#Local_News
Published_ 4 July 2023
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ကာလတွင် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံ၌ ပိတ်မိနေသူများနှင့်အရေးယူခံခဲ့ရသူ မြန်မာနိုင်ငံသား အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၈၆ ဦးတို့သည် ဇူလိုင် ၃ ရက်တွင် ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် ကော့သောင်း မြို့ရှိတာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။
ပြန်လည်ဝင်ရောက်လာသူများကို ကော့သောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ချိုနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားခဲ့ပါတယ်။
ထို့နောက် ကျန်းမာရေးဌာနနှင့်ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်းရှိ/မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင် လာခြင်း ရှိ/မရှိတို့ကို စစ်ဆေးပြီး လက်ခံခဲ့ကြပါတယ်။
၎င်းတို့အနက် ရောဂါပိုးတွေ့ရှိသူများကို ကော့သောင်းမြို့၊ ပြည်သူ့ဆေးရုံတွင် အသွားအလာကန့်သတ်ထားရှိ စောင့်ကြည့်ထားရှိမည်ဖြစ်ပြီး မတွေ့ရှိသူများကို နေရပ် ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #ပိတ်မိနေသူမြန်မာနိုင်ငံသား၈၆ဦး
#YMG #Yangon_Media_Group
#Local_News
Published 4 July 2023
ကချင်ပြည်နယ်၊ တနိုင်းမြို့အနီးဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး(၄.၅)အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မြေငလျင်ဌာနခွဲ)မှသိရသည်။
ဇူလိုင်လ(၄)ရက်နေ့ နေ့လည်ပိုင်းတွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး တနိုင်းမြို့အနောက် အနောက်မြောက်ဘက် (၃၈)မိုင်ခန့်အကွာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
၂၀၂၃ခုနှစ်တွင် နှစ်စပိုင်းမှစပြီး ငလျင်ငယ်များဆက်တိုက်လှုပ်ခတ်ခဲ့ပြီး အင်အားအသင့်အတင့်ရှိသော အင်အားရစ်(ခ်)တာစကေး (၄.ဝ)ကျော်သည့်ငလျင်များလည်းလှုပ်ခတ်မှုများခဲ့ကြောင်း မြေငလျင်ဌာနခွဲမှသိရသည်။
#tthl #Local_News #တနိုင်းအနီးတွင်မြေငလျင်လှုပ်
#Yangon_Times
#Local_News
Published 4 July 2023
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်ရှိ နန့်ယင်းမြစ်သည် နောက်(၁)ရက်အတွင်းစိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်(၄)ရက်တွင်သတိပေးချက်ထုတ်ပြန်ထားသည်။
လတ်တလောတွင် နန့်ယင်းမြစ်ရေသည် မိုးညှင်းတွင်စိုးရိမ်ရေမှတ်အောက်(၁)ပေခွဲခန့်ရောက်နေပြီး မိုးကောင်းတွင် စိုးရိမ်ရေမှတ်အောက်(၃)ပေခွဲရောက်နေသည်ဟုဆိုသည်။
သို့ဖြစ်၍ မိုးညှင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်အတွင်းရှိမြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအထူးသတိပြုနေထိုင်ကြရန် သတိပေးချက်ထုတ်ပြန်ထားကြောင်းသိရသည်။
#tthl #Local_News #မိုးညှင်းနှင့် မိုးကောင်းတွင်မြစ်ရေကြီးနိုင်
#Yangon_Time
#Local_News
Published- 4 July 2023
တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ဇူလိုင်လ ညပိုင်းက ချစ်သူစုံတွဲချိန်းတွေ့နေစဥ် ဓားထိုးလုယက်ခံရ၍ ကောင်လေးဖြစ်သူမှာသေဆုံးခဲ့ကြောင်း ချစ်ကြည်ရေးပရဟိတအသင်း-မြိတ်က သိရသည်။
မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်ရှိ ရေကန်ဘောင်တွင် ဇူလိုင်လ ၃ ရက်နေ့၊ ည ၉ နာရီ ၁၀ မိနစ်ခန့်က ချိန်းတွေ့နေသည့်ချစ်သူစုံတွဲထံ အမည်မသိသူများရောက်ရှိလာ၍ ခြိမ်းခြောက်ပြောဆို၍ ဖုန်းလုယက်မှုဖြစ်ခဲ့ပြီး အဆိုပါစုံတွဲမှ အမျိုးသားကို ဓားဖြင့်ထိုးသွားခဲ့ကြောင်း သိရသည်။
"ရှိတာအကုန်ထုတ်ဖို့ ခြိမ်းခြောက်ပြီး ဖုန်းလုယက်တာကိုမပေးတာကြောင့် ကောင်လေးကိုဓားနဲ့ထိုးသွားပါတယ်။ ဓားဒဏ်ရာများတဲ့အတွက် ဆေးရုံအရောက် မှာပဲဆုံးသွားပါတယ်"ဟု ယင်းအသင်းက သိရသည်။
လက်ရှိတွင်သေဆုံးသူ၏ရုပ်အလောင်းကို မြိတ်မြို့၊ ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးထားကြောင်းသိရသည်။
ယင်းအပြင်အမျိုးသမီးငယ်မှာလည်း ရိုက်နှက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။
#Local_News #ဓါးထိုးခံရ၍ အမျိုးသားသေဆုံး
#Yangon-Times/BM
( ၄၁) ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲကနေ ကျပ်သိန်း ၅၀ တစ်ဆု၊ ကျပ်သိန်း ၂၀ နှစ်ဆုအပါအဝင် အခြားဆုမဲပေါင်း (၁၂၄၉)ဆု လာရောက်မထုတ်ယူသေး
#Local_News
Published 4 July 2023
#ဇူလိုင်လကုန်အထိနောက်ဆုံးထုတ်ယူခွင့်ပြုထား
#Yangon_Time #YMG
ပြည်ပနိုင်ငံတွေကို လယ်ယာထွက်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းတွေကို တင်ပို့လျက်ရှိ
#Local_News
Published 4 July 2023
#ပြည်ပကုန်သွယ်မှုကဏ္ဍ
#Yangon_Time #YMG
#Local_News
Published- 4 July 2023
ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁ ဦးသေဆုံးပြီး ကလေး ၁ဦးအပါအဝင် ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း(ကြို့ပင်ကောက်)က သိရသည်။
ဇူလိုင်လ ၃ ရက်နေ့ ညပိုင်းအချိန်က ကြို့ပင်ကောက်မြို့နယ်၊ ကျွဲဘိကျေးရွာအနီး ရန်ကုန်-ပြည်လမ်းမပေါ်တွင် ဒိုင်နာကားနှင့်ကုန်ကားဝင်တိုက်မှုဖြစ်ခဲ့၍ အမျိုးသား၁ဦး လက်ကျိုးဒဏ်ရာရ၊ ကလေး၁ဦးပေါင်ကျိုးဒဏ်ရာရရှိခဲ့၍ ကျန်အမျိုး၁ဦးမှာ မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါ လူမှုကူညီရေးအသင်းက သိရသည်။
"၄ ဦးမှာ ၃ဦးကဒဏ်ရာရပြီး ၁ဦးပျောက်ဆုံးနေတာကိုရှာတော့ ည ၁၂ နာရီလောက်မှာ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်"ဟု အသင်းက သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများအား နာရေးကူညီမှုအသင်း(ကြို့ပင်ကောက်မြို့)က ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထပ်မံတွေ့ရှိခဲ့သူ အမျိုးသား၏ရုပ်အလောင်းကိုလည်း ကြို့ပင်ကောက် ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
#Local_News #ဒိုင်နာကားနှင့်ကုန်ကားတိုက်မိ
#Yangon_Times/BM
Page 1033 of 2045