#Local_News
Published 1March 2024


ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

မတ်လ ၁ရက်နေ့ နံနက် ၂နာရီ ၂၃မိနစ်ခန့်က လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး ထွက်ခွာငြိမ်းသတ်ခဲ့သောကြောင့် နံနက် ၃နာရီ ၃၅မိနစ်တွင် မီးငြှိမ်းခဲ့ကြောင်း သိရသည်။

 

"ဆီတင်သင်္ဘောလောင်တာလို့တော့ကြားတယ်။ ပေါက်ကွဲသံတွေနဲ့ မြေကြီးပါတုန်တယ်"ဟု ကြည့်မြင်တိုင်မြို့နယ် နေသူ တစ်ဦးကပြောသည်။

 

အဆိုပါ သင်္ဘောမီးလောင်သည့်အကြောင်းရာနှင့် ဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိပြီး သတင်း ထုတ်ပြန်မှု မရှိသေးကြောင်း သိရသည်။

 

#Local_News #ရန်ကုန်မြစ်အတွင်း #ဘင်္ဘောတစ်စီး မီးလောင်မှုဖြစ် #YMG/LW #Yangon_Times