#Local_News
Published 5 July 2023
ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ကြောင်း ယနေ့ ဇူလိုင်(၅)ရက်တွင် နစကမှ ထုတ်ပြန်လိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဉပဒေပုဒ်မ (၄၁၉) အရ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်၍ ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အကြံပေးပုဂ္ဂိုလ် ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော၏ ခံစားခွင့်ဆိုင်ရာများကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
အဆိုပါထုတ်ပြန်ချက်ကို အမိန့်အရ နစက အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
#Ymg/my #Local_News
#Yangon_Times
#Local_News
Published-5 July 2023
ပဲခူးတိုင်းမှ ပရဟိတကျောင်းတွင် ခေါက်ဆွဲကြော်စားသုံးမှ ခလေးငယ် (၁၂၀) ကျော် အစာအဆိပ်သင့်မှု ဇူလိုင်လ ၄ရက်ကဖြစ်ခဲ့ကြောင်း ကူညီဆောင်ရွက်ပေးနေသူထံမှ သိရသည်။
ဖြစ်စဥ်မှာ ပဲခူးမြို့နယ်အဆိပ်တောင်ကျေးရွာအုပ်စု သစ်နီကျေးရွာ(၅၃/၅) အနီးရှိ မေတ္တာကမ်းလက် ပရဟိတမိဘမဲ့ခလေးများစောင့်ရှောက်ရေးကျောင်းမှ ကလေးငယ် (၁၂၀) ကျော် ပဲခူး ခေါက်ဆွဲကြော်စားသုံးရာမှ အစာအဆိပ်သင့်၍ ဆေးကုသမှုခံယူနေကြကြောင်း ကူညီဆောင်ရွက်ပေးနေသူထံကသိရသည်။
ကလေးငယ်များအားလုံး အသက်အန္တရာယ်စိုးရိမ်ရမှုမရှိကြောင်းနှင့်ကျန်းမာရေးကောင်းမွန်သူအချို့ ဇူလိုင်လ ၅ရက်တွင် ဆေးရုံမှဆင်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ဖြစ်ခဲ့မှုကြောင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအဖွဲ့နှင့်အတူပရဟိတအသင်းအဖွဲ့များမှ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးနေကြကြောင်းလည်း သိရသည်။
Photo-Tin Swe Myint #Local_News #ခလေးငယ်(၁၂၀)ကျော် အစာဆိပ်သင့်၍ဆေးရုံပို့ခဲ့
#Yangon-Times/BM
#Daily_News
Published_ 4 July 2023
၁။ ပြည်ပကုန်သွယ်မှုကဏ္ဍမှ အမေရိကန်ဒေါ်လာ (၇) ဘီလီယံကျော်ရရှိထား
၂။ အခုရက်ပိုင်းအတွင်းဖျားနာသူနှင့်တုပ်ကွေးလူနာပိုများလာ
၃။ ကျပ်သိန်း ၅၀ ဆု အပါအဝင် ဆုမဲပေါင်း ၁၂၀၀ ကျော်ကို လာမထုတ်ပါက နိုင်ငံပိုင်ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်
၄။ ထရီနီဒတ်တွင် သစ်သားပန်ကာများက ရွာ၏သမိုင်းကြောင်းကို ထင်ဟပ်ဖော်ပြလျက်ရှိ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Time #Daily_News #YMG
ဈေးရုံပေါင်း ၇ ရုံ ထည့်သွင်းဆောက်လုပ်နေတာဖြစ်ပြီး ဈေးရုံ ၄ ရုံ ပြီးစီးနေပြီးဖြစ်
#Local_News
Published 4 July 2023
#တညင်းကုန်းဈေးသစ်ကြီး
#Yangon_Time #YMG
‘ဒီအချိန်က တုပ်ကွေးရာသီဆိုတော့ ပတ်ဝန်းကျင်မှာ ဖျားနာနဲ့တုပ်ကွေးဖြစ်တဲ့သူတွေများနေပါတယ်။ တုပ်ကွေး အဖြစ်များပေမယ့် ဆေးရုံပို့ပေးရတာမျိုးနည်းပါတယ်။ ခြေကျိုးပေါင်ကျိုးတွေပဲ ပိုရတာများတယ်။ ကိုဗစ်လည်းပို့ရတာနည်းပါတယ်’ဦးထွန်းထွန်းဦး(ရှင်သန်ရေးကူညီမှုအသင်း၊ဥက္ကဌ)
#Local_News
Published 4 July 2023
#ဖျားနာသူနှင့်တုပ်ကွေးလူနာများပိုများ
#Yangon_Time #YMG
‘စိမ်းမို့မို့အမှတ်တရ တေးဂီတဖျော်ဖြေပွဲက ပြန်ကြားရေးကရိုက်ကူးထုတ်လွှင့်တာပါ။ Friday Night Live Showအတွက်ပါ။
စိမ်းမို့မို့သီချင်းတွေနဲ့ပတ်သက်လို မူပိုင်ခွင့်နဲ့ပတ်သက်လို ခွင့်ပြုချက်တောင်းဖို့ သတင်းစာထဲထည့်ကြေညာတာပါ’မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဌ
#Local_News
Published 4 July 2023
#‘စိမ်းမို့မို့အမှတ်တရတေးများ’
#Yangon_Time #YMG
#Local_News
Published_ 4 July 2023
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ စင်ကာပူခရီးသွားဝင်ရောက်မှုဟာ သိသိသာသာ မြင့်တက်လာတာကြောင့် ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်တွေ ထပ်တိုးပျံသန်းပြေးဆွဲဖို့ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI က စီစဉ်နေပါတယ်။
မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုက လေးသိန်းကျော်ရှိနေပြီး လာရောက်မှုအများဆုံးနိုင်ငံတွေထဲမှာ စင်ကာပူ နိုင်ငံ ပါဝင်ပါတယ်။
MAI လေကြောင်းလိုင်းက ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်ကို ဇူလိုင် ၁၆ ရက်က စတင်ပြီး တိုးချဲ့ပျံသန်းမှာဖြစ်ပါတယ်။ အဆိုပါခရီးစဉ်ကို ယခင်က အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့တွေမှာ ပျံသန်းပြေးဆွဲရာမှ မေ ၂၉ ရက် ကစတင်ပြီး တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ထပ်မံတိုးချဲ့ပျံသန်းခဲ့ကာ လာမယ့် ဇူလိုင် ၁၆ ရက်ကစပြီး တနင်္ဂနွေနေ့မှာပါ ထပ်မံတိုးမြှင့်ပြီး ပျံသန်းပြေးဆွဲမှာဖြစ်ပါတယ်။
ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ကို တစ်နေ့နှစ်ကြိမ် ပျံသန်းပြေးဆွဲပေးနေတာ ဖြစ်ပြီး ရန်ကုန်မြို့မှ နံနက် ၈ နာရီ မိနစ် ၂၀ မှာထွက်ခွာပြီး စင်ကာပူသို့ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ မှာ ဆိုက်ရောက်မှာဖြစ်ပါတယ်။ ထို့နောက် စင်ကာပူကနေ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ မိနစ် ၅၀ မှာ ပြန်လည်ထွက်ခွာကာ ရန်ကုန်မြို့ကို ညနေ ၃ နာရီ မိနစ် ၂၀ မှာ ဆိုက်ရောက်မယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှ ညနေ ၃ နာရီ ၁၅ မိနစ်ထွက်ခွာတဲ့ ခရီးစဉ်က စင်ကာပူကို ဒေသစံတော်ချိန် ည ၇ နာရီ ၄၅ မိနစ်မှာဆိုက်ရောက်ပြီး စင်ကာပူမှ ဒေသစံတော်ချိန် ည ၈ နာရီ ၄၅ မိနစ်မှာ ပြန်လည်ထွက်ခွာကာ ရန်ကုန်ကို မြန်မာစံတော်ချိန် ည ၁၀ နာရီ ၁၅ မိနစ်မှာ ပြန်လည်ဆိုက်ရောက်မယ်လို့ သိရပါတယ်။
ygm_mnn
#Yangon_Media_Group
Page 1032 of 2045