#Local_News
Published 4 July 2023
ယခုနှစ်ဇူလိုင်လမှစပြီး တစ်နှစ်တာအလုပ်သင်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်မည့်အလုပ်သင်ဆရာဝန်စုစုပေါင်း(၆၀၄)ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။
သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ကြမည်ဖြစ်ပြီး သင်တန်းကာလပြီးမြောက်ပါက လက်ထောက်ဆရာဝန်များဖြစ်လာကြမည်ဖြစ်သည်။
သင်ကြားရေးဆေးရုံကြီးများ၌ ၂၀၂၃ ခုနှစ် ဇူလိုင်လမှစ၍ တစ်နှစ်တာ အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများအား ရန်ကုန်တွင်ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊မန္တလေးတွင် ဒုတိယဝန်ကြီးဒေါက်တာအေးထွန်းနှင့် မကွေးတွင်ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာတင်ထွန်းတိုမှကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့သည်။
မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌပါမောက္ခဒေါက်တာခင်မောင်အေးက အလုပ်သင်ဆရာဝန်များကိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဆရာဝန်များလိုက်နာရမည့် ကျင့်ဝတ်များနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့သည်။
ယနေ့အချိန်အထိကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးပညာရှင်ဆရာဝန် ၄၇၃၃၇ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၅၄၃၇ ဦး၊ ဆေးဝါးပညာရှင် ၄၂၂၂ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာရှင် ၄၅၂၉ ဦး၊ သူနာပြုသိပ္ပံဘွဲရ ၉၄၉၆ ဦးနှင့် အခြေခံ ကျန်းမာရေး ပညာရှင် ၂၃၆၆ ဦးတိုကို မွေးထုတ်ပေးပြီး ဖြစ်ကြောင်း၊ ဘွဲလွန်သင်တန်းများကို ၁၉၆၄ ခုနှစ်မှ စ၍ ဖွင့်လှစ်ခဲ့ပြီး လက်ရှိအချိန်တွင် ဒီပလိုမာ၊ မဟာသိပ္ပံနှင့် ပါရဂူ ဘွဲလွန် သင်တန်းအမျိုး ၁၄၀ ကို ဖွင့်လှစ်ပိုချပေးလျက်ရှိကြောင်း သိရသည်။
#tthl #Local_News #အလုပ်သင်ဆရာဝန် (၆၀၄)ဦးရှိ
#Yangon_Time
#Local_News
Published 4 July 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့အတွင်းသို့ ဇူလိုင် ၁ ရက် ညပိုင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်လာခဲ့သောကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၃ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်လိုက်သည်။
ဖြစ်စဉ်မှာ ကောလင်းမြို့အတွင်းနှင့် ကျော်ဇေယျ(၁)ရပ်ကွက်ရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို PDF များက ဇူလိုင် ၁ ရက် ည ၁၂ နာရီ ၂၀ မိနစ်ခန့်တွင်မြို့၏ အနောက်ဘက် မီတာ ၅၀၀ ခန့်အကွာမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည်များ ရုံး၏အနောက် တောင်ဘက် မီတာ ၁၅၀ ခန့်အကွာရှိ လူနေအိမ်တစ်လုံးပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦး လက်နက်ကြီးကျည်များ ထိမှန်သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦး (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းကြောင့် ယခုအခါ ဒဏ်ရာရရှိသူအား ကောလင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေ လျက်ရှိကြောင်း သိရသည်။
#Local_News #အမျိုးသမီး၃ဦးသေဆုံးကာ အမျိုးသား၁ဦးဒဏ်ရာရ
#Yangon_Times/BM
#Daily_News
Published_ 3 July 2023
၁။ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် အမှန်တကယ်နေထိုင်ရေး အခက်အခဲရှိပြည်သူများ၊ အငြိမ်းစား ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို (၅)နစ်ကြာ ငှားရမ်းနေထိုင်ခွင့်ပြုသွားမည်
၂။ တစ်ဦးတည်းပိုင် ရော်ဘာခြံပိုင်ရှင်များကို ကျပ်သိန်းတစ်ထောင်စီထုတ်ချေးမည်
၃။ ရေနစ်ပျောက်ဆုံးသူများကို ကူညီကယ်ဆယ်ရန် ရေပေါ်ဆိုင်ကယ်ဝယ်ယူအားဖြည့်မည်
၄။ ဒိန်းမတ်ရဲများ အွန်လိုင်းဂိမ်းကစားရင်း အင်တာနက်ပေါ်တွင် ကင်းလှည့်စောင့်ကြည့်လျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
#Local_News
Published_ 3 July 2023
အာဆီယံ-ကိုရီးယားပရော်ဂျက်ဖြင့် အာဆီယံဒေသတွင်းရှိ အမျိုးသမီး MSMEs လုပ်ငန်းရှင်များ ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများတွင် ပါဝင်မှုမြှင့်တင်ရန်ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။
အာဆီယံ-ကိုရီးယားပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ASEAN ROK Cooperation Projectဖြစ်သည့် ‘Enchancing Digital Economy Participation for ASEAN Women MSMEs’စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ဇူလိုင်လ(၃)ရက်မှ (၁၂)ရက်အထိ ကိုရီးယားနိုင်ငံ ဆိုလ်းမြို့တွင် Training of Trainers သင်တန်း ဖွင့်လှစ်မည်ဖြစ်သည်။
အဆိုပါ သင်တန်းကို မြန်မာနိုင်ငံ၏ Implementing Institution အဖြစ်ဆောင်ရွက်လျက်ရှိသည့်မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA) မှ တွဲဖက်အတွင်းရေးမှူးများ၊ Head Trainer တို့ အပါအဝင် E Business Trainers (၁၄)ဦးတို့သည် ဇူလိုင်(၂)ရက်မှစပြီး တောင်ကိုရီးယားနိုင်ငံသို့သွားရောက်ပြီး သင်တန်းများတက်ရောက်လျက်ရှိကြောင်း သိရသည်။
#tthl
#Yangon_Time
ခရမ်း၊ သုံးခွနှင့်ကွမ်းခြံကုန်းနေသူများ သဘာဝဘေးသတိပြုသင့်
‘မိုးတွင်းမှာ ရန်ကုန်တိုင်းထဲမှာဆိုရင် ပင်လယ်ဝနဲ့နီးတဲ့ခရမ်း၊သုံးခွနဲ့ကွမ်းခြံကုန်းဒေသတွေမှာသဘာဝဘေးကြုံနိုင်ခြေရှိလို့ သတိပြုနေထိုင်သင့်ပါတယ်’ဦးထွန်းထွန်းဦး(ရှင်သန်ရေးကူညီမှုအသင်း၊ဥက္ကဌ)
#tthl
#Yangon_Time
မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်း ပြိုင်ပွဲဝင်ရန် အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံသို့ထွက်ခွာ
ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်းမြို့မှာ ဇူလိုင်( ၅) ရက် ကနေ ဇူလိုင် (၁၇) ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်
#YMG/my
#Yangon_Times
သဘာ၀ဘေးနဲ့ ရေနစ်ပျောက်ဆုံးသွားသူများကို ကယ်တင်ရန် ရေပေါ်ဆိုင်ကယ်ဝယ်ယူအားဖြည့်မည်
သဘာ၀ဘေးအန္တရာယ် ကျရောက်ရင်ကူညီဖို့နဲ ရေနစ်ပျောက်ဆုံးသွားသူတွေကို ရှာဖွေကူညီဖို့ ရေပေါ်ဆိုင်ကယ်တစ်စီး ဝယ်ယူအားဖြည့်သွားမှာဖြစ်တယ် (ပုလဲအရန်မီးသတ်တပ်ဖွဲ့)
#Yangon_Time #YMG
Page 1034 of 2045