (၁၇)နှစ်၊ ကောင်းခန့်ဇော်(ခ)ကောင်းစိန် (၁၈)နှစ်၊ ကျော်ရဲသူ(ခ)ကျားလေး(၁၇)နှစ်၊ အောင်ဇော်ထက်(ခ)ကိုကောင်း(၂၃) နှစ်၊ ရာပြည့်(၁၈)နှစ်နှင့် အကြမ်းဖက်သမား များအား ကူညီထောက်ပံ့ပေးနေသည့် ကြည်မင်း (၄၈)နှစ်၊ ခင်နှင်းစိုး(၄၅)နှစ်၊ ကိုမြင့် (၅၅)နှစ်နှင့် စိုးစိုး (၄၅)နှစ်၊ စုစု ပေါင်းတရားခံ ၁၄ ဦးအား လက်လုပ် သေနတ်မျိုးစုံ ၇ လက်၊ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်မိုင်း ၁၉ လုံး၊ ကျည် မျိုးစုံ ၁၇၆ တောင့်၊ အခြားဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ယင်းတို့ကို ဖေဖော်ဝါရီ လ ၁၅ ရက်၊ နံနက်ပိုင်းက ဖမ်းဆီးရမိစဉ် ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားသည့် အရပ်သား အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး နှင့် ကလေးငယ် ၁ ဦး တို့ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် အမျိုးသား ၁ ဦးသည် မုံရွာမြို့ပေါ်၌ ထောင်ထားသည့်မိုင်းများကို တွေ့ရှိသဖြင့် ဖြုတ်ယူခဲ့သောကြောင့် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုတစ်စုလုံးကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကျန် အမျိုးသား ၁ ဦးမှာ ငွေကြေးတောင်းခံနိုင်ရန်အတွက် ပြန်ပေးဆွဲထားခြင်းဖြစ်ကြောင်း စစ်ဆေးသိရသည်ကို နစက အနေဖြင့် အထက်ပါအတိုင်း ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတို့အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလ က အများပြည်သူနှင့် သက်ဆိုင်သောနေရာများဖြစ်သည့်မုံရွာမြို့၊ ထန်းတောကျွန်းဆွယ် ရပ်ကွက်၊ အင်းဖြတ်လမ်းတွင် လက်လုပ်မိုင်းတစ်လုံး၊မုံရွာမြို့၊ စက်မှုဇုန်လမ်းဆုံတွင် လက်လုပ်မိုင်း ၃ လုံး တို့ဖြင့်လည်းကောင်း၊ ဖေဖော်ဝါရီလက မုံရွာမြို့၊ အလယ်ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် ကျောက္ကာလမ်းထောင့်ရှိ ယာဉ်ထိန်းရုံးကိုလက်လုပ်မိုင်း ၂ လုံးဖြင့် လည်းကောင်း၊ ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊မတ်လ ၁၂ ရက်က မုံရွာမြို့၊ ရွှေဂုံးရပ်ကွက်၊ အင်းစပ်လမ်းတွင် လက်လုပ်မိုင်း ၂ လုံး ကိုလည်းကောင်း အသီးသီး ဖောက်ခွဲခဲ့ကြောင်း သိရသည်။
၎င်းအပြင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ ဦးဂျစ်တူး ဆိုသူအား ဒလန်ဟုစွပ်စွဲ၍လည်းကောင်း၊၂၀၂၃ ခုနှစ် ဇန်နဝါရီလက မုံရွာမြို့နယ်၊ ကတို့ကုန်းကျေးရွာနေ ဦးကျော်မိုး ဆိုသူအား ဒလန်ဟုစွပ်စွဲ၍ လည်းကောင်း၊ဖေဖော်ဝါရီလက ရေဦးမြို့နေ နက်တူး ဆိုသူအား ဒလန်ဟုစွပ်စွဲ၍ လည်းကောင်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ၎င်းတို့ ထောင်ထားသည့် မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းနှင့် ဘိုးဘွားရိပ်သာအဝိုင်းအနီး လမ်းဘေးဘယ်ညာတွင် လက်လုပ်မိုင်း ၇ လုံး၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ “စိမ်းရောင်စုံ” ဘီယာဆိုင်အနီးတွင် လက်လုပ်မိုင်း ၂ လုံးထောင်ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လုံခြုံရေးအဖွဲ့က ရှင်းလင်းနိုင်ခဲ့ကြောင်းလည်း သိရသည်။
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ကြည်မင်း၊ ခင်နှင်းစိုး၊ ကိုမြင့်နှင့် စိုးစိုးတို့က မုံရွာမြို့နယ် အတွင်းဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်နိုင်ရန် အတွက် လိုအပ်သည့် ဖောက်ခွဲဖျက်ဆီးရေး ဆက်စပ်ပစ္စည်းများကို မုံရွာမြို့ပေါ်ရှိ ဈေးဆိုင်များမှ သွားရောက်ဝယ်ယူပေးခြင်း၊ အကြမ်းဖက်သမားများအတွက် ရိက္ခာများ စုဆောင်းပေးခြင်း၊ ၎င်းတို့နှင့် ပုဂ္ဂိုလ်ရေးအရ မကျေနပ်သူများကို ဖမ်းဆီးရန် ဒလန်ဟုပြော၍ သတင်းပေးခြင်းများကို လုပ်ဆောင်ခဲ့ကြကြောင်းလည်း ဖော်ထုတ်သိရှိရကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_ 23 March 2023
ရန်ကုန်သင်္ကြန်ပွဲတော်အတွက် ရေကစားစရာပစ္စည်းများ စတင်ဝင်ရောက်နေပြီး အရောင်းသွက်နေသည့်အတွက် ပစ္စည်းပြတ်နေကြောင်း ကစားစရာပစ္စည်းရောင်းချသည့် ဆိုင်များမှသိရသည်။
ယခင်နှစ်က ယခုလိုအချိန်တွင် အရောင်းအဝယ်အေးခဲ့ပေမယ့် ယခုနှစ်တွင် ပြန်လည်အရောင်းအဝယ်ဖြစ်လာကြောင်း ရန်ကုန်မြို့ ၂၄ လမ်းအတွင်း ရေကစားစရာရောင်းချသည့်ဆိုင်များကို မေးမြန်းချက်အရသိရသည်။
ယခုနှစ်တွင် လူကြိုက်များသည့် မျက်နှာဖုံး၊ ရေပြွတ်၊မျက်မှန်၊ ပန်းကုံး၊ရေဖလားအစရှိသော ရေကစားပစ္စည်းများ အရောင်းသွက်လာကြောင်းသိရသည်။
ရန်ကုန်သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး နေပြည်တော်ကောင်စီနေပြည်မှာလည်း လမ်းလျှောက်သင်္ကြန် ထည့်သွင်းဖို့စီစဉ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါသည်။
yng/ynzw
#Yangon_Media_Group
#LocalNews
Published_ 23 March 2023
အမှတ်(၃)အဆန် လူစီးအမြန်ရထား လက်လုပ်မိုင်းဖြင့် ဖောက်ခွဲခံရ၊ ခရီးသည် ၂ ဦးဒဏ်ရာရခဲ့ကာ ရထားစက်ခေါင်း၏ လေကာမှန်များ၊ စက်ခေါင်းနောက်ကပ်လျက် ရိုးရိုးတန်းလူစီးတွဲ၏ အတက်အဆင်းပေါက် တံခါးမကြီး၊ပြတင်းပေါက် နှစ်ပေါက် ၊ အစုန်လမ်းပေါ်မှ ကွန်ကရစ်ဇလီးဖားတုံးအသစ် (၃)တုံးတို့ ပျက်စီးခဲ့ကြောင်း သိရသည်။
မန္တလေးသို့ ပုံမှန်ထွက်ခွါလာသော အမှတ်(၃)အဆန် လူစီးအမြန်ရထားသည် မတ်လ ၂၁ ရက် ညနေ ၃နာရီ ၄၅မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ် ဇေယျဝတီဘူတာနှင့် ညောင်ခြေထောက်ဘူတာ အကြား မိုင်တိုင်အမှတ် (၁၄၂/၉-၁၀)အား ဖြတ်သန်းခုတ်မောင်းစဉ် အထက်ပါအတိုင်း ဖောက်ခွဲခံခဲ့ရကြောင်း၊ဦးခေါင်းနှင့်လက်တို့တွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည့် ခရီးသည် အမျိုးသား(၂)ဦးတို့၏ ၎င်းတို့အား ကျွဲပွဲဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။
မိုင်းဖြစ်စဉ်ကြောင့် အမှတ်(၃)အဆန် လူစီးအမြန်ရထားသည် ၂ နာရီခန့်၊ အမှတ်(၆) အစုန် လူစီးအမြန်ရထားသည် ၅ နာရီ ၃၀ မိနစ်ခန့်နှင့် အမှတ်(၄)အစုန် လူစီး အမြန် ရထားသည် ၃ နာရီ ၃၀ မိနစ်ခန့် နီးစပ်ရာဘူတာများတွင် စောင့်ဆိုင်း ကြန့်ကြာခဲ့ရသဖြင့် ရထားစီးခရီးသည် စုစုပေါင်း (၃၀၀၀)ဦးခန့်လမ်းခရီး၌ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရကြောင်း သရသည်။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့ရှိ ပြည်သူ လူထု ကုန်ကျစရိတ်သက်သာစွာဖြင့် ခရီးသွားလာမှု၊ ကုန်စည်ပို့ဆောင်မှုများ အဆင်ပြေစေရေးအတွက် ရည်ရွယ်၍ အမြန်လူစီးရထားခရီးစဉ် (၁၈)ခု၊ စာပို့ရထားခရီးစဉ် (၁၂)ခု၊ လူစီးကုန်တင် ရထားခရီးစဉ် (၈)ခုတို့နှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးရထားခရီးစဉ် (၃၀)ခု၊ စုစုပေါင်း ရထား ခရီးစဉ် (၆၈)ခုတို့နှင့် ကုန်ရထားခရီးစဉ်များကို နေ့စဉ် စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်း အဆိုပါ ဌာန စာရင်းများအရ သိရသည်။
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ အမြန်ရထား(၄)စင်း၊ စာပို့ရထား(၂)စင်းနှင့် လူစီးကုန်တင် ရထား (၂)စင်းတို့ကို နေ့စဉ်ပြေးဆွဲပေးလျက်ရှိရာ လက်ရှိအခြေအနေအရ အခြေခံပညာကျောင်းများ အတန်းတင် စာမေးပွဲပြီးစီးပြီဖြစ်၍ ပြည်သူများသည် မိသားစုအလိုက် ခရီးဝေးသွားလာခြင်း၊ ဘုရားဖူးခရီးစဉ်များ သွားလာခြင်းတို့ဖြင့် ရထားများအားလုံးတွင် ခရီးသည်များ တွဲဆိုင်းအပြည့် လိုက်ပါ စီးနင်းလျက်ရှိကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်မှစ၍ မြန်မာ့မီးရထားလမ်း ကွန်ယက်တစ်ခုလုံးအနေဖြင့် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်စီးခြင်း(၁၀၉)ကြိမ်၊ ရထားတံတားများကို မိုင်းခွဲဖျက်စီးခြင်း (၃၇)ကြိမ်၊ ဘူတာများကိုမီးရှို့ဖျက်စီးခြင်း(၁၁)ကြိမ် ဖျက်ဆီးခံခဲ့ရပြီ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1235 of 2063