#Daily_News
Published 18 December 2023
၁။ ရွှေစက်တော်ဘုရားပွဲ ဖေဖော်ဝါရီလထဲ စတင်ကျင်းပမည်၊ မနှစ်ကထက် တည်းခိုဆောင်ပိုများနိုင်
၂။ တောင်သူလက်ထဲ လက်ကျန်နည်းပါးချိန် စပါးဈေးနှုန်းများ မြင့်တက်လာ
၃။ မူဆယ် ၁၀၅ မိုင် အနီး တိုက်ပွဲပြင်းထန်လာသည့်အတွက် နမ့်ခွမ်စစ်ရှောင်စခန်း ပြောင်းရွှေ့ရ
၄။ အီဂျစ်တွင် ယနေ့ထက်တိုင် လူကြိုက်များနေဆဲဖြစ်ပြီး အဓိကအစားအစာဖြစ်နေသည့် ဘယာကြော် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published-18 December 2023
အင်းလေးကန်၌ နှုန်းဖမ်းဆည်ငယ် သုံးခု တည်ဆောက်လျက်ရှိပြီး တစ်နှစ်ပတ်လုံး သဲနှုန်းကျွင်း (၅၀၀၀၀) တူးဖော်ရန်လျာထားကြောင်းညောင်ရွှေမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အင်းလေးကန်ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်းအနေဖြင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၇၀၀) ဖြင့် ဆောင်ရွက်လျက်ရှိရာ နှုန်းဖမ်းဆည်ငယ် (၃) ခု တည်ဆောက်သည့်လုပ်ငန်းမှာ လက်ရှိအချိန်အထိ (၄၀) ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်းသိရသည်။
ထို့အပြင် သဲနှုန်းတူးဖော်ခြင်းလုပ်ငန်း များဆောင်ရွက်လျှက်ရှိပြီး တစ်နှစ်လုံး သဲနှုန်းကျွင်း (၅၀၀၀၀) တူးဖော်ရန် စီမံလျာထားရာ လက်ရှိတွင် (၃၈၉၀၀) ခန့် ပြီးစီပြီဖြစ်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ နှုန်းဖမ်းဆည်ငယ် (၃) ခု တည်ဆောက်ရာတွင် (၄၀) ရာခိုင်နှုန်း၊ သဲနှုန်းတူးဖော်ခြင်းလုပ်ငန်းတွင် (၇၈) ရာခိုင်နှုန်း၊ ရေမှော်ရှင်းလင်းခြင်းလုပ်ငန်းတွင် (၃၀) ရာခိုင်နှုန်း၊ ကျွန်းမျောရှင်းလင်းခြင်းလုပ်ငန်းများတွင် (၅၄) ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
တစ်နှစ်လုံး ဆောင်ရွက်ရန် လျာထားချက်မှာ ဧက (၁၂၀) ဖြစ်ပြီး (၆၅) ဧက ဆောင်ရွက်ပြီးစီးနေပြီဖြစ်သည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၅၄) ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ကြောင်း ၊ အင်းလေးကန်ထိန်းသိမ်းစောင့် ရှောက်ရေး စီမံကိန်းတစ်ခုလုံးအနေဖြင့်(၇၈) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ အင်းလေးကန် စိမ်းလန်းစိုပြေစေရေးလုပ်ငန်းနှင့် ရေရှည်တည်တံ့ရေးနှင့် ခရီးသွားလုပ်ငန်းကို အထောက်အကူဖြစ်စေသည့် ထိန်းသိမ်းရေးလုပ်ငန်းများကို နှစ်စဉ် ပြည်ထောင်စုခွင့်ပြုရန်ပုံငြွေဖင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Yangon-Times/NN
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group

Published 18 December 2023
လမ်းပိုင်းအနေထားအရ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်သဖြင့် မြဝတီ-ထို့ကော်ကိုးလမ်းအား ဒီဇင်ဘာ၁၈ ရက်မှစတင်ကာ မော်တော်ယာဉ်များဖြတ်သန်းသွားလာမှုကို အတက်/အဆင်း တစ်ရက်စီ သာ သွားလာရတော့မည်ဖြစ်ကြောင်း မြဝတီမြို့သို့ပြေးဆွဲနေသည့် ယာဉ်မောင်းသူများထံ ကသိရသည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး မှာ တိုက်ပွဲများကြောင့် ဖြတ်သန်းသွားလာခွင့်မရရှိသဖြင့် ခရီး သည်တင်ယာဉ်များနှင့် ကုန်စည်ပို့ဆောင်ရေးယာဉ်များမှာ မြဝတီ-ထို့ကော်ကိုးလမ်းကြောင်းမှတဆင့် ဖြတ်သန်းသွားလာနေရကြောင်း သိရသည်။
ထိုသို့ သွားလာရာတွင် လမ်းပိုင်းအနေထားမကောင်းခြင်း၊ မော်တော်ယာဉ်များဖြတ်သန်းသွားလာမှုများပြားခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်သည့်အတွက်ယခုကဲ့သို့ အလှည့်ကြ အတက်/အဆင်း တစ်ရက်စီသတ်မှတ်ရခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြဝတီ-ထို့ကော်ကိုးလမ်းအား မနက်ဖြန် ဒီဇင်ဘာ ၁၈ ရက်မှစတင်ကာ အတက်ရက်ဖြစ်သတ်မှတ်မည်ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်တွင် အဆင်းနေ့အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group


ဥရာပ ၊ဂျပန် ၊ကိုရီးယားနိုင်ငံတွေက စပါယ်ရှယ်ကော်ဖီနဲ့ တရုတ် ၊ထိုင်းကတော့ကာ်မာရှယ်ကော်ဖီ အရာင်းအဝယ်ဖြစ်တယ်၊ တစ်ချို့လည်း မထွက်ခင်ကထဲက အဆက်အစပ်ရှိတဲ့သူတွေက စထဲက ကမ်းလှမ်ကြတာပေါ့နော်၊ တစ်ချို့လည်း အခုမှလိုက်ပြီးတော့ စုံစမ်းဝယ်ယူနေတာပေါ့
Yangon-Times/NN
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 18 December 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ သလ္လာဝတီရပ်ကွက်၊ သလ္လာဝတီဇာတ်ဆိပ်တွင် ကုန်တင်အမြန်ရေယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဒီဇင်ဘာ ၁၈ ရက် နေ့လည် ၁နာရီ ၆မိနစ် အချိန် ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ကုန်တင်အမြန်ရေယာဉ်၏ အင်ဂျင်ခန်း မီးလောင်မှုဖြစ်ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မုံရွာခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃) စီး၊ ရေသယ်ယာဉ်(၃)စီး၊ ကမ်းနားမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အရန်မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နေ့လည်၁နာရီ ၃၀ မိနစ်အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်သည့်အကြောင်းရာနှင့် ထိခိုက်ဒဏ်ရာရရှိသူ အခြေနေများကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကာ သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
Yangon-Times/LW
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group


အယ်နီညိုသက်ရောက်မှုကြောင့် မတ်လမတိုင်မီ တစ်လစောပြီး ဖေဖော်ဝါရီလမှာ စပြီးပူမှာဖြစ်တယ်။ ပုံမှန်ထက်ပိုစောပြီး ပူမှာဖြစ်တဲ့အတွက် နှစ်စဉ်ကြုံတွေ့နေကျဖြစ်တဲ့ သောက်သုံးရေနဲ့ စိုက်ပျိုးရေ ရှားပါးမှုပြဿနာတွေ ကြုံတွေ့နိုင်တယ်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်း
Yangon-Times/tthl
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
စားဖို့အတွက် ဆန်အဓိကလိုအပ်တာမို့ တတ်နိုင်ရင်ဆန် လှူဒါန်းပေးစေချင်ပါတယ်
ရှမ်းပြည်နယ် မူဆယ် ၁၀၅ မိုင်အနီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အတွက် နမ့်ခမ် စစ်ရှောင်စခန်းကို ဘေးကင်းတဲ့ နေရာဖြစ်တဲ့ မူဆယ်မြို့အနီး လွယ်တိန်ခမ်း တောင်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းကို ပြောင်းရွှေ့နေရတယ်လို့ စစ်ရှောင်စခန်း တာဝန်ခံစီက သိရပါတယ်။
Yangon-Times/LW
#Local_News
#Published 18 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Page 969 of 2276