Published_3 Jan 2024
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ ဘောလုံး ပြိုင်ပွဲ(အမျိုးသား) ဗိုလ်လုပွဲ တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းနှင့်အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယနေ့ ဇန်နဝါရီလ ၃ ရက် က ဗိုလ်လု ယှဉ်ပြိုင်က စားကြ ရာ ပွဲကစားချိန် ၈ မိနစ်တွင် စီမံကိန်း နှင့် ဘဏ္ဍာ ရေးဝန် ကြီး ဌာနအသင်းက အဖွင့်ဂိုးရရှိခဲ့ပြီး ဦးဆောင်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက်ပွဲကစားချိန် ၁၁ မိနစ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ချေပဂိုးနှင့် ပွဲချိန် ၁၆ မိနစ်နှင့် ပွဲချိန် ၁၈ မိနစ်တို့တွင် ဦးဆောင်ဂိုးများထပ်မံသွင်းယူနိုင်ခဲ့သောကြောင့် ၃ ဂိုး ၁ ဂိုးဖြင့် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ဦးဆောင်နိုင်ခဲ့သော် လည်း ပွဲချိန် ၄၂ မိနစ်တွင် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနအသင်းက ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်း ၄၅ မိနစ်ပြီးဆုံးချိန် တွင် အားကစား နှင့်လူငယ်ရေးရာဝန်ကြီးဌာနအသင်းက ၃ ဂိုး ၂ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ဒုတိယပိုင်းပွဲကစားချိန်ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပွဲ စလျင် စချင်း ၄၇ မိနစ်၌ စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းက ချေပဂိုးတစ်ဂိုးထပ်မံ သွင်းယူနိုင်ခဲ့သဖြင့် တစ်ဖက်သုံးဂိုးစီဖြင့် နှစ်ဖက်အ ပြန် အလှန် အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ကြသည်။
ကျန်ရှိသည့် ပွဲကစားချိန်အတွင်း အနိုင်ဂိုး ရရှိရေး ရေကုန် ရေခမ်း ယှဉ်ပြိုင်ကစားခဲ့ကြသော်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသည့် အတွက် သာမာန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်သည့်အချိန်တွင် သရေရလာဒ်ဖြင့်သာ ပွဲပြီး ဆုံးခဲ့ရသဖြင့် အချိန် ပိုပထမပိုင်းကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရကြောင်း သိရသည်။
အချိန်ပို မိနစ် ၃၀ ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အချိန်ပို ၁၈ မိနစ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန် ကြီး ဌာနအသင်းက ၁၈ ကိုက်စည်း အပြင်ဘက်မှ အပြင်းကန်သွင်းချက်ဖြင့် ဦးဆောင်ဂိုးရရှိခဲ့ပြီး ချေပဂိုးပြန် လည်သွင်းယူနိုင်ခြင်းမရှိသဖြင့် ပွဲကစားချိန်များပြီးဆုံးချိန်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်း က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အသင်းအား ၄ ဂိုး - ၃ ဂိုးဖြင့် ထိုက်တန်စွာ အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမဆုရ ရှိသည့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလား တို့ကိုပေး အပ်ချီး မြှင့်ပြီး အားကစားသမားများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
အကောင်းဆုံး အားကစားသမားဆုရရှိခဲ့ကြ သည့် အားကစားသမားများကို ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ကောင်စီဝင်များ ဖြစ်ကြသည့် ခွန်စံလွင်၊ ဒေါက်တာ ရွှေ၊ ဒေါက်တာမှုထန် နှင့် မန်းငြိမ်းမောင် တို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ အသင်း လိုက် စတုတ္ထဆုရရှိသည့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းကို ကောင်စီဝင်ဒုတိယဗိုလ် ချုပ် ကြီး ညိုစော ကလည်း ကောင်း၊ တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအသင်းကို ကောင်စီဝင် ဒုတိ ယဗိုလ်ချုပ်ကြီး ရာပြည့် က လည်း ကောင်း၊ ဒုတိယဆုရရှိသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအသင်းကို ကောင်စီဝင် ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုနှင့် ချီးမြှင့် ငွေများကို အသီးသီးပေးအပ်ချီး မြှင့် ကြကြောင်းသိရသည်။
အလားတူ ပထမဆုရရှိသည့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန အသင်းကိုကောင်စီတွဲဖက် အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တစ်ဦးချင်း ဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း လည်း သိရ သည်။
Yangon_Times/PP
#Local_News
#Published_3 Jan 2024
#Yangon_Times #YMG_News #Yangon_Media_Group




#Daily_News
#TV Yangon Times ရဲ့ နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)
Published_3 January 2024
၁။ ယခုလတွင် ဒေသ(၂)ခုတွင် မိုးပိုရွာပြီး ဒေသ(၅)ခုတွင် မြူပိုကျမည်၊ ယခုရက်ပိုင်းအတွင်း ဒေသ(၁၀)ခု၌ ညအပူချိန်များ ကျဆင်းမည်
၂။ ၂၀၂၄ခုနှစ်အတွင်း ပြောင်းဈေးမြင့်လာပြီး ဈေးကွက်ကောင်းမွန်လာနိုင်မည့် အနေထားရှိကြောင်း ပြောင်းကုန်သည်များ သုံးသပ်
၃။ မော်တော်ယာဉ်မူဝါဒသစ် ကားဈေးကွက်အပေါ် သက်ရောက်မှုမရှိ၊ SKD,CKDကားများ ထွက်ရှိလာမှသာ ဈေးကွက်ကျနိုင်ဟုဆို
၄။ အဟောင်းတွေကို မဖျက်ဆီးဘဲ အသစ်တွေကို တည်ငြိမ်စွားတိုးချဲ့စီးပွားရေးမြှင့်တင်မည်ဟု တရုတ်သမ္မတရှီကျင့်ဖျင်ပြော ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published_03 January 2024
ဘူတာ၁၀ခု၌ကုန်စည်သယ်ယူပို့ဆောင်မှုလုပ်ငန်းနှင့် ဆက်စပ်သည့် သိုလှောင်၊ ဖြန့်ဖြူးရေးစင်တာ အငယ်
စားများ တည်ဆောက်/လည်ပတ်လုပ်ကိုင်ရန် မြန်မာ့မီးရထားက တင်ဒါအဆိုပြုလွှာ (Tender Proposal) တင်သွင်းနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။
အဆိုပါ တင်ဒါအဆိုပြုလွှာ (Tender Proposal) ဖိတ်ခေါ်ရာတွင်သီလဝါ-တိုးကြောင်ကလေး-မြို့ပတ်၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ သာစည်-မြင်းခြံရထားလမ်းပိုင်းများတွင် သိုလှောင်၊ ဖြန့်ဖြူးရေးစင်တာများနှင့် ဆက်စပ်သည့် ရထားနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လည်း ပါဝင်နေကြောင်းသိရသည်။
ထို့အပြင် Package စနစ် ငါးနှစ်မူဖြင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် နိုင်ငံသားပုဂ္ဂလိကလုပ်ငန်းရှင်/ ကုမ္ပဏီအဖွဲ့အစည်းများ အနေဖြင့် တင်ဒါအဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းတင်ဒါစည်းကမ်းချက်နှင့် တင်ဒါအဆိုပြုလွှာ (Instructions to Tenderer & Request for Proposal) များကို ၁ စုံ ကျပ် ၅ သိန်းနှုန်းနှင့် ဇန်နဝါရီလ ၁ ရက်မှ ၁၅ ရက်နေ့အထိ ရုံးချိန်အတွင်း ဒုတိယအထွေထွေမန်နေဂျာ၊ ထောက်ပံ့ဌာန၊မြန်မာ့မီးရထား၊ ကုန်သည်လမ်းနှင့် ၅၁လမ်းထိပ်၊ဗိုလ်တထောင်မြို့နယ်၊ရန်ကုန်၌ဝယ်ယူနိုင်ကြောင်းအသိပေးထားသည်။
အဆိုပါတင်ဒါအဆိုပြုလွှာများကို ဧပြီလ ၁ ရက်နေ့၊ နေ့လည်၂နာရီနောက်ဆုံးထား တင်သွင်းရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကိုမြန်မာ့မီးရထား(ရုံးချုပ်)၊နေပြည်တော်ဘူတာ(ပထမထပ်)ရှိစီးပွားရေးဌာနထံ လူကိုယ်တိုင်ဖြစ်စေ၊ ၀၆၇-၇၇၀၄၈ / ၇၇၁၆၃ ဖြစ်စေ၊ Email –
Yangon Times/NN
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group
Published 3 January 2024
ဗိုလ်တထောင် ၊ကမ်းနားလမ်း၊ကွန်တိန်နာယာဉ်ရပ်နားဝန်းအတွင်း ရပ်နားထားသော အဝါရောင်ကွန်တိန်နာမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ထုတ်ပြန်ချက်အရသိရသည်။
ဇန်နဝါရီလ၃ရက်နေ့ ညနေ၄နာရီကျော်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ကွန်တိန်နာယာဉ်ရပ်နားဝန်းအတွင်း ရပ်နားထားသော Howo Sino Truck (အဝါရောင်)ကွန်တိန်နာယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဝါရောင်ကွန်တိန်နာယာဉ်မီးလောင်ကျွမ်းမှု ကြောင့်ဘေးအနီးရှိ ကွန်တိန်နာတစ်စီးကိုလည်း မီးကူးစက်လောင်ခဲ့သည်။
အဆိုပါမီးလောင်ကျွမ်းမှုကို တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၄ ၅၅ အချိန် မီးငြိမ်းကြောင်းသိရသည်။
ရှင်သန်ရေးကူညီမှုအသင်းရေဘောက်ဆာ+မီးသတ်ဆေးဘူးအကြီးများဖြင့် ရေအထောက်အကူပြု + မီးငြိမ်းသတ် ကူညီပေးခဲ့ကြောင်း သိရသည်။
Yangon Times/tthl
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ပိုက်ကြီးဝဲကျေးရွာ မဟာဇီဝိတာရာမ ကျောင်းတိုက်ဝန်းအတွင်းရှိ လှည်းကူးမြို့နယ်ဆိုင်ရာ ရှေးဟောင်းသမိုင်းပြတိုက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း လုပ်ဆောင်နေတယ်လို့ လှည်းကူးသမိုင်းပြတိုက်နှင့် လှည်းကူးမြို့နယ် သမိုင်းပြုစုရေးအဖွဲ့ထံက သိရပါတယ်။
Yangon Times/LW
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group
ဘွန်ဆိုင်းပင်တွေက အခု ဈေးကွက်တစ်ခုအနေနဲ့ ရှိလာပြီ၊ ဆရာတွေလက်ထဲမှာ သက်တမ်း၄၀ ကနေ၅၀ ဘွန်ဆိုင်းတွေ ပိုင်နေပြီ၊ အဲ့ဒီအတွက် သက်တမ်းအလိုက် အပင်ဈေးနှုန်းတွေ ဈေးကြီးပါတယ်၊ မန္တလေးက ဘွန်ဆိုင်းပညာရှင်က ထနောင်းပင်တစ်ပင်ကို သိန်း၄၀၀ အထိရောင်းခဲ့ရတယ်၊ စားသောက်ဆိုင်တွေ ဟိုတယ်တွေက ဝယ်တာများတယ်၊ဘွန်ဆိုင်းဝါသနာရှင်တွေလည်း ဝယ်တာတွေရှိပါတယ် '
Yangon Times/NN
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group
Published_ 03 January 2024
လူမှုဖူလုံရေး အကျုံးဝင် အာမခံအလုပ်သမား ၁ ဒသမ ၂ သန်းကျော်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအတွက်လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီးသုံးရုံအပါအဝင် ဆေးခန်းများ၌ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေကြောင်း အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။
အဆိုပါ အာမခံလုပ်သားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးအဖွဲ့ပိုင် ဆေးရုံကြီး (၃)ရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၆၀)၊ စာချုပ်ဆေးခန်း (၅၄) ခန်း၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု (Specialist OG OPD) ဆောင်ရွက်သည့် စာချုပ်ဆေးခန်း (၂၃)ခန်း၊ မီးဖွားဝန်ဆောင်မှု ဆောင်ရွက်လျက်ရှိသော စာချုပ်ဆေးရုံ/ သားဖွားခန်း (၁၂) ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်းတို့ဖြင့် ဝန်ဆောင်မှု ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးအာမခံ (Social Insurance) စနစ်အရ လက်ရှိတွင် အာမခံစနစ် ခြောက်မျိုးအနက် နှစ်မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့် (၁၅) မျိုး ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထို့ပြင် လစဉ်ထည့်ဝင်ကြေးကို လုပ်ခလစာတစ်လလျှင် တစ်သိန်းရရှိသည့် အာမခံအလုပ်သမားတစ်ဦးအနေဖြင့် အလုပ်သမားထည့်ဝင်ကြေး ၂ ရာခိုင်နှုန်းအတွက် ကျပ် (၂၀၀၀) နှင့် အလုပ်ရှင်မှ ၃ ရာခိုင်နှုန်းအတွက် ကျပ် (၃၀၀၀) စုစုပေါင်း ၅ ရာခိုင်နှုန်းအတွက် ကျပ် (၅၀၀၀) ပေးသွင်းရကြောင်းသိရသည်။
အများဆုံးလုပ်ခလစာ သုံးသိန်းအထိ သတ်မှတ်ထားကာ အလုပ်သမားထည့်ဝင်ကြေး ၂ ရာခိုင်နှုန်းအတွက် ကျပ် (၆၀၀၀) နှင့် အလုပ်ရှင်မှ ၃ ရာခိုင်နှုန်းအတွက် ကျပ် (၉၀၀၀) စုစုပေါင်း ၅ ရာခိုင်နှုန်းအတွက် ကျပ် (၁၅၀၀၀) ပေးသွင်းရကြောင်းလည်း သိရသည်။
လစဉ်ထည့်ဝင်ကြေးပေါ်မူတည်၍ မကျန်းမာမှုအကျိုးခံစားခွင့်၊ မီးဖွားမှု အကျိုးခံစားခွင့်၊ နာရေးစရိတ်၊ အလုပ်တွင်ထိခိုက်မှုကြောင့် ယာယီမသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့်၊ အမြဲတမ်းမသန်စွမ်း အကျိုးခံစားခွင့်နှင့် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်စသည်တို့ကို ခံစားရရှိနိုင်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group
Page 941 of 2276