#Local_News
Published 1 March 2024


၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် စာစစ်ဌာန ၆၉ ခုဖြင့်သာ ကျင်းပစစ်ဆေးသွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြောသည်။

 

ဖေဖော်ဝါရီလ ၂၉ ရက် မနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမမှာကျင်းပသည့် ရခိုင်ပြည် နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်း၊ အဖြေလွှာပို့ဆောင်နိုင်ရေးနှင့် စာမေးပွဲ အောင် မြင်စွာကျင်းပနိုင်ရေးညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲကို မတ်လ ၁၁ရက်နေ့မှ မတ်လ ၁၉ ရက် နေ့အထိ မြန်မာတနိုင်ငံလုံးတွင် တပြိုင်တည်း ကျင်းပမည်ဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေကြောင့် စာစစ်ဌာန ၆၉ ခုဖြင့် ကျင်းပစစ်ဆေးသွားမည်ဖြစ်ပြီး စာစစ်ဌာနများကို တတည်နေရာပြောင်း စစ်ဆေးခြင်း သင့်တော်ရာစာစစ်ဌာနအလိုက်ပေါင်းပြီး စစ်ဆေးတာတွေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မသမာမှုကင်းရှင်းစွာဖြင့် အေးချမ်းတည်ငြိမ်စွာ ကျင်းပနိုင်ရန် အတွက် ပြည်နယ်အဆင့်ဦးစီးကော်မတီများ ဖွဲ့စည်းပြီး စနစ်တကျ ဆောင်ရွက်ထားကြောင်း စာမေးပွဲကျင်းပနေစဉ် အတွင်းစည်းလုံခြုံရေးများကို အထူးအလေးပေးကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကာ စာမေးပွဲအဖြေလွှာတွေကို သက်ဆိုင်ရာ ခရိုင်ပညာရေးမှူးရုံးတွေကို ပေးပို့ထားပြီး စာစစ်ဌာနတွေကို အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေပေးနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း မေးခွန်းလွှာများကိုလည်း အချိန်မီ ပေးပို့နိုင်ရေးစီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

 

#Local_News #၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ #စာစစ်ဌာန၆၉ခုဖြင့်ကျင်းပ #YMG/LW #Yangon_Times