#Local_News
Published 1 March 2024


ဂျပန်နိုင်ငံသို့ သွားရောက်ရန်အတွက် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားမှုတွေ အလွန်များပြားနေသဖြင့် တယ်လီဖုန်း ဖြင့် ကြိုတင်ရက်ချိန်းယူမှုကို ခတ္တခဏရပ်နားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကမေတ္တာရပ်ခံထားကြောင်း သိရသည်။

 

လက်ရှိတွင် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားမှုများ အလွန်များပြားလျက်ရှိသဖြင့် လျှောက်ထားသူများအတွက် ပိုမို လွယ်ကူအဆင်ပြေစေရန် တယ်လီဖုန်းဖြင့် ကြိုတင်ရက်ချိန်းရယူခြင်းကို ခေတ္တခဏရပ်နားထားပြီး လတ်တလောတွင် အီးမေးလ်ဖြင့်သာ လက်ခံလျက်ရှိပါသောကြောင့် နားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံထားသည်။

 

အီးမေးလ်ဖြင့် ကြိုတင်ရက်ချိန်းရယူရာတွင် အီးမေးလ်ကို အကြောင်းပြန်ရန်အတွက် အချိန်အနည်းငယ် ကြန့်ကြာနိုင်သော်လည်း အီးမေးလ်တစ်စောင်ရရှိပါက မပျက်မကွက် အကြောင်းပြန်ပေးမည်ဖြစ်သောကြောင့် စိတ်မပူကြပါရန် လည်း ဂျပန် သံရုံး က ရေးသားထားသည်။

 

ထို့ပြင် တယ်လီဖုန်းဖြင့် ပြည်လည်ရက်ချိန်းရယူနိုင်မည့်အချိန်ကို ထပ်မံအသိပေး အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

#Local_News #ဂျပန်ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားသူများ #ခတ္တခဏရပ်နားမည် #ဂျပန်သံရုံးမေတ္တာရပ်ခံ #YMG/LW #Yangon_Times