'မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာမှာရှိတဲ့ ဝင်းစိန်တောရကျောင်းတိုက်၊ ကျေးဇူးတော်ရှင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကေသရ ဆရာတော်ကြီး၏ သက်တော် (၁၀၃) နှစ်မြောက် မွေးနေ့ပူဇော်ပွဲ အခမ်းအနားကို လာမယ့်ဖေဖော်ဝါရီလ ၄ ရက် တနင်္ဂနွေနေ့မှာ ကျင်းပသွားပါမယ်၊ မွေးနေ့စေတီ နှစ် ဆူကို ထီးတော်တင်လှူတာ၊ ဧည့်ဆောင်အသစ် ဖွင့်လှစ်တာ၊ ကျေးဇူးတော်ရှင် ဝင်းစိန်တောရ ဆရာတော်ကြီးနဲ့ သာသနာပြုဖော် ပုဂ္ဂိုလ် ၃၄ ပါး၊ ၁၀ တောင်၊ ၁၂ တောင် ဘိုးဘိုးတို့ကိုပုဂ္ဂိုလ်ဆွမ်းကပ်ခြင်းနဲ့ ကောင်းမှုကုသိုလ်အစုစုကို ရေစက်သွန်းချအမျှဝေတာတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်'
#Local_News
Published_ 31 January 2024
#ဝင်းစိန်တောရ ဆရာတော်ကြီး #စတုဒီသာမဏ္ဍပ်
#YMG/ NN #Yangon_Times
ပုဂံဘုရားများ မိုးကြိုးလွှဲတပ်ခြင်းကို အမွေအနှစ်မထိခိုက်အောင်ဆောင်ရွက်နေ၍မစိုးရိမ်ကြရန်ပြော
"လူမှုကွန်ရက်ပေါ်မှာပျံ့နှံလာတဲ့ပုံဟာ ရွှေဆံတော်ဘုရားမှာ မိုးကြိုးလွှတပ်ဆင်ရန်ဆောင်ရွက်နေတဲ့ ပုံဖြစ်ပြီး ဘုရားရဲ့ကြမ်းခမ်းဟာအသစ်ပြန်ပြင်ထားတဲ့ (၃)(၄)နှစ်သက်တမ်းသာရှိသေးတဲ့နေရာဖြစ်ပါတယ်။ ပုဂံဘုရားတွေမိုးကြိုးလွှတပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ ရှေးဟောင်း သုတေသနဌာနအနေနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကို မူလအမွေအနှစ်မထိခိုက်အောင် Guide line တွေ ချမှတ်ပေးပြီးမှဆောင်ရွက်နေတာဖြစ်သလို အမွေအနှစ်တွေမထိခိုက်အောင်ထိန်းကျောင်း ဆောင်ရွက်လျက်ရှိတယ်"
#Local_News
Published_ 31 January 2024
#ပုဂံဘုရားများမိုးကြိုးလွှဲတပ်ခြင်း #အမွေအနှစ်မထိခိုက်အောင်ဆောင်ရွက်
#tthl #Yangon_Times
#Local_News
Published 31 January 2024
ကိုရီးယားနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၅၂ ဦးအား ယနေ့ ဇန်နဝါရီ ၃၁ ရက်တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း ကိုရီယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POAE မှ ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ စေလွှတ်ခဲ့သည့် အလုပ်သမား ၁၅၂ ဦးမှာ ကိုရီးယားနိုင်ငံကုန်ထုတ်လုပ်ငန်းများတွင် လုပ်ကိုင်မည့် လုပ်သားများဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံ၊ အင်ချွန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြသည့် အလုပ်သမားများအား ဆိုးလ်မြို့၊ အလုပ်သမားသံရုံးအရာရှိမှ လက်ခံကြိုဆိုခဲ့ပြီး လိုအပ်သည်များကိုမှကြားကာ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
#YMG/LW #Yangon Time
ကိုးကန့်ဒေသအွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦးနှင့် သံသယရှိသူ ၄ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့
မြန်မာနိုင်ငံမြောက်ပိုင်းကိုးကန့်ဒေသ အွန်လိုင်းလိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် ၆ ဦးနှင့် သံသယရှိသူ ၄ ဦးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သိရသည်။
#Local_News
Published_ 31 January 2024
#ကိုးကန့်ဒေသအွန်လိုင်းလိမ်လည်မှုအဖွဲ့ #တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်
#Local_News
Published 31 January 2024
ဖေဖော်ဝါရီ (၁) ရက်နေ့တွင် ဖွင့်လှစ်မည့် (၅၉)ကြိမ်မြောက် ကျပ်တစ်ထောင်တန် အောင်ဘာလေသိန်းထီဖွင့်ပွဲနှင့် အွန်လိုင်းအောင်ဘာလေသိန်းထီဖွင့်ပွဲမှစ၍ လူပုဂ္ဂိုလ်များအား အသုံးမပြုဘဲ Air Blow Digital Machine စက်များအသုံးပြု ဖွင့်လှစ်ပေးသွားမည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ (ရန်ကုန်)မှ သိရသည်။
အဆိုပါ Air Blow Digital Machine စက်ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် အသုံးပြုနေပြီး အက္ခရာနှင့်ဂဏန်းများကို အရွယ်အစား အလေးချိန်တူညီသော ပုံစံတူ RFID law ကိုရွေးချယ်အသုံးပြုထားခြင်းဖြစ်ကြောင်းသိရသည်။
ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေအွန်လိုင်းသိန်းဆုထီစနစ်အပြင် လက်ရှိကျင့်သုံးလျက်ရှိသော ထီလက်မှတ်များ ပုံနှိပ်ဖြန့်ဖြူးရောင်းချသည့် အောင်ဘာလေသိန်းဆုထီစနစ်ကိုကျင့်သုံးနေပြီး ထီဖွင့်ပွဲတွင်လည်း လူပုဂ္ဂိုလ်များအသုံးပြု၍ မဲနှိုက်ရွေးချယ်ခြင်းဖြစ်သည်။
#YMG/LW #Yangon Time
#Local_News
Published-31 January 2024
ပဲခူးတိုင်းဒေသကြီးရှိ မိုးယွန်းကြီးအင်းတွင်ယခုနှစ်ဇန်နဝါရီလ၌ ကောက်ယူခဲ့သည့်စာရင်းအရငှက်မျိုးစိတ်၁၂၂မျိုးမှ ငှက်ကောင်ရေနှစ်သောင်းကိုးထောင်ကျက်စားနေပြီဖြစ်ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော မှသိရသည်။
အဆိုပါမိုးယွန်းကြီးအင်းတွင် အာရှရေပျော်ငှက်စာရင်းကို နှစ်စဉ်ဇန်နဝါရီလတိုင်းမှာကောက်ယူလေ့ရှိပြီး ယခုနှစ်မှာတော့ ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်များတွင် ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကောက်ယူထားသည့် စာရင်းအရရေပျော် ဆောင်းခိုငှက်၃၃မျိုး၊ ဆောင်းခိုငှက်ကုန်းငှက်၁၈မျိုး၊ ဌာနေငှက် ၇၁ မျိုး စုစုပေါင်း ငှက်မျိုးစိတ် ၁၂၂ မျိုးရှိပြီးကောင်ရေ အနေဖြင့် ဆောင်းခိုငှက်(၁၂၀၀၀) ကောင်နှင့် ဌာနေငှက်(၁၇၀၀၀)စသည်ဖြင့် စုစုပေါင်းငှက်ကောင်ရေ ၂၉၀၀၀ ရှိကြောင်း သိရသည်။
ရွှေ့ပြောင်းငှက်များဖြစ်သည့် ဆော င်းခိုငှက်များသည် ကမ္ဘာ မြောက်ခြမ်းမှ ကမ္ဘာ့ တောင်ခြမ်းကိုလာပြီးဆောင်းခိုကြ ကြောင်းဆောင်း ခိုငှက်များသည် ရေဝပ်ဒေသဂေဟစနစ်ကြီးကောင်းမွန် သည့်အတွက်လာရောက်ကျက်စားကြခြင်းဖြစ်ကြောင်းသိရသည်။
မိုးယွန်းကြီးအင်းတွင်ဆောင်းခိုငှက်၊ ဌာနေငှက်နှင့်ကုန်းငှက်များအပြင် ငါးမျိုးစိတ် ၄၀ ကျော်ရှိကြောင်း သိရသည်။
အဆိုပါ မိုးယွန်းကြီးအင်းသို့ ငှက်ကြည်ဝါသနာရှင်များလာရောက်လည်ပတ်ကြောင်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ဇန်နဝါရီလထက် ငှက်ကောင်ရေတစ်ထောင်ပိုကျကြောင်း သိရသည်။
#Local_News #ငှက်မျိုးစိတ် ၁၂၀ကျော် #ငှက်ကောင်ရေသုံးသောင်းနီးပါးကျက်စားနေ #YMG/NN #Yangon_Times
#Local_News
Published 31 January 2024
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းကျေးရွာတွင် ဇန်နဝါရီလ (၃၁) နံနက် (၆)နာရီ (၁၈)မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
ကြည့်မြင်တိုင်မြို့နယ်၊ တစ်ဖက်ကမ်း၊ စက်ဆန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ စက်ဆန်းနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၆)နာရီ ၃၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၆)နာရီ (၃၃)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများကို မီးသတ်တပ်ဖွဲ့ မှ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။


#Local_News #စက်ဆန်းကျေးရွာ # မီးလောင်မှုဖြစ်ပွား #YMG/LW #Yangon_Times
Page 938 of 2321