Published_ 15 January 2024
တောင်အာဖရိကနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံ သံအမတ်ကြီး H.E. Mr. Yang Dong-Han သည် တောင်အာဖရိကနိုင်ငံ အာရှဒေသသံတမန်များအဖွဲ့၏ နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိတဲ့ မြန်မာသံအမတ်ကြီး ဦးမြင့်ဆွေအား ဇန်နဝါရီ ၁၂ ရက်တွင် မြန်မာသံရုံး၌ လာရောက်တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာ၌ မြန်မာသံအမတ်ကြီးက အာရှဒေသသံတမန်များအဖွဲ့၏ ဆက်လက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊ နစက၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့်အညီ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တိုးတက်မှုများ ဖြစ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ပါတယ်။
ထို့အပြင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Yangon_Media_Group
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News

Published 15 January 2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် မှ သိရသည်။
ဇန်နဝါရီ လ ၁၅ရက် နံနက် ၈နာရီ ၁၉မိနစ် ကဖြစ်ပွားခဲ့ ခြင်း ဖြစ်ကာ ယာဉ်တိမ်းမှောက်မှုသတင်းရရှိသဖြင့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပါ ပါလာသည့် အမျိုးသားတစ်ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 15 January 2024
#YMG #Yangon_Times #Yangon_Media_Group #YMG_News

14 January 2024
ပျူနှင့်ပုဂံကိုကမ္ဘာ့အမွေအနှစ်ဖြစ်အောင် ကူညီဆောင်ရွက်ပေးခဲ့သည့် နိုင်ငံခြားသားပညာရှင်၊မြန်မာ့ယဉ်ကျေးမှုသမိုင်းနှင့် ရှေးဟောင်း သုတေသနပညာရှင် SOAS လန်ဒန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ Dr. Elizabeth Moore ကွယ်လွန်သွားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှသိရပါတယ်။
ဆရာမကြီး Dr. Elizabeth Mooreကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်းဌာနမှ ထုတ်ပြန်ထားပြီးကွယ်လွန်ချိန်တွင် အသက် (၇၆) နှစ်ရှိပြီဖြစ်ပြီး လန်ဒန်စံတော်ချိန် ညနေ (၅:၂၀)နာရီတွင် University College London Hospital ဆေးရုံတွင် (၉၆)ပါးသော ရောဂါဖြင့် ကွယ်လွန်သွားတာဖြစ်ပါတယ်။
Ymg/tthl
Published 14 January 2024
ဇန်နဝါရီလ ၁၃ရက် နေ့ ညနေ ၆နာရီ မှ ဇန်နဝါရီလ ၁၄ရက်နေ့ နံနက် ၅နာရီ အထိ သီဆိုဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည့် ပီနန်းပြည်နယ် ဘာတာဝပ် ရှိ Bar Club တစ်ခုတွင် အဆိုတော် အေမိဈာန် နှင့် ဖူးပွင့်ခိုင် တို့၏ ဖျော်ဖြေပွဲ ၌ အော်ပရာစီ ဝင်သွားခဲ့ကြောင်း မလေးရှားရောက် မြန်မာ အလုပ်သမားများထံက သိရသည်။
ဇန်နဝါရီ ၁၃ည ပိုင်း က အော်ပရာစီ ဝင်ရောက်ပြီး အဆိုတော်အေမီစျန်နှင့်ဖူးပွင့်ခိုင်တို့ clubမှာသီချင်းဆိုနေစဥ် မလေးရှားလဝကမှ ဝင်ရောက်ဖမ်းဆီးခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးစဉ် တွင် အထောက်အထားမှန်သူများနှင့်အထောက်အထား မမှန်သူများပါ ဖမ်းဆီးသွားခြင်း ဖြစ်ပြီးလော်လီကား ၃စီးနှင့် တင်ဆောင် ကာ ဂျာဝီးစခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။
""အထောက်အထား အပြည့်စုံရှိရင်တောင် မလေးရှား က သရုပ်ပျက် အဝတ်အစား တွေ
Sexy Dance တွေ ကို လက်မခံဘူး သီချင်းဆိုတာလောက်ကိုတော့ ခွင့်ပေးသေးတယ်၊Sexy Dance တွေ အဝတ်စားတွေကြောင့် Hot ဖြစ်ပြီး ဝင်ဖမ်းတာ ဖြစ်မယ် ဆိုင်ပိုင်ရှင် ဖြေရှင်းတဲ့ အပေါ်မူတည်မှာပေါ့ တော်တော်လေးဖြေရှင်းယူရမှာ""ဟု မလေးရှားရောက်မြန်မာအလုပ်သမားတစ်ဦး ကပြောသည်။
မလေးရှား တွင် အထောက်အထားမပြည့်စုံသည့် နိုင်ငံခြားသား အလုပ်သမားများ ကို အထူးစီမံချက်ဖြင့် လက်တလော တွင် ဖမ်းဆီးမှု များ ကိူ တနိုင်ငံလုံး အနှံ လုပ်ဆောင်လျက်ရှိရာ ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများလည်းရှိနေသဖြင့်မြန်မာ နိုင်ငံသား အများနေဖြင့် အသွားအလာသတိထား ရန် အတွင် အချင်းချင်း အသိပေးမှုများ မြန်မာလူမှုကူညီရေးအသင်းများက သတိပေးမှု များရှိကြောင်း သိရသည်။
Yangon_Times/LW
#Local_News
#Published 14 January 2024
#Yangon_Media_Group #YMG_News #Yangon_Times

Published_ 14 January 2024
၂၀၂၃ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်နိုင်ရေး ဦးစားပေး ဖိတ်ကြားမည့် ရုပ်ရှင်လောကသားများစာရင်းနှင့် အစီအစဉ်များကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထုတ်ပြန်လိုက်ကြောင်းသိရသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ရေး ဖြစ်မြောက်ရေးလုပ်ငန်းကော်မတီတွင်ပါဝင်သော (၁)မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှနာယကကြီးများ၊အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို)၊ရန်ကုန်တိုင်းဒေသကြီး ဗီဒီယို အခြေခံအဖွဲ့ ၊
(၂)အကယ်ဒမီရပြီးသူများ(နိုင်ငံတော်မှ ရွှေရင်ထိုးပေးမည်)
(၃)၂၀၂၃ခုနှစ်အတွင်းရုံတင်ပြသခဲ့သော ရုပ်ရှင်ထုတ်လုပ်ရေး၊အနုပညာရှင် ၊အတတ်ပညာရှင်များ (တစ်ကားလျှင်၂၀ဦး စာရင်းတောင်းခံထားပြီးဖြစ်)
(၄)မိတ်ဖက်အဖွဲ့အစည်းများ(စာပေ၊ဂီတ၊သဘင် အစည်းအရုံးနှင့်ကူညီပံ့ပိုးသူများ)
(၅)လက်ရှိလုပ်ငန်းလုပ်ကိုင်နေသောရုပ်ရှင်ရုံပိုင်ရှင်များ၊ရုပ်ရှင်ထုတ်လုပ်ရေးများ၊ရုပ်မြင်သံကြားလိုင်းများနှင့်ဝါရင့်အနုပညာရှင်၊အတတ်ပညာရှင်များ
ပါဝင်မည်ဖြစ်ပြီး ဦးစားပေးဖိတ်ကြားခံရသူများ နာမည်အပြည့်အစုံနှင့်စာရင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ထပ်မံမည်ဖြစ်ကြောင်းသိရသည်။
အကယ်ဒမီပေးပွဲတက်ရန်ဦးစားပေးဖိတ်ကြားခံရသူများစာရင်းတွင်မပါဝင်သေးသော အလွှာအသီးသီးမှ အနုပညာရှင် အတတ်ပညာရှင်များ အနေဖြင့် ရုံးအဖွဲ့မှူးထံလျှောက်လွှာပေးပို့ လျှောက်ထားပြီး တက်ရောက်နိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်။
Yangon_Times/tthl

ပျူနှင့်ပုဂံကိုကမ္ဘာ့အမွေအနှစ်ဖြစ်အောင်ဆောင် ရွက်ပေးခဲ့သည့် နိုင်ငံခြားသားပညာရှင်၊မြန်မာ့ယဉ်ကျေးမှုသမိုင်းနှင့် ရှေးဟောင်း သုတေသနပညာရှင် SOAS လန်ဒန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ Dr. Elizabeth Moore ကွယ်လွန်သွားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှသိရသည်။
ဆရာမကြီး Dr. Elizabeth Mooreကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြေကွဲရကြောင်းဌာနမှ ထုတ်ပြန်ထားပြီးကွယ်လွန်ချိန်တွင် အသက် (၇၆) နှစ်ရှိပြီဖြစ်ပြီး လန်ဒန်စံတော်ချိန် ညနေ (၅:၂၀)နာရီတွင် University College London Hospital ဆေးရုံတွင် (၉၆)ပါးသော ရောဂါဖြင့် ကွယ်လွန်သွားကြောင်းသိရသည်။
ဆရာမကြီးDr. Elizabeth Mooreသည် ၁၉၈၉- ၁၉၉၀ မှစ၍ ရှေးဟောင်းသုတေသနဆိုင်ရာ လုပ်ငန်းများကို မြန်မာနိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်ပါသည်။
ဆရာမကြီးသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ရွှေတိဂုံဘုရားသမိုင်း၊ Early Landscape of Myanmar ၊ Pyu Landscape ၊ Wider Bagan စသည့် စာအုပ်များအပါအဝင် စာအုပ်နှင့်စာတမ်းပေါင်းများစွာကို ရေးသားခဲ့သူလည်းဖြစ်ပါသည်။
၂၀၁၄ ခုနှစ်တွင် ပျူရှေးဟောင်းမြို့တော်များ ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းခြင်း လုပ်ငန်း အတွက် Nomination Dossier ကိုရေးသားရာတွင် အဓိကပါဝင် ရေးသားခဲ့ပါသည်။
အလားတူ ၂၀၁၆ -၂၀၁၈ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး အတွက် Nomination Dossier ကိုလည်း ပါဝင်ရေးသားပေးခဲ့သူဖြစ်ပါသည်။
ဆရာမကြီးသည် ၁၉၉၉ ခုနှစ်တွင် ရှေးဟောင်း သုတေသနဌာန၌ ပြင်ပပညာရှင် တံပဝတီ ဦးဝင်းမောင်နှင့် တွဲဖက်၍ မြန်မာနိုင်ငံ အတိတ်သမိုင်းတွင် ထွန်းကားခဲ့သော ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှု သုတေသနလုပ်ငန်းများကိုလည်းပူးပေါင်းဆောင်ရွက်ခဲ့သည်။
ဆရာမကြီး အဓိကတာဝန်ထမ်းဆောင်သည့် SOAS University of London တွင် ရှေးဟောင်း သုတေသနနှင့် သမိုင်းဘာသာရပ် ကိုလေ့လာဆည်းပူးနေသော မျိုးဆက်သစ် မြန်မာ လူငယ်များကို ပညာသင်ကြားနိုင်ရေးအတွက်လည်း များစွာကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ပါသည်။
SOAS University of London မှ ဒီပလိုမာ၊ မဟာဝိဇ္ဇာဘွဲ့ရရှိသူကျောင်းသားများကို လက်တွေ့ သုတေသနစာတမ်းများနှင့် စာတမ်းဖတ်ပွဲများကျင်းပပြုလုပ်ပြီး ပညာရပ်ဆိုင်ရာများ ကွင်းဆက် မပြတ်စေရန် ကူညီဆောင်ရွက်ပေးခဲ့သူ ဖြစ်သည်။
ထို့သို့သော ပုဂ္ဂိုလ်တစ်ဦး ကွယ်လွန်သွားသည့်အတွက် ဌာနမှများစွာ ယူကျုံးမရဖြစ်ရသလို မျိုးဆက်သစ် လူငယ်များအတွက်လည်း များစွာဆုံးရှုံးနစ်နာရပါသည်။ ဆရာမကြီး ကောင်းရာ ဘုံဘဝ ရောက်ပါစေကြောင်း ဌာနမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ကောင်းရာဘုံဘဝ ရောက်ပါစေ"ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှထုတ်ပြန်ထားကြောင်းသိရသည်။
ဆရာမကြီးသည် မြန်မာပြည်သာမက ထိုင်း၊ ကမ္ဘောဒီးယားစသည့် နိုင်ငံများရှိ ယဉ်ကျေးမှု ဒေသများသို့ ၎င်းကိုယ်တိုင်သွားရောက်၍ သော်လည်းကောင်း၊ ဒေသခံ နိုင်ငံသားပညာရှင်များနှင့် ပူးပေါင်း၍ လည်းကောင်း သုတေသနစာတမ်း၊ စာအုပ်များကို ရေးသားထုတ်ဝေခဲ့သည်။
Yangon_Times/tthl
#Local_News
#Published 14 January 2024
#Yangon_Media_Group #YMG_News #Yangon_Times

Page 967 of 2321