https://www.facebook.com/theyangontimes/videos/929742865234137
#Daily_News
Published_ 1 February 2024
၁။ ချစ်သူများနေ့ Valentine Day နီးလာသော်လည်း နှင်းဆီပင်များရောင်းအားမတက်၊ ဈေးမတက်သေး
၂။ ကွမ်းအထွက်နှုန်းလျော့ကျပြီး ဈေးစံချိန်တင်မြင့်တက်
၃။ အခြားဒေသထွက် ကုန်စိမ်းများ ဈေးကွက်အဝင်များလာသဖြင့် ရှမ်းပြည်ထွက်ကုန်စိမ်းများ ဈေးထိုးကျ
၄။ အာဖဂန်နစ္စတန်၏နိုင်ငံခြားပိုင်ဆိုင်မှုများ ပြန်လည်ပေးအပ်ရန်နှင့်တဖက်သတ်ပိတ်ဆို့မှုများဖယ်ရှားပေးရန် အာဖဂန်ယာယီနိုင်ငံခြားရေးဝန်ကြီးမှ အမေရိကန်အားတောင်းဆို ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
"ချစ်သူများနေ့Valentine Day နီးလာချိန်မှာ ချစ်သူ စုံတွဲတွေအနေနဲ့နှင်းဆီပန်းတွေကိုသာ အဝယ်များပြီး နှင်းဆီအပင်လိုက်ကိုပေးတဲ့သူရှားသလို မိသားစုကိုသာ နှင်းဆီပင်တွေပေးတာများတဲ့အတွက် ရောင်းအား သိသိသာသာမတက်သေးဘူး" မန္တလေးအခြေစိုက် ဝင်းရတနာပျိုးဥယျာဉ်မှ တာဝန်ရှိသူတစ်ဦး
#Lcoal_News
Published_ 1 February 2024
#Valentine_Day #နှင်းဆီပင်ရောင်းအားမတက်သေး
#tthl #Yangon_Times
"သိန်း(၅၀၀၀)ကံထူးသူဟာ အခြေခံလူတန်းစားသက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ဦးဖြစ်ပြီး မကွေးအခြေစိုက်ဟိန်းဓနထီဆိုင်မှ ဆိုင်ခွဲ ဖွင့်လှစ်ထားတဲ့ ချောက်မြို့ရှိဟိန်းဓနထီဆိုင်မှာ ထိုးရင်း ပေါက်သွားခဲ့တာဖြစ်တယ်"
ဟိန်းဓနထီဆိုင်မှတာဝန်ရှိသူတစ်ဦး
#Lcoal_News
Published_ 1 February 2024
#သိန်း(၅၀၀၀)ဆု #အမျိုးသမီးကြီးဆွတ်ခူး
#tthl #Yangon_Times
#Local_New
Published 1 February 2024
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အတွင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ တည်ဆောက်လျက်ရှိသည့် ရေဂါလန် (၂) သိန်းဆံ့ မြေအောက်ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံကိုလာမည့်သင်္ကြန်ပွဲတော် တွင် အသုံးပြုနိုင်ရန်အတွက် အချိန်မီတည်ဆောက်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံက သိရသည်။
အဆိုပါ ရေဂါလံ (၂) သိန်းဆံ့ မြေအောက်ရေလှောင်ကန်သည် အလျား ၈၀ပေ၊ အနံ ၄၀ပေ၊ အနက် ၁၁ပေရှိ၍ ရေတွန်းစက်ရုံသည် အလျား ၄၀ပေ၊ အနံ ၁၈ပေရှိပြီး 30 HP (22kW) စက် (၄) လုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရေလှောင်ကန်အတွင်းသို့ မြေအောက်ရေရယူ၍ ဖြည့်သွင်းသိုလှောင်မည် ဖြစ်ပြီး အများပြည်သူ ပွဲလမ်းသဘင်အခမ်းအနားများတွင် အသုံးပြုခြင်းအပြင် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်မည်ဖြစ်ရာ မကြာမီကျရောက်မည့် မြန်မာ့ရိုးရာမဟာသင်္ကြန် ရေသဘင်ပွဲတော်အတွက်ပါ အသုံးပြုနိုင်ရေး အချိန်မီတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။
#YMG/LW #Yangon Time
#Local_New
Published 1 February2024
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့်အလုပ်သမား ၃၆,၀၀၀ ကျော်စေလွှတ်ထားကြောင်းအလုပ်သမားဝန်ကြီးဌာနမှသိရသည်။
ဇန်နဝါရီ ၃၁ ရက်နေ့က မြန်မာပြည်ပအလုပ်အကိုင်လုပ်ငန်းရှင်များအသင်း(MOEAA)မှအမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း၌ ထိုင်းနိုင်ငံသို့MOUစနစ်ဖြင့် အလုပ်သမား ၃၆၄၂၂ယောက်စေလွှတ်ခဲ့ပြီး ပြည်ပအလုပ်အကိုင်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်မှပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကဲ့သို့စေလွတ်ရန်အလုပ်ခေါ်စာများကို အွန်လိုင်းစနစ်ဖြင့်လက်ခံဆောင်ရွက်ပေးနေခြင်းဖြစ်ကာ ဇန်နဝါရီလအတွင်းက အလုပ်ခေါ်စာ အစောင်ရေ ၁၁၂၆ စောင်ရှိခဲ့ရာတွင်အလုပ်သမား ၃၆၄၂၂ယောက်ကိုပြည်ပအလုပ်အကိုင် ရရှိရန်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ထို့အပြင် ထိုင်းနိုင်ငံကိုသွားရောက်မည့် MoU အလုပ်သမားများအဆင်ပြေစေရန် ရန်ကုန်-ဒွန်မောင်း လေကြောင်း ခရီးဖြင့်စေလွှတ်ခွင့်ပြုရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်ဟုသိရသည်။
ပြည်ပနိုင်ငံပေါင်း ၉၄ နိုင်ငံတွင် မြန်မာနိုင်ငံမှ လုပ်သား ၁၇ သိန်းကျော် သွားရောက်လုပ်ကိုင်နေကြကြောင်း အလုပ်သမားဝန်ကြီးဌာနမှသိရသည်။
မြန်မာနိုင်ငံမှ တဆင့်ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွတ်မှုတွင် ထိုင်းနိုင်ငံသို့ အများဆုံးစေလွတ်ထားပြီး
မလေးရှားနိုင်ငံသို့ဒုတိယအများဆုံးစေလွတ်ထားခြင်းဖြစ်ကြောင်းသိရသည်။
#YMG/NN #Yangon-Times
#Local_New
Published 1 February 2024
ဧရာဝတီတိုင်းဒေကြီးမှထွက်ရှိသည့် နေလှန်းဆားများကို ရန်ကုန်နှင့်မန္တလေးတိုင်းသို့ အဓိက တင်ပို့ရောင်းချနေကြောင်းဆားထုတ်လုပ်သူများထံမှသိရသည်။
အဆိုပါဒေသ၌တစ်နှစ်လျှင် ဆားတန်ချိန် တစ်သိန်းကျော်ထွက်ရှိလေ့ရှိပြီး နှစ်နှစ်ဆက်တိုက်အထွက်နှုန်းကောင်းမွန်နေပြီးလက်ရှိတွင်လည်းဈေးကောင်းရနေကြောင်းသိရသည်။
' ဒီကထွက်တဲ့ဆားကြမ်းတွေကိုရန်ကုန်တိုင်းနဲ့မန္တလေးတိုင်းကိုအဓိကတင်ပို့နေတယ်၊ဆားအထွက်ကမနှစ်ကလည်းများတယ်၊ဒီနှစ်လည်းများဦးမယ်လို့မျှော်လင့်နေပါတယ်၊ ရာသီက ဆားထုတ်တာကြိုက်တဲ့ရာသီမလို့လေ၊ ဈေးလည်းကောင်းပါတယ် ' ဟု ဧရာဝတီတိုင်းမှဆားတောင်သူတစ်ဦးက ပြောသည်။
လတ်တလောတွင် ဆားချောတစ်ပိဿာ ကျပ် ၂၈၀ အထိဈေးနှုန်းရှိပြီးတစ်ပိသာလျှင်ကျပ်၅၀အထိ မြင့်တက်လာခဲ့ပြီးဆားကြမ်းတစ်ပိသာလျှင် ၁၇၀ကျပ်အထိဈေးနှုန်းရှိနေကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၁-၂၀၂၂ ဆားရာသီ၌ မိုးရွာသွန်းမှုတွေကြောင့် တန်ချိန် တစ်သိန်းခန့်သာ ထွက်ရှိခဲ့ပြီး၂၀၂၂-၂၀၂၃ ဆားရာသီမှာ ရာသီဥတုကောင်းမွန်မှုကြောင့် တန်ချိန် ၁၄၂၀၀၀ အထိ ထွက်ရှိခဲ့ကာယခုနှစ်တွင် လည်းအယ်နီညိုရာသီဥတုကြောင့်အထွက်နှုန်းဆက်လက်ကောင်းနိုင်ကြောင်းသိရသည်။
#YMG/NN #Yangon-Times
#Local_New
Published 1 February 2024
ရန်ကုန်တိုင်းဒေသကြီး သီရီမင်္ဂလာကမ္ဘာအေးစေတီတော်၏ ၇၂ နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ကို ငါးရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပမည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံက သိရသည်။
ဖေဖေါ်ဝါရီလ ၂၁ရက် မှ ၂၅ ရက် အထိ ငါးရက်ကြာကျင်းပမည်ဖြစ်ကာ ထမနဲဆွမ်းအလှူ၊ဆွမ်းတော်ကြီးအလှူ၊ဆွမ်းဆန်စိမ်းအလှူနှင့်ဗုဒ္ဓပူဇာ၊ဓမ္မပူဇာ၊သံဃာ့ပူဇာ အလှူများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖေဖေါ်ဝါရီ ၂၁ရက်မှ ၂၅ ရက်အထိ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်မည်ဖြစ်ကာ
ဖေဖေါ်ဝါရီ ၂၂ရက်နှင့်၂၃ရက် နံနက်ပိုင်း တို့တွင် ထမနဲ ထိုးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သီရီမင်္ဂလာကမ္ဘာအေးစေတီတော်၏ ဗုဒ္ဓပူဇနိယ ပွဲတော်ကို ယခင်ကိုဗစ်မတိုင်ခင်က ပျော်ပွဲရွှင်ပွဲများ ထည့်သွင်း ကျင်းပခဲ့သော်လည်း ယခုနှစ်မှာတော့အခြေနေအရ ပျော်ပွဲ ရွှင်ပွဲများ ထည့်သွင်းခြင်း မပြုလုပ်တော့ကြောင်း သိရသည်။
#YMG/LW #Yangon Time
Page 936 of 2321