#Local_News
Published - 9 July 2022
မြို့ပြများတွင်ငလျင်လှုပ်ခတ်ပါက အထပ်မြင့်တိုက်နေ ပြည်သူများ စိုးရိမ်တကြီး ပြေးဆင်းခြင်းမျိုး မလုပ်သင့်ဘဲ နေအိမ်အဆောက်အဦးအတွင်းအခိုင်ခံ့ဆုံး၊ဘေးအကင်း ဆုံးနေရာတွင်နေထိုင်ကြရမည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲ၊ဒုတိယညွှန်ကြားရေးမှူးဒေါက်တာယဥ်မျိုးမင်းထွေးက YMG ကို ပြောသည်၊၊
ရန်ကုန်ရှိ အထပ်မြင့်တိုက်ခန်းများတွင် နေထိုင်ကြသူများအနေဖြင့် တိုက်ခန်းအတွင်း အခိုင်ခံ့ဆုံး၊ဘေးအကင်းဆုံးနေရာများကို တတ်ကျွမ်းသော အင်ဂျင်နီယာများကို ပြသပြီး ကြိုတင် မှတ်သားထားသင့်သည်ဟု ဆိုသည်၊၊
"ကြိုတင်ပြင်ဆင်မှုအနေနဲ့ဆိုရင်တော့ မိမိနေထိုင်ရာ အိမ်မှာဆိုရင်လည်း ဘယ်နေရာ ကတော့လုံခြုံမှုရှိနိုင်သလဲ၊၊ ငလျင်လှုပ်ခတ်မှုကြောင့်အရာဝတ္ထုတွေ ပြုတ်ကျနိုင်တဲ့ ပြိုကျနိုင်မယ့်နေရာမျိုးတွေကိုရှောင်ရှားရမယ်၊၊ နောက် ခိုင်ခံ့တဲ့နေရာပေါ့နော်၊၊ခိုင်ခံ့တဲ့ နေရာတွေကိုတတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေကိုပြသပြီးကြိုတင်မှတ်သားထားသင့်တယ်၊၊အဲဒီ့နေရာတွေကို ပြသပြီးတော့မှတ်သားထားသင့်တယ်၊၊ မိမိ မိသားစုအတွင်းမှာ ဘယ်နေရာကတော့ ဘေးကင်းတဲ့နေရာ၊ ဘယ်နေရာတွေကတော့ အန္တရာယ်ရှိတဲ့နေရာ စတဲ့အဲဒီနေရာတွေပြသပြီးမှတ်သားထားသင့်တယ်၊၊ အထပ်မြင့်မှာနေတဲ့သူတွေအနေနဲ့ ငလျင်လှုပ်ရင် ရုတ်တရတ်ပြေးဆင်းတာမျိုးတွေမလုပ်သင့်ဘူး၊၊ အခိုင်ခံ့ဆုံးနေရာမှာနေတာ၊စားပွဲအောက်မှာနေတာတွေပြုလုပ်သင့်တယ်"လို့ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဥ်မျိုးမင်းထွေးကပြောသည်၊၊
ငလျင်လှုပ်ခတ်မှုသည် စက္ကန့်ပိုင်းမှ မိနစ်ပိုင်းအတွင်းသာကြာသည့်အတွက် အထပ်မြင့် နေပြည်သူများ လှေကားအိမ်များသို့ ပြေးဆင်းခြင်းမျိုးမပြုသင့်ဘဲ မိမိနေအိမ်၊တိုက်ခန်းများ အတွင်းတွင်သာ အခိုင်ခံ့ဆုံးနေရာ၊ ဘေးအကင်းဆုံးနေရာများ၊အရာဝတ္ထုပစ္စည်း များပြုတ်မကျနိုင်သော နေရာများတွင်နေထိုင်ကြရန် ဒေါက်တာယဥ်မျိုးမင်းထွေးက အကြံပြု ပြောကြားထားကြောင်း သိရသည်၊၊
Photo credit YGH
ymg/tthl
#Yangon_Media_Group
#Local_News
Published _ 9 July 2022
မြန်မာနိုင်ငံမျက်မမြင်များအသင်း အနေဖြင့်အသင်းအနေဖြင့် မဟာဗျူဟာလုပ်ငန်း စီမံချက်များနှင့်အညီ ပြည်တွင်းရှိမျက်မမြင်အမျိုးသမီးများ အတွက် ပံ့ပိုးကူညီခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ အရပ်ဖက်လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများ မိတ်ဖက်အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ မျက်မမြင်များ အသင်းသည် အမြင်အာရုံမသန်စွမ်းသူ အမျိုးသမီးများ အပါအဝင် အမျိုးသမီးများ အားလုံးအတွက် နေချင်စဖွယ်ကောင်း၍ အားလုံးအကျုံးဝင်ပါဝင်နိုင်သည့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာရန် ရည်ရွယ်ထားကြောင်း သိရသည်။
အထူးသဖြင့် အမြင်အာရုံမသန်စွမ်း အမျိုးသမီးများအတွက် လိုအပ်သော ပြန်လည်ထူ ထောင်ရေး လုပ်ငန်းစဉ်များနှင့် ပညာသင်ယူခွင့် သေချာစေရေးအတွက် လည်းကောင်း လူမှုဘဝနယ်ပယ် အသီးသီးတွင် အခြားနိုင်ငံသားများ နည်းတူပါဝင် ဆောင်ရွက်နိုင်ခွင့်များ တိုးမြင့်ရရှိနိုင်ရေးအတွက်လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အသင်း၏ဗဟိုအမှုဆောင်များ၊ ဝန်ထမ်းများနှင့် အသင်းသူ၊ အသင်းသားများမှ ကျရာကဏ္ဍမှ ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 9 July 2022
အင်ဒိုနီးရှားနိုင်ငံမှာ ၁၁ ကြိမ်မြောက် ကျင်းပမဲ့ အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲမှာ သွားရောက်ယှဥ်ပြိုင်မဲ့ မြန်မာအားကစားအဖွဲ့အနေဖြင့် ယခုလ (ဇူလိုင် ၂၅) ရက်မှာ စတင်ထွက်ခွာမယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published - 9 July 2022
လက်သင်္ကေတပြ ဘာသာသင်တန်း Sign Language ကို အွန်လိုင်း zoom ကနေ တစ်ဆင့် သင်ကြားသွားမည်ဖြစ်ပြီး သြဂုတ်လအတွင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မေရီချက်ပ်မင်းနားမကြားသော ကလေးများကျောင်းမှ သိရသည်၊၊
နားမကြားသောကလေးငယ်များ၏ မိဘဆွေမျိုးများ ကလေးငယ်နှင့် ဆက်သွယ်ပြောဆိုနိုင်ရန် နှင့် နားမကြားသောသူများကို ပညာသင်ကြားပေးလိုသူများ အနေဖြင့် လက်သင်္ကေတပြ ဘာသာစကားသင်တန်း Sign Languageကို အွန်လိုင်းမှတစ်ဆင့် တက်ရောက်နိုင်မည်ဖြစ်သည်၊၊
ယခုဖွင့်လှစ်မည့် သင်တန်း Sign Language batch - V ကို Zoomဖြင့် လူ(၅၀) လက်ခံသွား မည်ဖြစ်ပြီး သြဂုတ်လ ၆/၇/၁၃/၁၄/၂၀/၂၁/၂၇/၂၈ ရက်နှင့် စက်တင်ဘာလ၃/၄ ရက် အထိ ညစဥ် ၇နာရီမှ ၉နာရီအထိ စုစုပေါင်းနာရီ(၂၀)စာ ဖွင့်လှစ်သွားမည်ဖြစ်သည်၊၊
အသေးစိတ်ကို Mary Chapman School for the Deaf Facebook page တွင် မေးမြန်း စုံစမ်းနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#Local_News
Published - 9 July 2022
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ အများပြည်သူအတွက် ဝါတွင်းသီလခံယူပွဲတွေနဲ့ သာသနာဆိုင်ရာ အခမ်းအနားတွေ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဘဏာတော်ထိန်းဂေါပကအဖွဲ့ဝင်ဦးဘိုးသင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#DailyNews
Published - 9 July 2022
၁။ ရွှေတိဂုံစေတီတော်တွင် ဝါတွင်းသီလခံယူပွဲနှင့် သာသနာဆိုင်ရာအခမ်းအနားများကျင်းပမည်၊
၂။အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ သွားရောက်ယှဥ်ပြိုင်မည့် မြန်မာအသင်း ဇူလိုင် ၂၅ တွင်ထွက်ခွာမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ မျိုးသုဉ်းပျောက်ကွယ်တော့မည့်ရှားပါးကြံ့အကြောင်း အင်ဒိုနီးရှားတစ်ဦးက ရုပ်သေးရုပ်များဖြင့်ပညာပေးပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 9 July 2022
ဇွန် (၃၀) ရက်မှ ဇူလိုင် (၉) ရက်အထိ ၁၀ ရက်အတွင်း မြန်မာနိုင်ငံ ပြည်တွင်းနဲ့ ပတ်ဝန်းကျင်နေရာများကို ဗဟိုပြု၍ ငလျင် (၁၉) ကြိမ်အထိ လှုပ်ရှားခဲ့ကြောင်း မိုး/ဇလရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။
ဇူလိုင် (၉) ရက်တွင် Andaman Islands, India Region ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အားအသင့် အတင့်ရှိသော မြေငလျင် လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၈)ရက်တွင် ဖြူးမြို့၏တောင်-အရှေ့တောင်ဘက်(၁၈)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ် (ခ်) တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်၊ ညောင်ဦးမြို့၏ အနောက်-အနောက်တောင်ဘက် (၉)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၆) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှားခဲ့ပါတယ်။
ဇူလိုင်(၇)ရက်တွင် ဂွမြို့၏ မြောက်-အရှေ့မြောက်ဘက်(၉)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃.၅) အဆင့် ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်၊ နမ့်စန်မြို့၏ အရှေ့-အရှေ့မြောက်ဘက် (၆)မိုင် ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်၊ လင်းခေးမြို့၏ အနောက်ဘက် (၁၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှာခဲ့ပါတယ်။
ဇူလိုင် (၆) ရက်တွင် နမ့်စန်မြို့၏ မြောက်ဘက် (၅)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး (၃.၇)အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်၊ Andaman Islands, India Region ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၅) ရက်နေ့တွင် သရက်မြို့၏ တောင်-အရှေ့တောင်ဘက် (၁၁) မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်၊ လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် (၁)မိုင် ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၃.၀) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်၊ Andaman Islands, India Region ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၄)ရက်တွင် Andaman Islands, India Region ကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်၊ Andaman Islands, India Region ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော မြေငလျင်၊ Andaman Islands, India Region ကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တို့ လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၃)ရက်တွင် အောင်လံမြို့၏ အနောက်မြောက်ဘက် မိုင်(၂၀) ခန့်အကွာ ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင်(၂) ရက်တွင် မိုင်းလားမြို့၏ အနောက်မြောက်ဘက် (၁၀)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။
ဇူလိုင် (၁)ရက်တွင် ကျိုင်းတုံမြို့၏ အရှေ့-အရှေ့တောင်ဘက် (၉)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့ပါတယ်။
ဇွန်(၃၀) ရက်တွင် မိုင်းဖြတ်မြို့၏ မြောက်ဘက် မိုင် (၂၀) ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၄)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်၊ ကလေးမြို့၏ အရှေ့မြောက်ဘက် (၁၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်) တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တို့ လှုပ်ရှားသွားခဲ့ပါတယ်။
ymg-mnn
#Yangon_Media_Group
Page 2045 of 2359